အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်က အီရန်အား အကြိမ်ကြိမ် တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် အများအပြား သေဆုံးခဲ့ရသည့်အပေါ် အီရန်လွှတ်တော်ဥက္ကဋ္ဌ ကာလီဘတ်ဖ် (Ghalibaf) က စက်တင်ဘာ ၂ ရက်၌ ကြေညာချက်ထုတ်ပြန်၍ ရှုတ်ချခဲ့သည်။

ကာလီဘတ်ဖ်က အီရန်နိုင်ငံ Minab မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း၊ Lamerd မြို့ရှိ အားကစားကွင်းတစ်ခုနှင့် Kohestak မြို့ရှိ မင်္ဂလာပွဲတစ်ခုတို့အား အမေရိကန်စစ်တပ်က အသီးသီး တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း ယင်းနေ့တွင် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။

အမေရိကန်သည် စက်တင်ဘာ ၁ ရက် ညပိုင်းက အီရန်တောင်ပိုင်း ဒေသအများအပြားကို တိုက်ခိုက်ခဲ့ရာ Hormozgan ပြည်နယ် Kuhestak မြို့ရှိ မင်္ဂလာပွဲကျင်းပရာ နေရာသို့ ထိမှန်ခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အား အတိုင်းအတာကြီးမားသော စစ်ရေးလှုပ်ရှားမှု စတင်ခဲ့ရာ အီရန်တောင်ပိုင်း Minab မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၁၆၈ ဦး သေဆုံးခဲ့ရသည်။ (Xinhua)

------------------------------------------

(Chinese Version)

伊朗议长谴责美国袭击造成大量儿童死亡

新华社德黑兰9月2日电 伊朗议会议长卡利巴夫2日发文谴责美国对伊朗的数次袭击造成大量儿童死亡。

  卡利巴夫当天在社交媒体上发文说,伊朗米纳卜一所学校、拉梅尔德一座体育馆以及库赫斯塔克一场婚礼先后遭到美军袭击,均造成包括儿童在内的人员死亡。

  据伊朗媒体报道,美国9月1日夜间对伊朗南部多地发动袭击,波及霍尔木兹甘省库赫斯塔克一场婚礼活动现场,造成4人死亡、50人受伤。

2月28日,美国和以色列对伊朗发起大规模军事行动,伊朗南部米纳卜市一所小学遭到袭击,造成168名儿童遇难。

1. 这是3月10日在伊朗首都德黑兰拍摄的遭空袭后产生的浓烟。