ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ Maracana ကွင်းတွင် ၂၀၂၆ ဘရာဇီးစီးရီးအေ ဘောလုံးပြိုင်ပွဲ ၂၀ ကြိမ်မြောက်ပွဲစဉ်အဖြစ် ဖလာမင်ဂိုအသင်းနှင့်ဆော်ပေါ်လိုအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် ဖလာမင်ဂိုအသင်းမှ ဆမ်မြူယယ်လီနို (ဘယ်) ဘောလုံးခုန်၍ခေါင်းတိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ Maracana ကွင်းတွင် ၂၀၂၆ ဘရာဇီးစီးရီးအေ ဘောလုံးပြိုင်ပွဲ ၂၀ ကြိမ်မြောက်ပွဲစဉ်အဖြစ် ဖလာမင်ဂိုအသင်းနှင့်ဆော်ပေါ်လိုအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် ဖလာမင်ဂိုအသင်းမှ ဆမ်မြူယယ်လီနို (ဘယ်) ဘောလုံးခုန်၍ခေါင်းတိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အက်သလက်တီကိုမက်ဒရစ်အသင်းယခင်တောင်ပံကစားသမား ဆင်မြူရယ်လီနို၏ ဒုတိယပိုင်းသွင်းဂိုးဖြင့် ဖလာမင်ဂိုအသင်းသည် စက်တင်ဘာ ၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဘရာဇီးစီးရီးအေပွဲစဉ်တွင် ရီမိုအသင်းအား အဝေးကွင်း၌ ၁-၀ ဖြင့် အနိုင်ရရှိကာ ဘရာဇီးစီးရီးအေ အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်ရောက်နိုင်ခဲ့သည်။

ပွဲချိန် ၆၅ မိနစ်တွင် လီနို သည် Giorgian de Arrascaeta နှင့် အချိတ်အဆက်ပြုလုပ်မှုတွင် ဘောလုံးကို ခြေဖျားဖြင့် ထိုးကန်ကာ ဂိုးပေါက်အဝေးထောင့်သို့ သွင်းယူပြီး ဂိုးမရှိသရေကျနေမှုကို ဖြိုခွဲနိုင်ခဲ့သည်။

Edson Fernando က ဒိုင်လူကြီးကို မကျေနပ်ကြောင်း ပြင်းပြင်းထန်ထန်ပြောဆိုကန့်ကွက်ခဲ့ရာတွင် တိုက်ရိုက်အနီကတ်ပြအထုတ်ခံခဲ့ရပြီးနောက် အိမ်ရှင်အသင်းသည် ကစားသမား ၁၀ ဦးဖြင့်သာ ကစားခဲ့ရသည်။

ယခုပွဲရလဒ်ကြောင့် ဖလာမင်ဂိုအသင်းသည်  ၂၆ ပွဲကစားပြီး ၅၄ မှတ် ရရှိထားကာ လိဂ်ပွဲစဉ် ၁၂ ပွဲ ကစားရန် ကျန်ရှိနေသေးသည့် ဒုတိယနေရာမှပါလ်မီးရက်စ်အသင်းကို ၁ မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။ ရီမိုအသင်းမှာမူ အသင်း ၂၀ ပါဝင်သည့် အမှတ်ပေးဇယားတွင် ၂၃ မှတ်ဖြင့် အဆင့် ၁၉ နေရာ၌ ရောက်ရှိနေပြီး တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ၆ မှတ် လိုအပ်နေကြောင်းသိရသည်။

“အပူချိန်နဲ့မိုးရွာနေတဲ့အခြေအနေနဲ့ ကွင်းအနေအထားလည်းခက်ခဲတဲ့ အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်ကူခဲ့ပါဘူး၊ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်စိတ်ဓာတ်နဲ့အားမာန်အပြည့်ကစားခဲ့ကြပါတယ်၊ အားလုံး စည်းလုံးညီညွတ်ခဲ့ကြလို့ ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့တာပါ၊ ဂိုးသွင်းယူပြီး အသင်းကိုကူညီပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်” ဟု လီနိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၆ ရက် က ယှဉ်ပြိုင်ခဲ့သည့် ဘရာဇီးစီးရီးအေ အခြားပွဲစဉ်များတွင် Chapecoense အသင်းက ကိုရင်သီယန်စ်အသင်းကို အဝေးကွင်းတွင် ၂-၁ ဖြင့် အနိုင်ရခဲ့ပြီး ဘိုတာဖိုဂိုအသင်းနှင့် ပါလ်မီးရက်စ်အသင်းတို့ ဘိုတာဖိုဂိုအိမ်ကွင်းတွင် ၀-၀ ဖြင့် သရေကျခဲ့သည်။ ဆန်းတို့စ်အသင်းက အင်တာနာစီယွန်နယ်အသင်းကို အဝေးကွင်းတွင် ၃-၂ ဖြင့် အနိုင်ရခဲ့ပြီး ခရူဇီယိုအသင်းက အိမ်ကွင်းတွင် Athletico Paranaense အသင်းကို ၃-၁ ဖြင့်အနိုင်ရကာ မီရာဆောလ်အသင်းကလည်း Coritiba အသင်း၏အိမ်ကွင်းတွင် ၂-၁ ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Flamengo beats Remo, goes top of Brazil's Serie A

RIO DE JANEIRO, Sept. 6 (Xinhua) -- Former Atletico Madrid winger Samuel Lino scored in the second half as Flamengo rose to the top of Brazil's Serie A on Sunday with a 1-0 away win over Remo.

Lino broke the deadlock in the 65th minute by combining with Giorgian de Arrascaeta and toe-poking a shot into the far corner.

The hosts finished the match with 10 men after Edson Fernando was shown a straight red card for remonstrating with the referee.

The result leaves Flamengo with 54 points from 26 games, a point ahead of second-placed Palmeiras with 12 matchdays remaining. Remo is 19th in the 20-team standings with 23 points, six points from the safety zone.

"It was a tough win away from home on a difficult pitch in the heat and the rain," Lino said after the match.

"But we played like warriors today. We were united as a group and that made the difference. I'm glad to have been able to help the team by scoring."

Elsewhere in Brazil's Serie A on Sunday, Chapecoense won 2-1 at Corinthians, Botafogo drew 0-0 at home to Palmeiras, Santos edged to a 3-2 win at Internacional, Cruzeiro won 3-1 at home to Athletico Paranaense, and Mirassol prevailed 2-1 at Coritiba.

Photo caption: Samuel Lino (L) of Flamengo jumps for a header during the 2026 Brazilian Serie A 20th round match between Flamengo and Sao Paulo at the Maracana Stadium in Rio de Janeiro, Brazil, July 26, 2026. (Photo by Daniel Ramalho/Xinhua)