
မော်စကို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ဂျာမနီအစိုးရ၏ စက်တင်ဘာ ၁ ရက်တွင် ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှုများအပေါ် ပြောကြားချက်များနှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး ယာယီတာဝန်ခံအား ယင်းနေ့တွင်ပင် ဆင့်ခေါ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်၌ လူမှုကွန်ရက်ပေါ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
Leipzig လေဆိပ် ဖြစ်စဉ်တွင် ရုရှား ပါဝင်ပတ်သက်နေသည်ဟူသော ဂျာမနီဘက်မှ စွပ်စွဲချက်များကို ရုရှားဘက်က ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဂျာမနီအစိုးရအနေဖြင့် ယင်းအား အကြောင်းပြု၍ ဘွန်းမြို့အခြေစိုက် ရုရှားကောင်စစ်ဝန်ချုပ်ရုံးနှင့် ဘာလင်မြို့ရှိ Russian House တို့ကို ပိတ်သိမ်းခြင်းသည် ရုရှား-ဂျာမနီ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုပျက်စီးစေသည့် နောက်ထပ် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု ရုရှားဘက်က ယူဆကြောင်း၊ ဂျာမနီ၏ လုပ်ဆောင်ချက်အပေါ် ရုရှားအနေဖြင့် ပြင်းထန်စွာ တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံက အဆိုပါဖြစ်စဉ်တွင် ရုရှားပါဝင်ပတ်သက်နေသည့် သက်သေအထောက်အထားမရှိကြောင်းနှင့် ရုရှားအပေါ် ဂျာမနီ၏ စွပ်စွဲချက်များသည် ဂျာမနီပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် ဆက်စပ်နေကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ အရှေ့ပိုင်း Leipzig လေဆိပ်တွင် ဩဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုဖြစ်စဉ်အတွက် ရုရှားတွင် တာဝန်ရှိကြောင်း၊ ဘွန်းမြို့အခြေစိုက် ရုရှားကောင်စစ်ဝန်ချုပ်ရုံးအား စက်တင်ဘာ ၁၈ ရက်တွင် ပိတ်သိမ်းရန်နှင့် ဘာလင်မြို့ရှိ ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်သော Russian House နှင့် ချုပ်ဆိုထားသည့် သက်ဆိုင်ရာ စာချုပ်များကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul နှင့် ပြည်ထဲရေးဝန်ကြီး Alexander Dobrindt တို့က စက်တင်ဘာ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ပြင် ဂျာမနီနိုင်ငံသည် ရုရှားနိုင်ငံသားများအား ပြည်ဝင်ခွင့် စစ်ဆေးမှုများကို တင်းကျပ်သွားမည်ဖြစ်ပြီး ရုရှား၏ Shadow fleet အပေါ် ဖိအားပေးမှုများကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျာမနီရဲတပ်ဖွဲ့သည် ဩဂုတ် ၅ ရက်က Leipzig လေဆိပ်ရှိ ယူကရိန်း သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းအနီးတွင် ဒရုန်းတစ်စင်းကို ရှာဖွေတွေ့ရှိကာ ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါဒရုန်းပေါ်တွင် စနက်တံပါရှိသော ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အထောက်အထားအများအပြားမှာ ရုရှားကို ညွှန်ပြနေကြောင်း ဂျာမနီမီဒီယာများက ဖော်ပြခဲ့ကြသည်။ ရုရှားဘက်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ယင်းဖြစ်စဉ်၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ယူကရိန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
-----------------
(Chinese Version)
俄外交部:就德国反俄举动召见德国驻俄临时代办
新华社莫斯科9月2日电(记者刘恺)俄罗斯外交部2日在社交媒体发布消息说,当天就德国政府1日的反俄举动和言论召见德国驻俄临时代办。
俄外交部当日还发表声明说,俄方坚决否认德方就俄涉嫌参与莱比锡机场事件提出的指控。俄方认为,德国政府以此为借口关闭俄罗斯驻波恩总领事馆和位于柏林的“俄罗斯之家”,这是进一步破坏俄德两国关系的又一举动。俄罗斯将对德方行为予以强硬回应。
俄总统普京1日说,德国没有证据表明俄罗斯参与相关事件,德国对俄罗斯的指控与德国国内政治局势有关。
德国外交部长瓦德富尔和内政部长多布林特1日在新闻发布会上表示,俄罗斯应对8月上旬发生在德东部莱比锡机场的无人机袭击未遂事件负责,决定于9月18日关闭俄罗斯驻波恩总领事馆,同时终止与位于柏林的文化机构“俄罗斯之家”的相关合同。此外,德国将加强对俄公民的入境检查,并加大对俄“影子舰队”的施压力度。
德国警方8月5日在莱比锡机场一架乌克兰运输机附近发现并控制一架无人机,无人机上据称装有带引信的爆炸物。德国媒体报道称,关于此次事件,多项证据指向俄罗斯。俄罗斯方面对此予以否认,称此事件背后主使是乌克兰。
1. 这是5月13日在俄罗斯首都莫斯科拍摄的克里姆林宫。新华社记者 郝建伟 摄








