
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ဘရာဇီးအသင်းအနေဖြင့် ယခုနှစ် နှောင်းပိုင်းတွင် အာရှမြေ၌ ခြေစမ်းပွဲနှစ်ပွဲအဖြစ် ဂျပန်၊ စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဟု ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က စက်တင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားတွင် ငါးကြိမ်ချန်ပီယံဖြစ်ခဲ့သည့် ဘရာဇီးအသင်းမှာ နိုဝင်ဘာ ၁၄ ရက်တွင် ဂျပန်အသင်းနှင့်လည်းကောင်း၊ ထို့နောက် သုံးရက်အကြာ နိုဝင်ဘာ ၁၇ ရက်တွင် စင်ကာပူအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အဆိုပါပွဲစဉ် နှစ်ပွဲစလုံးကို စင်ကာပူ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။
ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီက ဘသင်းအနေဖြင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ယခုနှစ်၌ ကျင်းပခဲ့သည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်းအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ထိုပွဲစဉ်များမှာ အသင်းအား ပြန်လည်တည်ဆောက်သည့် အဆင့်၌ တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု ဆိုသည်။
"ဂျပန်၊ စင်ကာပူတို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေဟာ မတူညီတဲ့ အခြေအနေတွေမှာ အသင်းရဲ့စွမ်းဆောင်ရည်ကို လေ့လာအကဲဖြတ်ဖို့ အခွင့်အရေးရရှိစေမှာဖြစ်လို့ ဒီလုပ်ငန်းစဉ်ရဲ့ အစမှာ သိပ်ကိုအရေးပါပါတယ်" ဟု CBF ၏ ကြေညာချက်၌ အန်ဆယ်လော့တီက ပြောကြားထားသည်။
ဘရာဇီးအသင်းအနေဖြင့် စက်တင်ဘာ ၂၅ ရက်နှင့် ၂၉ ရက်တို့တွင် တောင်းစ်ဗီးလ်နှင့် ဘရစ္စဘိန်းမြို့တို့၌ ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ထို့နောက် အောက်တိုဘာ ၃ ရက်တွင် ကိုလ်ကတ္တားမြို့၌ အိန္ဒိယအသင်းနှင့် ကစားမည်ဖြစ်ကြောင်း CBF က အစောပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။ (Xinhua)
........................................
(English Version)
Brazil to face Japan, Singapore in November friendlies
RIO DE JANEIRO, Sept. 3 (Xinhua) -- Brazil will play Japan and Singapore in a double header of Asian friendlies later this year, the Brazilian Football Confederation (CBF) said on Thursday.
The five-time World Cup champion will face Japan on November 14 and Singapore three days later, with both games to be played at the Singapore National Stadium.
Brazil manager Carlo Ancelotti said the games formed part of a rebuilding phase after the team's round-of-16 exit at this year's FIFA World Cup in the United States, Mexico and Canada.
"Facing Japan and Singapore will allow us to observe the team's performance in different contexts, which is fundamental at the start of this cycle," Ancelotti said in a CBF statement.
The CBF previously announced that Brazil would face Australia on September 25 and 29 in Townsville and Brisbane, before confronting India in Kolkata on October 3.
Photo caption 1: Vinicius Jr (front L) of Brazil celebrates victory with teammates after the round of 32 match between Brazil and Japan at the 2026 FIFA World Cup at Houston Stadium in Houston, the United States, June 29, 2026. (Xinhua/Li Ming)
Photo caption 2: Players of Brazil pose for a group photo before the round of 32 match between Brazil and Japan at the 2026 FIFA World Cup at Houston Stadium in Houston, the United States, June 29, 2026. (Xinhua/Li Ming)








