ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်ရှိ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုတွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာဖြင့် “အွန်တေရီယိုရေကန်၊ ယခုဖြစ်သကဲ့သို့ နောင်အမြဲတမ်းလည်း ဖြစ်လိမ့်မည်” ဟု ရေးသားထားသော အကြီးစား ကြော်ငြာဆိုင်းဘုတ်တစ်ခုကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်ရှိ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုတွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာဖြင့် “အွန်တေရီယိုရေကန်၊ ယခုဖြစ်သကဲ့သို့ နောင်အမြဲတမ်းလည်း ဖြစ်လိမ့်မည်” ဟု ရေးသားထားသော အကြီးစား ကြော်ငြာဆိုင်းဘုတ်တစ်ခုကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂ရက် (ဆင်ဟွာ)

Apple ကုမ္ပဏီသည် Google နောက်မှ လိုက်ကာ စက်တင်ဘာ ၁ ရက်တွင် Apple Maps ပေါ်ရှိ အွန်တေရီယိုရေကန် (Lake Ontario) ၏ အမည်ဖော်ပြမှုကို ပြောင်းလဲခဲ့သည်။ ကနေဒါနိုင်ငံ သုံးစွဲသူများအတွက် “အွန်တေရီယိုရေကန်” ဟု ပြသပြီး အမေရိကန်နိုင်ငံ သုံးစွဲသူများအတွက် “အမေရိက ရေကန်” ဟု ပြသသည်။

အမေရိကန်နိုင်ငံ ပထဝီဝင်အမည်များ သတင်းအချက်အလက်စနစ်က ရေပြင်အမည်များကို အဆင့်မြှင့်တင်ခဲ့ခြင်းကြောင့် Apple Maps ဝက်ဘ်ဆိုက်ဗားရှင်းသည် တူညီသောရေကန်အတွက် ကွဲပြားသောအမည်များ ဖော်ပြမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ သုံးစွဲသူများ မြင်ရသည်မှာ “အမေရိကရေကန်” ဖြစ်သလို ကနေဒါနိုင်ငံ သုံးစွဲသူများ မြင်ရသည်မှာ “အွန်တေရီယိုရေကန်” ဖြစ်ပြီး ကမ္ဘာ့အခြားဒေသများမှ သုံးစွဲသူများသည် အမည်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း မြင်ရမည်ဖြစ်ကြောင်း Apple ကုမ္ပဏီကစက်တင်ဘာ ၁ ရက်တွင် အတည်ပြုခဲ့သည်။

ယင်းမတိုင်မီ Google ကုမ္ပဏီသည် ဩဂုတ် ၂၉ ရက်တွင် ၎င်း၏မြေပုံပေါ်တွင် ထိုရေကန်အတွက် “ကွဲပြားသောအမည်ဖော်ပြခြင်း” ပြုလုပ်ခဲ့ပြီး အမေရိကန်သမ္မတ ထရမ့်၏ သက်ဆိုင်ရာအမိန့်ကို လိုက်နာသည့် ပထမဆုံးသော နည်းပညာကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

ရိုက်တာသတင်းဌာန၏ အဆိုအရ အထက်ပါဖြစ်ရပ်များသည် အမေရိကန်အစိုးရ၏ ဖိအားပေးမှုအောက်တွင် အမေရိကန်နည်းပညာကုမ္ပဏီများက ပထဝီနိုင်ငံရေးအငြင်းပွားမှုများတွင် ပါဝင်ပတ်သက်လာနေရသည်ကို ထင်ဟပ်ဖော်ပြသည်။ Google နှင့် Apple တို့၏ ယခုကဲ့သို့ကိုင်တွယ်ပုံသည် ယမန်နှစ်က မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) ကို “အမေရိက ပင်လယ်ကွေ့ (Gulf of America) ” ဟု အမည်ပြောင်းရန် ထရမ့် အမိန့်ပေးခဲ့စဉ် ကုမ္ပဏီနှစ်ခု၏ တုံ့ပြန်မှုဗျူဟာနှင့် ထပ်တူပင်ဖြစ်သည်။

အွန်တေရီယိုရေကန်သည် မြောက်အမေရိကတိုက်ရှိ ရေကန်ကြီးငါးခုအနက်မှ တစ်ခုဖြစ်ပြီး အမေရိကန်နှင့် ကနေဒါနယ်စပ်တွင် တည်ရှိကာ မြောက်ဘက်တွင် ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်နှင့် ထိစပ်ကာ တောင်ဘက်တွင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နှင့် ထိစပ်သည်။ အမေရိကန်-ကနေဒါ ကုန်သွယ်ရေးညှိနှိုင်းမှုများ ပျက်ပြားပြီးနောက် အမေရိကန်သမ္မတ ထရမ့်သည် ဩဂုတ် ၂၇ ရက်တွင် အမိန့်စာတစ်စောင် လက်မှတ်ရေးထိုးကာ အွန်တေရီယိုရေကန်ကို “အမေရိက ရေကန်” ဟု ချက်ချင်းအမည်ပြောင်းလဲကြောင်း ကြေညာခဲ့သည်။

