ဘီလာရုစ်နိုင်ငံ မြို့တော်မင့်စ်ခ်၌ အပျော်စီးလှေ စီးနေသူများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘီလာရုစ်နိုင်ငံ မြို့တော်မင့်စ်ခ်၌ အပျော်စီးလှေ စီးနေသူများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘီလာရုစ် ဗစီးယက်စ်ခ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ဘီလာရုစ်နိုင်ငံ မြေဆွေးလုပ်ငန်းသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရေးကြီး မဟာဗျူဟာမြောက် ဦးတည်ချက်အဖြစ် ရှုမြင်ထားကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာလုပ်ဆောင်ရန် မျှော်လင့်လျက်ရှိကြောင်း ဘီလာရုစ် နိုင်ငံပိုင် လောင်စာနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု ပူးတွဲကုမ္ပဏီ အထွေထွေမန်နေဂျာ Valery Kovalev က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

Valery Kovalev က ၂၀၂၅ ခုနှစ်တွင် ဘီလာရုစ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သော မြေဆွေးထုတ်ကုန်ပမာဏသည် ၂၀၂၄ ခုနှစ်၏ ၁၃.၅ ဆ အထိ တိုးပွားလာခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူထက် ဆတိုး မြင့်တက်လာခဲ့ကြောင်း ဘီလာရုစ်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန တည်ထောင်ခြင်း ၂၅ နှစ်မြောက် မီဒီယာတွေ့ဆုံပွဲ လှုပ်ရှားမှုအတွင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဘီလာရုစ်မြေဆွေးလုပ်ငန်းသည် နိုင်ငံ၏ တစ်ပြေးညီအမှတ်တံဆိပ်အား တည်ဆောက်လျက်ရှိပြီး ထဲထဲဝင်ဝင် အချောကိုင် ထုတ်လုပ်ရသော ထုတ်ကုန် အမျိုးအစားများစွာကို သုတေသနပြု လေ့လာလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် ဘီလာရုစ် မြေဆွေးလုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံကျင်းပသည့် နိုင်ငံတကာပြပွဲနှင့် စီးပွားရေးဖိုရမ်များတွင် တက်ကြွစွာ ပါဝင်လျက်ရှိပြီး တရုတ်နိုင်ငံမိတ်ဖက်များနှင့် ဆက်သွယ်မှုမြှင့်တင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘီလာရုစ်နိုင်ငံ မြေဆွေးလုပ်ငန်းက တရုတ်စက်ပစ္စည်းများ၏ နည်းပညာနှင့် အရည်အသွေးကို များစွာ ချီးကျူးသုံးသပ်ပြောကြားထားကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး မြေဆွေးလုပ်ငန်း စက်ပစ္စည်းများကို အတူတကွ ထုတ်လုပ်ရန်မျှော်လင့်ကြောင်း Valery Kovalev က ပြောကြားခဲ့သည်။

မြေဆွေးသည် ရွှံ့နွံမြေအပင်၏ အစိတ်ပိုင်းများက အချိန်ကြာရှည်စွာရေဝပ်မှု၊ အောက်ဆီဂျင်ပြတ်လပ်မှု ပတ်ဝန်းကျင် အခြေအနေတွင် အပြည့်အဝ ပြိုကွဲခြင်းမရှိမှုကြောင့် ဖြစ်တည်လာသော အော်ဂဲနစ်အနည်ထိုင်ပစ္စည်းဖြစ်ပြီး လောင်ကျွမ်း၍ စွမ်းအင်ပံ့ပိုးမှု၊ ပန်းမန်ဥယျာဉ် ပျိုးထောင်မှုနှင့် မြေဆီလွှာပြုပြင်မှု စသည်တို့တွင် အသုံးပြုနိုင်သည်။ ဘီလာရုစ်နိုင်ငံသည် မြေဆွေးအရင်းအမြစ်ပေါကြွယ်ဝပေသည်။ (Xinhua)

---------------------

(Chinese Version)

白俄罗斯泥炭行业期待与中方深化合作

新华社白俄罗斯维捷布斯克9月3日电(记者陈汀)白俄罗斯国家燃料与气化生产联合公司总经理瓦列里·科瓦廖夫3日表示,白俄罗斯泥炭行业将对华合作视为重要战略方向,期待与中方深化合作。  

科瓦廖夫在白俄罗斯能源部成立25周年媒体采风活动期间说,2025年白俄罗斯向中国出口泥炭产品量增至2024年的13.5倍,2026年上半年同比翻番。  

他说,目前白俄罗斯泥炭行业正打造国家统一品牌,并研发多种深加工产品。同时,白俄罗斯泥炭企业积极参加中国举办的国际展览和商业论坛,与中方伙伴加强联系。  

科瓦廖夫表示,白俄罗斯泥炭行业高度评价中国设备的技术和质量,希望与中国企业加强合作,共同生产泥炭行业设备。  

泥炭是沼泽植物残体在长期积水、缺氧环境下不完全分解形成的有机沉积物,可用于燃烧供能、园艺栽培和土壤改良等。白俄罗斯泥炭资源丰富。(完)

图说:8月29日,人们在白俄罗斯首都明斯克乘坐游船。新华社发(任科夫摄)