အမေရိကန်က အီရန်ကို ထပ်မံတိုက်ခိုက်၊ ထရမ့်က တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတိပေး

အမေရိကန်တပ်ဖွဲ့များသည် စက်တင်ဘာ ၁ ရက်တွင် အီရန်နိုင်ငံရှိ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ပစ်မှတ်များကို ထပ်မံတိုက်ခိုက်ခဲ့ပြီး အမေရိကန်နှင့် အီရန်ကြား ပဋိပက္ခများ အသစ်တစ်ကြိမ် ပြန်လည်မြင့်တက်လာခဲ့သည်။

အီရန်အနေဖြင့် “အခုလိုအလွန်တရားမျှတတဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်ခဲ့မယ်ဆိုရင် ပိုမိုပြင်းထန်ပြီး ပိုမိုမြင့်မားတဲ့အဆင့်နဲ့ ထပ်မံတိုက်ခိုက်ခံရမယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social တွင် ရေးသားသတိပေးခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအနီး ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအသစ်များကိုလည်း “ကြီးမားပြီး အင်အားပြင်းထန်သော” တိုက်ခိုက်မှုများဟု ၎င်းက ဖော်ပြခဲ့သည်။

Trump က “ဒါပေမဲ့ ဒါက တိုက်ခိုက်မှုအားလုံးထဲက အကြီးမားဆုံးတော့ မဟုတ်သေးဘူး။ စစ်မျက်နှာပြင်တွေမှာ အကြီးမားဆုံးတိုက်ခိုက်မှုက စောင့်ဆိုင်းနေတယ်။ အဲဒါပြီးဆုံးသွားတဲ့အခါ အီရန်နိုင်ငံမှာ ကျန်ရှိနေမယ့်အရာက အလွန်ပဲနည်းပါးသွားလိမ့်မယ်” ဟုလည်း ထရမ့်က ခြိမ်းခြောက်ရေးသားခဲ့သည်။

John Ternus က Apple CEO အဖြစ် Tim Cook နေရာတွင် တာဝန်ယူ

Apple Inc. ၏ ခေါင်းဆောင်မှု အပြောင်းအလဲမှာ စက်တင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး John Ternus က ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် Tim Cook နေရာ၌ တာဝန်ယူခဲ့ပြီး Cook ကမူ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်သည်။

Apple ၏ နောက်ဆုံးပြင်ဆင်ထားသော ခေါင်းဆောင်မှုစာမျက်နှာစာရင်းတွင် Ternus ကို CEO နှင့် ဒါရိုက်တာအဖွဲ့ဝင်ဟု ဖော်ပြထားပြီး Cook ကိုမူ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဖော်ပြထားသည်။

ဘက်မလိုက်လှုပ်ရှားမှု (NAM) ၆၅ နှစ်ပြည့်အထိမ်းအမှတ် Belgrade အစည်းအဝေး ကျင်းပ

ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) နိုင်ငံများမှ အဆင့်မြင့် ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁ ရက်တွင် Belgrade မြို့၌ စုဝေးကာ ဘက်မလိုက်လှုပ်ရှားမှု (Non-Aligned Movement — NAM) ၏ ပထမဆုံးညီလာခံ ကျင်းပခြင်း ၆၅ နှစ်မြောက်အထိမ်းအမှတ်ပြုလုပ်ခဲ့ကြကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ အချုပ်အခြာအာဏာသာတူညီမျှရှိမှုနှင့် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုဖြစ်ပွားနေခိုက် နိုင်ငံတကာဥပဒေ လေးစားရေးကို ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။

ဆားဘီးယားနိုင်ငံရှိ ဆားဘီးယားနန်းတော်တွင် ကျင်းပခဲ့သော ထိုအထိမ်းအမှတ်အစည်းအဝေးသို့ NAM ၏ လက်ရှိ ဦးဆောင်မှု Troika ဖြစ်သည့် အဇာဘိုင်ဂျန်၊ ယူဂန္ဓာနှင့် ဥဇဘက်ကစ္စတန် စသည့်နိုင်ငံတို့မှ ကိုယ်စားလှယ်များအပြင် NAM နှင့် ရှည်လျားစွာ ဆက်ဆံရေးရှိခဲ့သည့် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

