
နောက်ဆုံးအမေရိကန် တိုက်ခိုက်မှုအတွင်း အီရန်စစ်တပ် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး
စက်တင်ဘာ ၁ ရက် ညပိုင်းက အီရန်ကို အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်၏ ရေတပ်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း အစိုးရတစ်စိတ်တစ်ပိုင်းပိုင် Mehr သတင်းဌာနက စက်တင်ဘာ ၃ ရက်၌ သတင်းဖော်ပြခဲ့သည်။
အဆိုပါအစီရင်ခံစာအရ သေဆုံးသူများအနက် လေယာဉ်မှူး သုံးဦးပါဝင်ပြီး ၎င်းတို့မှာ Mojtaba Baqeri ၊ Hamed Okati နှင့် Hossein Mahdavian တို့ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
ဩဂုတ် ၃၀ မှ စက်တင်ဘာ ၂ ရက်အတွင်း အမေရိကန်၏ တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံးပြီး ၁၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေးအကြီးအကဲ Hossein Kermanpour က စက်တင်ဘာ ၃ ရက်၌ လူမှုမီဒီယာ X ပေါ်တွင် ပို့စ်တင်ရေးသားခဲ့သည်။
ဘယ်လ်ဂျီယမ်တွင် နွေရာသီအပူလှိုင်းများကြောင့် သေဆုံးသူ ၃,၀၀၀ နီးပါးရှိဟု မှတ်တမ်းတင်
ဘယ်လ်ဂျီယမ်နိုင်ငံတွင် ယခုနွေရာသီ အပူချိန်မြင့်မားသည့် ကာလ သုံးခုအတွင်း ပုံမှန်ထက်သေဆုံးသူ ၃,၀၀၀ နီးပါးရှိသည်ဟု မှတ်တမ်းတင်ခဲ့ကြောင်း အမျိုးသားပြည်သူ့ကျန်းမာရေးဌာန Sciensano မှ စက်တင်ဘာ ၃ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဇွန် ၁၈ ရက်မှ ဇူလိုင် ၃ ရက်အထိ ပထမအကြိမ် အပူလှိုင်းကာလအတွင်း သေဆုံးသူ ၂,၀၃၅ ဦး၊ သေဆုံးနှုန်း ၄၈.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇူလိုင် ၄ ရက်မှ ၁၇ ရက်အထိ ဒုတိယအကြိမ် အပူလှိုင်းကာလတွင်မူ ပုံမှန်ထက် သေဆုံးသူ ၅၃၅ ဦး၊ ၁၄.၈ ရာခိုင်နှုန်း မြင့်တက်လာကာ ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၁၆ ရက်အထိ တတိယအကြိမ် အပူရှိန်လွန်ကဲသည့်ကာလ၌ သေဆုံးသူ ၃၆၅ ဦး၊ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီဖြစ်ကြောင်း Sciensano ၏ Belgian Mortality Monitoring (Be-MOMO) စနစ်မှ အချက်အလက်များ၌ ဖော်ပြထားသည်။
ကွန်ဂိုနိုင်ငံ (DRC) အီဘိုလာဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဟု ကြေညာရန် စောလွန်းသေးဟု အာဖရိက CDC ပြော
အာဖရိက ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာန (Africa CDC) က ကွန်ဂိုနိုင်ငံ (DRC) တွင် အီဘိုလာဖြစ်ပွားမှုမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တည်ငြိမ်မှုလက္ခဏာများ ပြသနေသော်လည်း ထိန်းချုပ်နိုင်ပြီဟု ပြောဆိုရန်မှာမူ စောလွန်းသေးကြောင်း စက်တင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွားမှုတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဆိုတာ ပြောဖို့ စောလွန်းပါသေးတယ်" ဟု Africa CDC တာဝန်ရှိသူ Wessam Mankoula က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ရောဂါဖြစ်ပွားမှုမှာ "ဆက်လက်ဖြစ်ပေါ်နေဆဲ" ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ယူအေအီးနှင့် ကူဝိတ်ရှိ အမေရိကန် အခြေစိုက်စခန်းများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ဟု အီရန်စစ်တပ် ပြောကြား
အီရန်စစ်တပ်က ၎င်း၏တပ်ဖွဲ့များသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ယနေ့အစောပိုင်းက ဒုံးကျည်များ၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် မကြာသေးမီက အမေရိကန်က အီရန်ကို တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သော အီရန်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် အရပ်သားများအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့သည်ဟု ၎င်းတို့ဝက်ဘ်ဆိုက်ပေါ် ထုတ်ပြန်ချက်၌ ပြောခဲ့သည်။
စပိန်နိုင်ငံ ကနေရီကျွန်းစုတွင် လှေတွေ့ရှိပြီးနောက် ရွှေ့ပြောင်းဒုက္ခသည် ၈၀ ကျော် သေဆုံးဖွယ်ရှိဟု ယူဆ
ဂမ်ဘီယာနိုင်ငံမှ လူ ၁၂၈ ဦး လိုက်ပါသော လှေတစ်စင်းကို စပိန်နိုင်ငံ ကနေရီကျွန်းစု တောင်ဘက်တွင် ပင်လယ်ပြင်ပေါ် သီတင်းပတ် လေးပတ်နီးပါး မျောပါနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၈၀ ကျော် သေဆုံးနိုင်ဖွယ်ရှိဟု ယူဆထားကြောင်း စပိန်သတင်းဌာန EFE က စက်တင်ဘာ ၃ ရက်၌ သတင်းဖော်ပြခဲ့သည်။
