
အော့တဝါ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ကနေဒါဘဏ် (ဗဟိုဘဏ်) က အခြေခံအတိုးနှုန်းကို ၂.၂၅ ရာခိုင်နှုန်းတွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ကြေညာခဲ့သည်။ ကနေဒါဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှစ၍ အခြေခံအတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့ခြင်းဖြစ်သည်။
ကနေဒါစီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ပြန်လည်နာလန်ထူလာသော်လည်း မသေချာမရေရာမှုများ မြင့်မားစွာရှိနေသည်ဟု ကနေဒါဗဟိုဘဏ်၏ ယင်းနေ့ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်၏ စည်းကြပ်ခွန်အသစ်များနှင့် စည်းကြပ်ခွန်အစီအမံများ တစ်ဆင့်တိုးလုပ်ဆောင်ရန် ခြိမ်းခြောက်မှုများသည် ကနေဒါစီးပွားရေး ပြန်လည်နာလန်ထူမှု၏ စဉ်ဆက်မပြတ်မှုအပေါ် အန္တရာယ်ဖြစ်စေသည်ဟု ဆိုထားသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး တိုးတက်မှုမှာ အနည်းငယ်သာရှိသောကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာနိုင်ခြေအန္တရာယ်များ တိုးလာကြောင်း ကနေဒါဗဟိုဘဏ်က ပြောကြားခဲ့သည်။ ရေနံစျေးနှုန်း မြင့်မားသည့်အချိန် ကြာရှည်လေလေ၊ ထိုဈေးနှုန်းများမှ အခြားကုန်စည်များနှင့် ဝန်ဆောင်မှုများသို့ ကူးစက်ပျံ့နှံ့သွားမည့် အန္တရာယ် ကြီးမားလေလေဖြစ်သည်ဟု ဆိုသည်။
အမေရိကန်၏ စည်းကြပ်ခွန်အသစ်များနှင့် ကနေဒါ၏ လက်တုံ့ပြန် စည်းကြပ်ခွန်များသည်လည်း အချို့သော စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်ကို မြှင့်တင်နိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ စားသုံးသူဈေးနှုန်းများအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကနေဒါဗဟိုဘဏ်က ခန့်မှန်းထားသည်။ (Xinhua)
……………………………..
(Chinese Version)
加拿大央行:美国关税威胁冲击加经济复苏前景
新华社渥太华9月2日电(记者林威)加拿大银行(央行)2日宣布将基准利率维持在2.25%不变。自2025年10月底以来,加拿大一直保持基准利率不变。
加拿大银行当天在新闻公报中表示,加拿大经济在第二季度复苏,但面临很高不确定性。美国的新关税和进一步采取关税行动的威胁对加拿大经济复苏的可持续性构成风险。
加拿大银行说,由于中东冲突仍在持续,而且霍尔木兹海峡的重新开放进展甚微,通胀上行风险增加。油价处于高位的时间越长,价格传导到其他商品和服务的风险就越大。
加拿大银行预计,美国新关税和加拿大的报复性关税也将推高一些企业的成本,并可能随时间推移而影响消费价格。(完)
图说:8月25日,一艘集装箱船停靠在加拿大温哥华港。新华社发(梁森摄)