အမေရိကန်ဘက်၏ တစ်ဖက်သတ် အမည်ပြောင်းလဲမှုလုပ်ရပ်သည် ကနေဒါဘက်တွင် ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်စေခဲ့သည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီ၊ အွန်တေရီယိုပြည်နယ်ဝန်ကြီးချုပ် Doug Ford စသည့် အဓိက နိုင်ငံရေးပုဂ္ဂိုလ်များက ပြင်ပအခြေအနေ မည်သို့ပြောင်းလဲစေကာမူ ကနေဒါလူမျိုးများသည် “အွန်တေရီယိုရေကန်” ဟူသော အမည်ကို အမြဲအသုံးပြုသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ မာ့ခ်ကာနီသည် လူမှုမီဒီယာတွင် အွန်တေရီယိုရေကန်၏ အမည်မှာ နှစ်ပေါင်း ၄၀၀ ကျော် သမိုင်းကြောင်းရှိပြီး ကနေဒါဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ခြင်းနှင့် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးခြင်းအချိန်ထက်ပင် များစွာ စောကြောင်း ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul ၊ ဗားမောင့်ပြည်နယ် အုပ်ချုပ်ရေးမှူး Phil Scott စသည့် အမေရိကန်ဘက်မှ အရာရှိများကလည်း အမည်ပြောင်းလဲခြင်းကို ကန့်ကွက်ကာ ဖက်ဒရယ်အစိုးရ၏ ဤလုပ်ရပ်သည် “စိတ်ပျက်စရာကောင်းသည်” ဟု ပြစ်တင်ပြောဆိုခဲ့ကြသည်။

ရိုက်တာသတင်းဌာနနှင့် Ipsos အုပ်စုတို့ ပူးပေါင်းဆောင်ရွက်သော နောက်ဆုံးရ လူထုသဘောထားစစ်တမ်းတစ်ခုတွင် အမေရိကန်ပြည်သူအများစုသည် အွန်တေရီယိုရေကန်ကို “အမေရိက ရေကန်” ဟု အမည်ပြောင်းလဲခြင်းကို ကန့်ကွက်ကြကြောင်း ဖော်ပြထားသည်။ (Xinhua)

.......................

(Chinese Version)

苹果跟风 安大略湖对美国用户显示“美国湖”

新华社北京9月2日电 美国苹果公司步谷歌后尘,于9月1日更改苹果地图上对安大略湖的标注名称:对加拿大境内用户显示“安大略湖”,对美国境内用户则显示“美国湖”。

苹果公司1日证实,由于美国地理名称信息系统更新了水域名称,网页版苹果地图对同一湖泊予以区别标注:美国用户看到的是“美国湖”,加拿大用户看到的是“安大略湖”,世界其他地区用户则同时看到两个名称。

此前,谷歌公司已于8月29日在其地图中对该湖泊“区别标注”,成为首个服从美国总统特朗普相关命令的大型技术企业。

按路透社说法,上述事件折射出,在美国政府施压之下,美国技术企业正被裹挟进地缘政治争端。谷歌与苹果此番处理方式,与去年特朗普下令将墨西哥湾改名为“美国湾”时两家企业的应对策略保持一致。

安大略湖是北美洲五大湖之一,位于美国与加拿大边境地带,北接加拿大安大略省,南邻美国纽约州。美加贸易谈判破裂后,美国总统特朗普于8月27日签署行政令,宣布即刻将安大略湖更名为“美国湖”。

美方单方面更名行为引发加方强烈反应。加拿大总理卡尼、安大略省省长道格·福特等政要强调,无论外部环境如何变化,加拿大人都将始终使用“安大略湖”这一名称。卡尼在社交媒体发文说,安大略湖的名称已有400多年历史,远早于加拿大联邦成立和美国《独立宣言》签署。

美国纽约州州长凯茜·霍楚尔、佛蒙特州州长菲尔·斯科特等美方官员同样抵制更名,指责联邦政府这一做法“令人失望”。

路透社和益普索集团联合开展的一项最新民调显示,多数美国民众反对把安大略湖改名为“美国湖”。(杨舒怡)

图说:这是8月30日在加拿大安大略省一处自然保护区内拍摄的大型广告牌,上面以英文和法文写着“安大略湖,现在是,永远是”。新华社发(邹峥摄)