အယ်လ်နီညိုအန္တရာယ်ကြောင့် ပီရူးနိုင်ငံရှိ ခရိုင် ၉၀၀ နီးပါးတွင် အရေးပေါ်အခြေအနေ ကြေညာ

ပီရူးနိုင်ငံ အစိုးရသည် ၂၀၂၆–၂၀၂၇ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်နှင့် ဆက်စပ်သည့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကြောင့် စက်တင်ဘာ ၁ ရက်တွင် ဒေသ ၂၃ ခုရှိ ခရိုင်ပေါင်း ၈၉၃ ခု၌ ရက်ပေါင်း ၆၀ ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

အစိုးရတရားဝင်သတင်းစာ El Peruano တွင် ဖော်ပြခဲ့သော အဆိုပါ အရေးပေါ်အခြေအနေကြေညာချက်ကို အစိုးရအမိန့်ဖြင့် တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ လာမည့်လများအတွင်း ဖြစ်ပေါ်လာနိုင်သည့် “အလွန်မြင့်မားသောအန္တရာယ်” ရှိသော မိုးသည်းထန်စွာရွာသွန်းမှုများကို ကာကွယ်ရန်နှင့် ထိခိုက်မှုလျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသဆိုင်ရာအစိုးရများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအပြင် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် အမျိုးသားအရပ်ဘက်ကာကွယ်ရေးအင်စတီကျု (National Institute of Civil Defense) ၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုနှင့် စောင့်ကြည့်မှုအောက်တွင် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်သည်။ (Xinhua)

………..

(English Version)

Daily World Briefing, Sept. 2

U.S. launches fresh strikes on Iran as Trump warns of more attacks

U.S. forces on Tuesday launched fresh strikes on targets of the Islamic Revolutionary Guard Corps (IRGC) in Iran, marking a renewed escalation in hostilities between Washington and Tehran.

If Iran "retaliates for this very justified attack, they will be hit again at a much harder and higher level," U.S. President Donald Trump warned in a post on Truth Social, describing the new strikes near the Strait of Hormuz as "large and powerful."

"But it will not be the biggest attack of them all, that is waiting in the wings and, when it is over, there will be very little left of the Islamic Republic of Iran!" Trump threatened in the post.

John Ternus succeeds Tim Cook as Apple CEO

Apple Inc.'s leadership transition took effect Tuesday, with John Ternus succeeding Tim Cook as chief executive officer and Cook becoming executive chairman of the company's board of directors.

Apple's updated leadership page lists Ternus as CEO and a member of the board, while Cook is now listed as executive chair.

Belgrade meeting marks 65th anniversary of Non-Aligned Movement

High-level representatives from across the Global South gathered in Belgrade on Tuesday to mark the 65th anniversary of the first conference of the Non-Aligned Movement (NAM), reaffirming support for multilateralism, sovereign equality and respect for international law amid heightened global tensions.

The commemorative meeting at the Palace of Serbia brought together more than 30 delegations, including representatives of the movement's current leadership Troika -- Azerbaijan, Uganda and Uzbekistan -- as well as countries with longstanding ties to NAM.

Peru declares state of emergency in nearly 900 districts over El Nino risk

The Peruvian government on Tuesday declared a 60-day state of emergency in 893 districts across 23 regions due to the imminent risk posed by heavy rains associated with the 2026-2027 El Nino phenomenon.

The measure was made official through a supreme decree, published in the official gazette El Peruano, to prevent and reduce the "very high risk" of extreme rainfall over the coming months.

Regional governments will carry out intervention plans under the technical coordination and monitoring of the National Institute of Civil Defense, with support from relevant ministries and public and private institutions.