
မော်စကို၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံက ဘွန်းမြို့အခြေစိုက် ရုရှားကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းမှုအပေါ် တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
Maria Zakharova က ဂျာမနီသည် ၎င်း၏လုပ်ရပ်အတွက် အကြောင်းပြချက်တစ်ခု ဖန်တီးလိုက်သည်ဟု ပြောကြားခဲ့ကြောင်း TASS သတင်းဌာန သတင်းဖော်ပြချက်အရ သိရသည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul နှင့် ပြည်ထဲရေးဝန်ကြီး Alexander Dobrindt တို့သည် စက်တင်ဘာ ၁ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုရှားအနေဖြင့် ဩဂုတ်လ လဆန်းပိုင်းက ဂျာမနီနိုင်ငံ အရှေ့ပိုင်း Leipzig လေဆိပ်၌ ဖြစ်ပွားခဲ့သော အထမမြောက်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအတွက် တာဝန်ယူသင့်ကြောင်း၊ စက်တင်ဘာ ၁၈ ရက်မှစ၍ ဘွန်းမြို့အခြေစိုက် ရုရှားကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းသွားရန် ဆုံးဖြတ်လိုက်ကြောင်း၊ တစ်ချိန်တည်းတွင် ဘာလင်မြို့ရှိ ယဉ်ကျေးမှုအဖွဲ့အစည်း “The Russian House” နှင့် သက်ဆိုင်ရာစာချုပ်များကိုလည်း အဆုံးသတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဂျာမနီနိုင်ငံသည် ရုရှားနိုင်ငံသားများ ပြည်ဝင်သည့်စစ်ဆေးမှုကို တင်းကျပ်သွားမည်ဖြစ်ပြီး ရုရှား “Shadow fleet” အပေါ် ဖိအားပေးမှုအတိုင်းအတာကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
Maria Zakharova က ဂျာမနီအနေဖြင့် လုံးဝအခြေအမြစ်မရှိ ဆက်စပ်မှုမရှိသော အကြောင်းပြချက်ကို ထပ်မံအသုံးပြုခြင်းကြောင့် နှစ်ဖက်ဆက်ဆံရေးကို ဆိုးရွားသွားစေခဲ့ကြောင်း၊ “အရင်ကအတိုင်းပါပဲ၊ ဂျာမနီဘက်က လူကိုယုံကြည်ရစေတဲ့ သို့မဟုတ် ခိုင်လုံတဲ့သက်သေ လုံးဝမရှိပါဘူး” ဟု အလေးထား ပြောကြားခဲ့သည်။
ဂျာမနီရဲတပ်ဖွဲ့က ဩဂုတ် ၅ ရက်တွင် Leipzig လေဆိပ်ရှိ ယူကရိန်း ပို့ဆောင်ရေးလေယာဉ်တစ်စင်း အနီးတစ်ဝိုက်၌ ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ပြီး ထိန်းချုပ်ခဲ့ကာ ဒရုန်းပေါ်တွင် မီးစာပါသည့် ပေါက်ကွဲရေးပစ္စည်းများ သယ်ဆောင်ထားသည်ဟု ဆိုခဲ့သည်။ ယခုအကြိမ်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် သက်သေများစွာက ရုရှားအား ညွှန်ပြနေသည်ဟု ဂျာမနီမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ရုရှားဘက်ကမူ ယင်းအပေါ်ငြင်းဆိုခဲ့ပြီး အဆိုပါဖြစ်စဉ်၏ နောက်ကွယ်မှကြိုးကိုင်သူမှာ ယူကရိန်းဖြစ်သည်ဟု ဆိုခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
俄外交部:将对德国关闭俄驻波恩总领事馆作出回应
新华社莫斯科9月1日电(记者刘恺)俄罗斯外交部发言人扎哈罗娃1日表示,俄罗斯将对德国关闭俄驻波恩总领事馆作出回应。
据塔斯社报道,扎哈罗娃表示,德国方面为其举措编造了一个借口。
德国外交部长瓦德富尔和内政部长多布林特1日在新闻发布会上表示,俄罗斯应对8月上旬发生在德东部莱比锡机场的无人机袭击未遂事件负责,决定于9月18日关闭俄罗斯驻波恩总领事馆,同时终止与位于柏林的文化机构“俄罗斯之家”的相关合同。此外,德国将加强对俄公民的入境检查,并加大对俄“影子舰队”的施压力度。
扎哈罗娃强调,德国方面再次以完全牵强附会的借口导致双边关系恶化,“和以往一样,德国方面没有任何令人信服或确凿的证据”。
德国警方8月5日在莱比锡机场一架乌克兰运输机附近发现并控制一架无人机,无人机上据称装有带引信的爆炸物。据德国媒体报道,此次事件发生后,多项证据指向俄罗斯。俄罗斯方面对此予以否认,称此事件背后主使是乌克兰。(完)
图说:这是5月16日在俄罗斯首都莫斯科拍摄的克里姆林宫(左)和圣瓦西里教堂。新华社记者冯开华摄