အဆိုပါလှေကို စပိန်ရေကြောင်းကယ်ဆယ်ရေးလေယာဉ်က စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ဂရန်ကနေရီရာကျွန်း တောင်ဘက် ကီလိုမီတာ ၁၂၀ ခန့်အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Guardamar Urania ကယ်ဆယ်ရေးသင်္ဘောက သန်းခေါင်ယံခန့်တွင် လှေအနီးရောက်ရှိခဲ့ပြီး အသက်ရှင်ကျန်သူ ၄၅ ဦးနှင့် အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………..
(English Version)
Daily World Briefing, Sept. 4
6 Iranian army members killed in latest U.S. attacks -- media
Six members of the Iranian Army's naval forces were killed in the U.S. strikes against Iran on Tuesday night, the semi-official Mehr news agency reported on Thursday.
The report said the victims included three pilots, identifying them as Mojtaba Baqeri, Hamed Okati and Hossein Mahdavian.
In a Thursday post on X, Hossein Kermanpour, head of the Iranian Health Ministry's public relations, said 18 people were killed and 142 others injured in the U.S. attack against Iran between Aug. 30 and Sept. 2.
Belgium records nearly 3,000 deaths due to summer heatwaves
Belgium recorded nearly 3,000 excess deaths during three periods of high temperatures this summer, according to data released Thursday by the national public health institute, Sciensano.
Data from Sciensano's Belgian Mortality Monitoring (Be-MOMO) system showed that 2,035 deaths were recorded during the first heatwave from June 18 to July 3, representing an increase in mortality of 48.8 percent. The second heatwave, from July 4 to 17, saw 535 excess deaths, a 14.8 percent increase, while the third period of intense heat, from July 28 to Aug. 16, saw a 7 percent spike in mortality, or 365 deaths.
Africa CDC says too early to declare DR Congo Ebola outbreak under control
The Africa Centers for Disease Control and Prevention (Africa CDC) said Thursday it remains too early to say that the Ebola outbreak in the Democratic Republic of the Congo (DRC) is under control, despite signs of stabilization in recent weeks.
"We're still early to say that we're controlling the whole outbreak," Africa CDC official Wessam Mankoula told an online press briefing, noting that the outbreak "is still evolving."
Iran's Army says struck U.S. bases in UAE, Kuwait with drones, missiles
Iran's Army said Thursday that its forces have struck U.S. military bases in the United Arab Emirates (UAE) and Kuwait with missiles and kamikaze drones earlier in the day.
In a statement on its website, the army said the strikes were in revenge for the Iranian military personnel and civilians killed in recent U.S. attacks against Iran.
Over 80 migrants feared dead after boat found off Spain's Canary Islands
More than 80 migrants are feared dead after a boat from The Gambia with 128 people aboard was found drifting south of Spain's Canary Islands following nearly four weeks at sea, Spanish news agency EFE reported Thursday.
The boat was spotted by a Spanish Maritime Rescue aircraft on Wednesday afternoon about 120 km south of Gran Canaria. The rescue vessel Guardamar Urania reached the boat around midnight and found 45 survivors and five bodies on board.








