အီဂျစ်နိုင်ငံ Giza ပိရမစ်ရှုခင်းသာ၌ ခရီးသွားများအတွက် ရှင်းလင်းပြောကြားနေသော Abbas Sayed ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ Giza ပိရမစ်ရှုခင်းသာ၌ ခရီးသွားများအတွက် ရှင်းလင်းပြောကြားနေသော Abbas Sayed ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်ဘာသာစကားကြောင့် တရုတ်နိုင်ငံနှင့် ရေစက်ဆုံခဲ့ရာ အီဂျစ်နိုင်ငံ ဧည့်လမ်းညွှန် Abbas Sayed သည် နှစ်ပေါင်း ၂၀ ကျော်အကြာအတွင်း တရုတ်-အီဂျစ် ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် Abbas Sayed သည် တရုတ်ဘာသာစကားနှင့် တရုတ်ယဉ်ကျေးမှုအား ချစ်မြတ်နိုးသဖြင့် Ain Shams တက္ကသိုလ်တွင် တရုတ်ဘာသာစကားကို လေ့လာသင်ယူခဲ့သည်။ ဘွဲ့ရပြီးနောက် ၎င်းသည် တရုတ်ဘာသာစကား ဧည့်လမ်းညွှန်ဖြစ်လာကာ ရှေးဟောင်းသမိုင်းဝင်နေရာများစွာတွင် တရုတ်ခရီးသွားဧည့်သည်များထံသို့ ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

တရုတ်ခရီးသွားဧည့်သည်များနှင့် ကာလကြာရှည်စွာ ထိတွေ့မှုကြောင့် ၎င်းသည် တရုတ်နိုင်ငံအပေါ် နားလည်သိရှိမှုများ အဆက်မပြတ် တိုးပွားလာပြီး တရုတ်-အီဂျစ် ယဉ်ကျေးမှုဖလှယ်ရေးသံတမန်အဖြစ် ဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးလာစေရန် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

一带一路故事绘|导游阿巴斯:愿做中埃文化交流使者

新华社照片,开罗,2026年9月1日

因中文与中国结缘,二十多年来,埃及导游阿巴斯·赛义德致力于促进中埃文化交流。
2002年,阿巴斯因喜爱中文与中国文化进入艾因沙姆斯大学学习中文,毕业后成为中文导游,在众多历史古迹间向中国游客讲述古埃及文明。在与中国游客的长期接触中,他不断加深对中国的了解,立志成为中埃文化交流使者,拉近两国人民的距离。

图说1:7月11日,阿巴斯在埃及吉萨金字塔群景区为游客讲解。新华社记者 辛梦晨 摄

图说2:7月15日,阿巴斯重访埃及开罗中国文化中心。新华社记者 辛梦晨 摄