အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်စီးနင်းရန် စောင့်ဆိုင်းနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်စီးနင်းရန် စောင့်ဆိုင်းနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Anak Krakataur မီးတောင်ပေါက်ကွဲမှု၏ သက်ရောက်မှုကြောင့် ဂျကာတာမြို့၏ ပင်မလေဆိပ်ဖြစ်သော Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် လေဆိပ် ၄ ခုမှာ ပိတ်ထားသည့် အနေအထားတွင် ဆက်လက်ရှိနေပြီး ပိတ်ထားသည့်အချိန်ကို စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီအထိ သက်တမ်းတိုးထားကြောင်း အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ သတင်းအရ သိရသည်။

ထိုမတိုင်မီ အင်ဒိုနီးရှားနိုင်ငံက လေဆိပ် ၈ ခုကိုလည်း ပိတ်ထားခဲ့ရသည်။ ခရီးသွားဧည့်သည်များ သွားလာမှုကို အာမခံပေးရန်အတွက် အစိုးရအနေဖြင့် အစားထိုးလေဆိပ် ၅ ခုကို စတင်အသုံးပြုနေပြီး ၂၄ နာရီ လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ သက်ရောက်မှုခံရသည့် ခရီးသွားဧည့်သည် ၁၇၀,၀၀၀ ခန့်ရှိပြီး ရာသီဥတုအခြေအနေ ဆက်တိုက်ဆိုးရွားနေမှုကြောင့် လေဆိပ်အား မည်သည့်အချိန်တွင် ဘက်စုံပြန်လည် လည်ပတ်အသုံးပြုနိုင်မည်နည်းကို အတည်မပြုနိုင်သေးကြောင်း အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဘူမိဗေဒဌာန၏ သတင်းအရ Anak Krakataur မီးတောင်သည် စက်တင်ဘာ ၄ ရက်မှစ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၅ ရက်တွင် လှုပ်ရှားမှုပြင်းထန်လာသည့် အနေအထားရှိပြီး စက်တင်ဘာ ၆ ရက် ၃ နာရီ ၅၃ မိနစ်တွင် အတန်အသင့်ပြင်းထန်သော ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ မီးတောင်နှင့် ဘူမိဗေဒ သဘာဝဘေးအန္တရာယ်လျှော့ချရေးစင်တာက Anak Krakataur မီးတောင် ပေါက်ကွဲမှုကြောင့် ပေါ်ထွက်လာသော မီးတောင်ပြာများသည် ဂျကာတာမြို့ ဒေသအချို့နှင့် ဆူမားတြားကျွန်း တောင်ပိုင်းအထိ ပျံ့နှံသွားပြီဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။

Anak Krakataur မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်းအကြား Sunda ရေလက်ကြားတွင် တည်ရှိပြီး မီးတောင်ရှင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် Anak Krakataur မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး လူ ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ Lampung ပြည်နယ်တွင် ဆေးရုံကားပေါ်မှ မီးတောင်ပြာများအား ရှင်းလင်းနေသူကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ Lampung ပြည်နယ်တွင် ဆေးရုံကားပေါ်မှ မီးတောင်ပြာများအား ရှင်းလင်းနေသူကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

印尼4座机场因火山喷发持续关闭

新华社雅加达9月7日电(记者高竹)据印度尼西亚交通部7日消息,受喀拉喀托之子火山喷发影响,雅加达主要机场苏加诺-哈达国际机场等4座机场仍处于关闭状态,关闭时间延长至当天18时。  

此前,印尼一度关闭8座机场。政府已启用5座替代机场并24小时运行,以保障旅客出行。印尼交通部表示,受影响旅客约17万人。由于天气状况持续变化,尚无法确定机场何时能够全面恢复运行。  

据印尼地质部门消息,喀拉喀托之子火山自4日起喷发,5日出现活动增强迹象,并于6日3时53分发生一次较强喷发。印尼火山和地质减灾中心6日说,喀拉喀托之子火山喷发产生的火山灰已扩散至雅加达部分地区以及苏门答腊岛南部。  

喀拉喀托之子火山位于印尼爪哇岛和苏门答腊岛之间的巽他海峡中,是活火山。2018年,喀拉喀托之子火山喷发并引发海啸,造成逾400人死亡。(完)

图说1:9月6日,乘客在印度尼西亚雅加达苏加诺-哈达国际机场内等候乘机。新华社发(阿贡·昆卡亚摄)

图说2:9月6日,在印度尼西亚楠榜省,一名男子清理救护车上的火山灰。华社发(伊曼摄)