
အမ်မန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဂျော်ဒန်ကြက်ခြေနီအသင်းက ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်တန်းကို စက်တင်ဘာ ၇ ရက်တွင် စေလွှတ်လိုက်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါယာဉ်တန်းသည် ဂျော်ဒန်နိုင်ငံ အမ်မန်မြို့မှ ထွက်ခွာလာပြီး အီဂျစ်နိုင်ငံရှိ ဆိပ်ကမ်းများနှင့် နယ်စပ်ဖြတ်ကျော်ဂိတ်များမှတစ်ဆင့် ဂါဇာဒေသသို့ ဦးတည်သွားရောက်လျက်ရှိကြောင်း ဂျော်ဒန်ကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါယာဉ်တန်းသည် ပါလက်စတိုင်းပြည်သူများအတွက် ဂျော်ဒန်နိုင်ငံ၏ဆက်လက်ပံ့ပိုးကူညီမှုနှင့် ဂါဇာဒေသသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ရန် ၎င်း၏ကတိကဝတ်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ဂျော်ဒန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ မိုဟာမက်ဟာဒစ်က ပြောကြားခဲ့သည်။
၎င်းက ယာဉ်တန်း၏လုပ်ငန်းစဉ်များအဆင်ပြေစေရန် ကူညီပေးခဲ့သည့် ဂျော်ဒန်အစိုးရနှင့် ဂါဇာဒေသသို့ အကူအညီများပေးပို့ရာတွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် အီဂျစ်အာဏာပိုင်များနှင့် အီဂျစ်ကြက်ခြေနီအသင်း တို့ကိုလည်းကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ (Xinhua)
…………….
(English Version)
Jordan sends humanitarian aid convoy to Gaza
AMMAN, Sept. 7 (Xinhua) -- The Jordanian Red Crescent said Monday it has sent a humanitarian aid convoy to the Gaza Strip.
The convoy departed from Amman and is heading to Gaza via Egyptian ports and crossings, the Jordanian Red Crescent said in a statement.
Mohammad Hadid, president of the Jordanian Red Crescent Society, said the convoy reflects Jordan's continued support for the Palestinian people and its commitment to delivering humanitarian aid to Gaza.
He also commended the Jordanian government for facilitating the convoy's procedures, and the Egyptian authorities and Red Crescent for their cooperation in delivering aid to Gaza.
Photo caption: Trucks carrying aid supplies are seen in Deir al-Balah, central Gaza Strip, on Oct. 16, 2025. (Photo by Rizek Abdeljawad/Xinhua)








