
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၄ ရက်သည် အီတလီနိုင်ငံ ဝန်ကြီးချုပ် မယ်လိုနီ ဆက်တိုက်တာဝန်ယူအုပ်ချုပ်သည့် ၁,၄၁၃ ရက်မြောက်ဖြစ်ရာ ၎င်းသည် ယင်းကြောင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် အီတလီနိုင်ငံတွင် ဆက်တိုက်အာဏာယူအုပ်ချုပ်မှု ကာလအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ထိုမတိုင်မီက ဒုတိယကမ္ဘာစစ်အလွန် အီတလီနိုင်ငံ၌ ဆက်တိုက်တာဝန်ယူအုပ်ချုပ်မှု အကြာဆုံးကာလမှတ်တမ်းကို ကွယ်လွန်သွားပြီဖြစ်သော ဝန်ကြီးချုပ်ဟောင်း ဆေးလ်ဗီးယိုး ဘာလူစကိုနီက ၁,၄၁၂ ရက်ဖြင့် ထိန်းထားခြင်း ဖြစ်သည်။ ဆေးလ်ဗီးယိုး ဘာလူစကိုနီ၏ ဆက်တိုက်အာဏာယူအုပ်ချုပ်မှုသက်တမ်းကာလကို မယ်လိုနီက ကျော်တက်သွားပြီဖြစ်သော်လည်း ၎င်းသည် ဒုတိယကမ္ဘာစစ်အလွန် အီတလီနိုင်ငံ၌ တာဝန်ထမ်းဆောင်မှု အချိန်အကြာဆုံး ဝန်ကြီးချုပ် ဖြစ်နေဆဲဖြစ်သည်။ စာရင်းကောက်ယူမှုများအရ ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဆေးလ်ဗီးယိုး ဘာလူစကိုနီသည် လေးကြိမ်အုပ်ချုပ်ခဲ့ပြီး စုစုပေါင်းကြာချိန်မှာ ၉ နှစ်ခန့်ဖြစ်သည်။
မယ်လိုနီသည် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အီတလီနိုင်ငံတွင် နိုင်ငံရေးပါတီ ဂိုဏ်းဂဏများစွာတည်ရှိနေကာ အစိုးရအပြောင်းအလဲ မကြာခဏဖြစ်ပွားသည်။ ရိုက်တာသတင်းဌာန၏ စာရင်းကောက်ယူမှုအရ ဒုတိယကမ္ဘာစစ်ပြီးနောက် အီတလီနိုင်ငံတွင် အစိုးရအပြောင်းအလဲ အကြိမ် ၇၀ နီးပါး ရှိခဲ့သည်။ သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မကြာခဏ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းသည့် ပြင်သစ်၊ ဝန်ကြီးချုပ် မကြာခဏပြောင်းလဲသည့် ဗြိတိန်နှင့် ယှဉ်ပါက အီတလီ၏ နိုင်ငံရေးအခြေအနေသည် အသင့်အတင့်တည်ငြိမ်လျက်ရှိသည်။
သို့သော် လတ်တလောကာလ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှု ရလဒ်များတွင် ၂၀၂၇ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲပြီးနောက် အီတလီသည် ပိုမိုပြိုကွဲ၍ ပိုမိုမတည်ငြိမ်သော နိုင်ငံရေးအခင်းအကျင်း ပေါ်ထွက်လာမည်ဟု ဖော်ပြလျက်ရှိသည်။ (Xinhua)
---------------------
(Chinese Version)
梅洛尼破二战后意大利连续执政时间纪录
新华社北京9月4日电 9月4日是意大利总理梅洛尼连续执政第1413天,她由此成为第二次世界大战结束以来意大利连续执政时间最长的总理。
二战后意大利连续执政时间最长的纪录此前由已故前总理贝卢斯科尼保持,为1412天。虽然贝卢斯科尼连续执政时长被梅洛尼超越,他依然是二战后意大利任职时间最长的总理。据统计,1994年至2011年,贝卢斯科尼四次执政,累计时长约9年。
梅洛尼2022年10月就职。意大利党派林立,政府更迭频繁。据路透社统计,二战结束后,意大利经历了近70次政府更迭。但过去几年,对比数度重新组阁的法国、数次更换首相的英国,意大利政局相对稳定。
不过,近期民意调查结果显示,2027年议会选举后,意大利可能将出现更趋分裂且不稳定的政治格局。(郭倩)
图说:1月9日,在意大利罗马,意大利总理梅洛尼在新年记者招待会上发言。新华社发(阿尔贝托·林格利亚摄)








