
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အလံလွှင့်ထူထားသော ကုန်တင်သင်္ဘောနှစ်စင်းမှာ စက်တင်ဘာ ၂ ရက် အစောပိုင်းတွင် အစ္စတန်ဘူလ် ကမ်းလွန်ရှိ Marmara ပင်လယ်ပြင်တွင် တိုက်မိခဲ့ပြီး သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေကြောင်း တူကီယဲ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၃:၀၀ နာရီတွင် အစ္စတန်ဘူလ်မြို့ Silivri ခရိုင်၏တောင်ဘက်၌ တိုက်မိခြင်းဖြစ်ကြောင်း အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း Kocaeli ပြည်နယ်မှ Izmir ပြည်နယ်ရှိ Aliaga ခရိုင်သို့ မောင်းနှင်နေသော ကုန်တင်သင်္ဘော Alsu နှင့် တူကီယဲနိုင်ငံ Black Sea ကမ်းရိုးတန်းရှိ Iskenderun တောင်ပိုင်းဆိပ်ကမ်းမှ Karadeniz Eregli သို့ မောင်းနှင်လာသော Tugberk Imamoglu သင်္ဘောတို့ တိုက်မိခြင်းဖြစ်သည်။
တူကီယဲ အာဏာပိုင်များက Tugberk Imamoglu သင်္ဘောနှင့်တကွ ၎င်း၏သင်္ဘောသား ၁၀ ဦးတို့နှင့် အဆက်အသွယ်မရရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကုန်တင်သင်္ဘော Alsu တွင် သိသာသောပျက်စီးဆုံးရှုံးမှုမရှိကြောင်း အစောပိုင်းသတင်းများအရ သိရသည်။
တူကီယဲ ရေတပ် သင်္ဘောများကို ထိုဒေသသို့ စေလွှတ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။ (Xinhua)
……………………………
(English version)
10 crew members missing after 2 commercial ships collide off Istanbul
ISTANBUL, Sept. 2 (Xinhua) -- Two Turkish-flagged commercial ships collided in the Sea of Marmara off Istanbul early Wednesday, leaving 10 crew members missing, Turkish authorities said.
The collision occurred at around 3:00 a.m. local time (0000 GMT) south of Istanbul's Silivri district, the Istanbul Governor's Office said in a statement.
The incident involved the commercial ship Alsu, which was traveling from the northwestern province of Kocaeli to Aliaga district in Izmir province, and the Tugberk Imamoglu, which was sailing from the southern port of Iskenderun to Karadeniz Eregli on Türkiye's Black Sea coast.
Authorities were unable to establish contact with the Tugberk Imamoglu and its 10 crew members, the statement said. Initial assessments showed no visible damage to Alsu.
Many naval units were dispatched to the area. Search and rescue operations are ongoing.








