
ကိုလံဘို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံတွင် အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ဆက်စပ်နေသည့် လက်တလောမိုးခေါင်ရေရှားမှုရာသီဥတုအခြေအနေများကြောင့် နိုင်ငံအတွင်းရှိ ခရိုင်ခုနှစ်ခုမှ လူပေါင်း ၁၁၅,၀၀၀ ကျော် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရကြောင်း သီရိလင်္ကာ အမျိုးသားသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဝန်ဆောင်မှုစင်တာ၏ စက်တင်ဘာ ၅ ရက်က ပြောကြားမှုအရ သိရသည်။
မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရသူ စုစုပေါင်း ၁၁၅,၅၃၄ ဦးရှိကာ အာဏာပိုင်များက မိသားစုပေါင်း ၃၄,၆၀၈ စုမှ လူဦးရေ ၁၁၃,၃၅၄ ဦးအတွက် သောက်သုံးရေ ပံ့ပိုးပေးလျက်ရှိကြောင်း အဆိုပါစင်တာက ပြောကြားခဲ့သည်။
မိုနာရာဂါလာခရိုင်မှာ မိုးခေါင်ရေရှားမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် ခရိုင်ဖြစ်ပြီး မိသားစုပေါင်း ၁၂,၇၃၂ စုမှ လူဦးရေ ၄၁,၃၆၀ ဦး ထိခိုက်ခံစားနေရကြောင်းသိရသည်။ အာဏာပိုင်များက ဘက်တီကာလိုအာခရိုင်မှ လူဦးရေ ၃၃,၃၉၄ ဦး၊ ဘာဒူလာခရိုင်မှ လူဦးရေ၂၀,၄၁၈ ဦးနှင့် အမ်ပါရာခရိုင်မှ လူဦးရေ ၁၁,၉၉၅ ဦးအတွက်လည်း သောက်သုံးရေ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ထိခိုက်ခံစားနေရသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သောက်သုံးရေဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ (Xinhua)
-----------------------------
(English version)
Dry weather affects over 115,000 people in Sri Lanka
COLOMBO, Sept. 5 (Xinhua)
More than 115,000 people in seven districts of Sri Lanka have been affected by prevailing dry weather conditions linked to the El Nino weather pattern, the National Disaster Relief Services Center said Saturday.
The center said 115,534 people have been affected, while authorities are supplying drinking water to 113,354 people from 34,608 families.
Monaragala is the worst-affected district, with 41,360 people from 12,732 families. Authorities are also supplying drinking water to 33,394 people in Batticaloa, 20,418 in Badulla and 11,995 in Ampara.
Disaster management authorities said relief operations and drinking water distribution would continue in affected areas. ■
Photo caption: People take a train after work in Colombo, Sri Lanka, April 6, 2019. (Xinhua/Guo Lei)








