အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ကျင်းပသည့် ၈၃ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနား၏ ကော်ဇောနီလျှောက်လမ်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ကျင်းပသည့် ၈၃ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနား၏ ကော်ဇောနီလျှောက်လမ်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗင်းနစ်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

၈၃ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ရှိ လီဒိုကျွန်းတွင် စက်တင်ဘာ ၂ ရက်က စတင်ကျင်းပခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဆု Golden Lion အတွက် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၁ ကား ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲအတွက် နိုင်ငံတကာဒိုင်လူကြီးအဖွဲ့ကို အမေရိကန်ရုပ်ရှင်မင်းသမီးနှင့် ဒါရိုက်တာ မက်ဂီဂျီလန်ဟောလ်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်နေပြီး တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ ဒါရိုက်တာ ဂျွန်နီတိုကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

ဖွင့်ပွဲအခမ်းအနားတွင် အမေရိကန်ရုပ်ရှင်မင်းသား၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူ ဂျော့ချ်ကလူနီက တစ်သက်တာအနုပညာထူးချွန်ဆု Golden Lion ဆုကို လက်ခံရရှိခဲ့သည်။

ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းရုပ်ရှင်ပွဲတော်အား ၁၉၃၂ ခုနှစ်က ပထမဆုံးအကြိမ်စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံမှ ကိန်းရုပ်ရှင်ပွဲတော်၊ ဂျာမနီနိုင်ငံရှိ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့်အတူ ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကိုလည်း ဥရောပ၏ အဓိကရုပ်ရှင်ပွဲတော်ကြီး သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ (Xinhua)

အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ကျင်းပသည့် ၈၃ ကြိမ်မြောက်ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနား၏ ကော်ဇောနီလျှောက်လမ်းပေါ်တွင် ကိုယ်ဟန်ပြနေသည့် ၈၃ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ဒိုင်လူကြီးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အမေရိကန်ရုပ်ရှင်သရုပ်ဆောင်မင်းသမီးနှင့် ဒါရိုက်တာ မက်ဂီဂျီလန်ဟောလ်ကို ၂၀၂၆  ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ကျင်းပသည့် ၈၃ ကြိမ်မြောက်ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနား၏ ကော်ဇောနီလျှောက်လမ်းပေါ်တွင် ကိုယ်ဟန်ပြနေသည့် ၈၃ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ဒိုင်လူကြီးအဖွဲ့ဝင် ဂျွန်နီတို(ဝဲ)ကို ၂၀၂၆  ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.............................

(English version)

83rd Venice International Film Festival kicks off

VENICE, Italy, Sept. 2 (Xinhua) The 83rd Venice International Film Festival opened Wednesday on Lido island in Venice, Italy, with 21 films competing for the Golden Lion for Best Film.

The international jury for the competition is chaired by U.S. actress and director Maggie Gyllenhaal, with director Johnnie To from China's Hong Kong Special Administrative Region among its members.

At the opening ceremony, U.S. actor, director and producer George Clooney received the Golden Lion for Lifetime Achievement.

The festival, which runs until Sept. 12, was first held in 1932. Alongside the Cannes Film Festival in France and the Berlin International Film Festival in Germany, it is regarded as one of Europe's three major film festivals. ■

Photo caption-1:Photo taken on Sept. 2, 2026 shows the red carpet of the opening ceremony of the 83rd Venice International Film Festival in Venice, Italy.(Xinhua/Wang Kaiyan)

Photo caption-2: U.S. actress and director Maggie Gyllenhaal, president of the 83rd Venice Film Festival Jury, poses at the red carpet of the opening ceremony of the 83rd Venice International Film Festival in Venice, Italy, Sept. 2, 2026.(Xinhua/Wang Kaiyan)

Photo caption-3: Johnnie To (L), member of the 83rd Venice Film Festival Jury, poses at the red carpet of the opening ceremony of the 83rd Venice International Film Festival in Venice, Italy, Sept. 2, 2026. (Xinhua/Wang Kaiyan)