ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ Maracana အားကစားကွင်းတွင် ကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဘရာဇီးနှင့်အာဂျင်တီးနားတို့ပွဲစဉ်၌ ဘရာဇီးအသင်းမှ Gabriel Jesus (အလယ်)  ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ Maracana အားကစားကွင်းတွင် ကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဘရာဇီးနှင့်အာဂျင်တီးနားတို့ပွဲစဉ်၌ ဘရာဇီးအသင်းမှ Gabriel Jesus (အလယ်) ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဘာစီလိုနာဘောလုံးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းမှ ဘရာဇီးတိုက်စစ်မှူး Gabriel Jesus ကို ခေါ်ယူလိုက်ကြောင်း စက်တင်ဘာ ၁ ရက်က အတည်ပြုပြောဆိုခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ကစားသမားသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးယူရို ၁၀ သန်းခန့်ဖြင့် ရောက်ရှိလာခဲ့ပြီး ၂၀၂၉ ခုနှစ် ဇွန်လကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Gabriel Jesus ရောက်ရှိလာခြင်းကြောင့် ဘာစီလိုနာအသင်း၏ အက်သလက်တီကိုမက်ဒရစ်အသင်းမှ Julian Alvarez ကိုခေါ်ယူရန်ကြိုးပမ်းနေမှုများ အဆုံးသတ်သွားမည်ဖြစ်သည်။ အက်သလက်တီကိုအသင်းသည် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူရန် တရားမဝင်ချဉ်းကပ်ခဲ့သည်ဟု ယူဆထားသည့် ကလပ်အသင်းသို့ ရောင်းချရန် ဆန္ဒမရှိခဲ့ပေ။

၎င်းကိုခေါ်ယူရန်မှာ ဘာစီလိုနာအသင်း၏အရန်အစီအစဉ်ဖြစ်ခဲ့သော်လည်း ထိုသို့သတ်မှတ်ခံရခြင်းအပေါ် မကျေနပ်သည့်ခံစားချက်မရှိကြောင်း Gabriel Jesus က ပြောဆိုခဲ့သည်။

"ဒါကိုစိတ်အနှောင့်အယှက်လည်း မဖြစ်သလို စိတ်လည်းမဆိုးပါဘူး၊ ကျွန်တော်စိတ်ထိခိုက်မှာက ကျွန်တော့်ကိုဆိုးသွမ်းသူတစ်ယောက်လို့ ပြောဆိုတာပါ၊ ဒါပေမဲ့ ကျွန်တော့်တစ်သက်မှာ ဘယ်သူမှ ကျွန်တော့်ကို အဲဒီလို မပြောဖူးပါဘူး" ဟု ဘရာဇီးတိုက်စစ်မှူးက ပြောဆိုခဲ့သည်။

“ကျွန်တော့်ကိုအနှောင့်အယှက်ဖြစ်စေတာက ဘောလုံးမကန်ရတာပါ၊ အခု အခွင့်အရေးတစ်ခုအဖြစ် ဘာစီလိုနာအသင်းမှာကစားခွင့်ရရှိပါပြီ၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဒီအခွင့်အရေးရခဲ့ဖူးပေမယ့် ဘဝအခြေအနေကြောင့် တခြားလမ်းကြောင်းတစ်ခုကို ရောက်သွားခဲ့ပါတယ်၊ အခု ဒီကိုရောက်လာပြီဖြစ်လို့ အကောင်းဆုံးကြိုးစားသွားမှာပါ၊ ကျွန်တော်က အမြဲတမ်းကြိုးစားသူတစ်ယောက်ဖြစ်သလို ကြိုးစားမှုရဲ့ ရလဒ်ကောင်းကို အမြဲတမ်း ပြန်လည်ရရှိပါတယ်” ဟု Gabriel က ပြောကြားခဲ့သည်။ (Xinhua)

…………….

(English Version)

Gabriel Jesus: I'm happy to be plan-B to Julian Alvarez

MADRID, Sept. 1 (Xinhua) -- FC Barcelona confirmed the signing of Brazilian forward Gabriel Jesus from Premier League champion Arsenal on Tuesday.

The 29-year-old has joined for a fee of around 10 million euros and signed a contract until the end of June 2029.

Gabriel Jesus' arrival will end Barcelona's efforts to sign Julian Alvarez from Atletico Madrid, with Atletico unwilling to sell the Argentine international to a club it considers to have made an illegal approach to the forward.

Although he is Barcelona's 'back-up' plan, Gabriel Jesus said he did not feel offended at being 'Plan-B'.

"This doesn't bother me and it doesn't offend me: what offends me is when people call me a bad guy and no one's ever said that to me in my life," said the forward.

"What bothers me is not playing football. I have the opportunity to be here at Barca. I had it 10 years ago, and life took me down a different path. I'm here now and I will do my best. I am someone who always works hard and hard work always pays off," said Gabriel Jesus.

Photo caption: Gabriel Jesus (C) of Brazil vies for the ball during the 2026 World Cup qualifier match between Brazil and Argentina at the Maracana stadium in Rio de Janeiro, Brazil, on Nov. 21, 2023. (Xinhua/Wang Tiancong)