အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို မြို့ပြရှုခင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို မြို့ပြရှုခင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

China Media Group (CMG) နှင့် အီဂျစ်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးတွဲကြီးမှူးကျင်းပသည့် တရုတ်-အီဂျစ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် ယဉ်ကျေးမှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှု အစီအစဉ်ကို စက်တင်ဘာ ၁ ရက်က ကိုင်ရိုမြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အစီအစဉ်သို့ တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ မီဒီယာ စသည့် နယ်ပယ်အသီးသီးမှ ဧည့်သည်တော် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ထိုနေ့တွင်ပင် China Media Group (CMG) နှင့် အီဂျစ် အမျိုးသားရုပ်မြင်သံကြားဌာနတို့သည် အထူးမှတ်တမ်းရုပ်ရှင် “တရုတ်-အီဂျစ်ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်” ကို ပူးတွဲရိုက်ကူးရေး အထူးအစီအစဉ်ကို စတင်ရန် ကြေညာခဲ့သည်။ ထို့ပြင် China Media Group (CMG) ၏ China Global Television Network (CGTN) ၏ မှတ်တမ်း အင်တာဗျူး အစီအစဉ်တစ်ခုဖြစ်သော "Answers in China" အစီအစဉ်ကိုလည်း တစ်ချိန်တည်း စတင်ခဲ့သည်။

အစီအစဉ်တွင် တရုတ်နိုင်ငံ အမျိုးသား ရုပ်ရှင်ရေးရာဌာန၏ ပံ့ပိုးကူညီမှုဖြင့် China Media Group (CMG) က ကြီးမှူးကျင်းပသော "ပိုးလမ်းမပုံရိပ်များ" တရုတ်ရုပ်ရှင် ပြသပွဲကိုလည်း အီဂျစ်နိုင်ငံ၌ ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် China Media Group (CMG)  နှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် အတွင်းရေးမှူးရုံးတို့ ပူးတွဲရိုက်ကူးထားသည့် "တရုတ်-အာရပ် ချစ်ကြည်ရေးကာလများ" အစီအစဉ်ကိုလည်း အခမ်းအနားဖြင့်  မိတ်ဆက်ခဲ့သည်။ (Xinhua)

--------------------

(Chinese Version)

庆祝中埃建交70周年人文交流活动在开罗举行

   新华社开罗9月2日电 由中国中央广播电视总台与埃及新闻国务部联合主办的庆祝中埃建交70周年人文交流活动1日在开罗举行。包括中埃两国政治、经济、文化、媒体等各界人士在内的百余名嘉宾出席活动。

  当天,中央广播电视总台与埃及国家电视台宣布启动合拍专题片《中埃合作加速度》。总台CGTN(中国国际电视台)纪实访谈节目《答案在中国》同步启动。活动上,在中国国家电影局支持下,中央广播电视总台主办的“丝路光影”中国电影埃及展映活动启幕。由中央广播电视总台与阿拉伯国家联盟秘书处联合摄制的节目《中阿友好进行时》进行了现场推介。

Photo caption:This photo taken on Jan. 24, 2025 shows a view of Cairo, capital city of Egypt. (Photo by Tao Yubin/Xinhua)