
ဗလာဒီဗော့စတော့ခ် (ရုရှား)၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ရုရှား-တရုတ် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုသည် “အရည်အသွေးရော ပမာဏပါ မြင့်မားတိုးတက်” သော ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဖော်ပြလျက်ရှိသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က စက်တင်ဘာ ၁ ရက်တွင် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်-ရုရှား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုသည် ပမာဏတိုးတက်မှုမှ အရည်အသွေးမြှင့်တင်မှုအထိ ပြောင်းလဲသွားပြီလော ဟူသည့်မေးမြန်းမှုကို ဖြေကြားရာ၌ Maria Zakharova က အဆိုပါနှစ်ရပ်သည် အပြန်အလှန် အတိုက်အခံဖြစ်နေခြင်း မဟုတ်ဘဲ အပြန်အလှန်မြှင့်တင်ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်က သက်ဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် အရည်အသွေးမြှင့်တင်ခြင်းဖြင့် ပမာဏတိုးတက်မှုကို ဖော်ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။
ရုရှား-တရုတ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်း၊ နှစ်ဖက်ကုန်သွယ်ရေးပမာဏသည် နှစ်အနည်းငယ်ဆက်တိုက် ကန်ဒေါ်လာ ၂၀၀ ဘီလီယံထက် ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအကြား စာရင်းရှင်းမှုသည် အားလုံးနီးပါး ကိုယ်ပိုင်ငွေကြေးဖြင့် လုပ်ဆောင်ခြင်းဖြစ်ရာ ယင်းသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုက ပမာဏနှင့် အရည်အသွေး ကဏ္ဍနှစ်ရပ်လုံး၌ မြင့်မားတိုးတက်လာမှုကို အပြည့်အဝထင်ဟပ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-တရုတ်သည် စက်မှုကဏ္ဍများစွာတွင်လည်း ပမာဏအများအပြား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ လုပ်ဆောင်လျက်ရှိပြီး သိပ္ပံနှင့် အဆင့်မြင့်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံက ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၌ အပြန်အလှန်ချိတ်ဆက်မှုသည်လည်း အဆက်မပြတ် တိုးတက်လျက်ရှိကြောင်း Maria Zakharova က ပြောကြားခဲ့သည်။
ရုရှားအရှေ့ဖျားဒေသသည် နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု၏ အချက်အချာဖြစ်ရုံသာမက ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်ကုန်များကို ဆွဲဆောင်သည့် ကြွယ်ဝသောဒေသလည်းဖြစ်ကြောင်း၊ ယခုအကြိမ် အရှေ့ပိုင်းစီးပွားရေးဖိုရမ်သည် တရုတ်လုပ်ငန်းကုမ္ပဏီများစွာကို ဆွဲဆောင်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့ထံ ရုရှားနိုင်ငံ ဒေသအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ဖော်ပြမည်ဖြစ်သလို သဘောတူညီချက်အသစ်များ လက်မှတ်ရေးထိုးခြင်း၊ စီမံကိန်းအသစ်များ စတင်ခြင်းဖြင့် ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု ဘက်စုံနက်ရှိုင်းစေရေးအတွက် အကူအညီအားအင်များ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အရှေ့ပိုင်းစီးပွားရေးဖိုရမ်သည် ရုရှားနိုင်ငံ၏ အရေးကြီး နိုင်ငံပေါင်းစုံပါဝင်သော နိုင်ငံတကာပလက်ဖောင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ် အရှေ့ဖျားဒေသ၌ ကျင်းပခဲ့သည်။ ယခုအကြိမ်ဖိုရမ်သည် ၄ ရက်ကြာကျင်းပမည်ဖြစ်ပြီး စီးပွားရေးဆွေးနွေးမှုအစီအစဉ်တွင် အပိုင်း ၅ ပိုင်း သတ်မှတ်ထားကာ သီးသန့်အကြောင်းအရာ ဆွေးနွေးမှု အခမ်းအနား ၁၀၀ ကျော် စီစဉ်ထားသည်။
ဖိုရမ်ကျင်းပသည့်ကာလအတွင်း တရုတ်-ရုရှားပူးပေါင်းဆောင်ရွက်မှု၊ ရုရှား-အာဆီယံ စီးပွားရေး တွေ့ဆုံဆွေးနွေးမှုနှင့် မြောက်ဝင်ရိုးစွန်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စသည့် သီးခြားသတ်မှတ်ထားသော စီးပွားရေး တွေ့ဆုံဆွေးနွေးမှုအခမ်းအနားများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
扎哈罗娃:俄中务实合作呈现“提质增量”发展势头
新华社符拉迪沃斯托克9月2日电(记者王作葵 孙萍)俄罗斯外交部发言人扎哈罗娃9月1日在俄罗斯符拉迪沃斯托克举办的第十一届东方经济论坛新闻发布会上表示,俄中务实合作呈现“提质增量”发展势头。
在回答中俄务实合作是否正在从数量增长向质的提升转变这一提问时,扎哈罗娃表示,这二者并非相互对立而是相互促进,双方在相关领域合作质量的提升带动了数量的增长。她说,俄中经贸合作稳步发展,双边贸易额已连续几年超过2000亿美元。此外,两国之间的结算几乎全部以本币进行,这充分体现了双方合作在数量和质量两个方面的增长。
扎哈罗娃还表示,俄中正在多个工业领域实施大规模合作项目,着力发展科学和高技术领域合作,两国在交通领域的互联互通也在不断发展。
她还说,俄远东地区不仅是跨境运输的枢纽,也是吸引投资和商品的沃土。本届东方经济论坛将吸引大批中国企业,向它们展示俄罗斯各地区的发展潜力,还将签署新协议、启动新项目,为全面深化俄中合作增添助力。
东方经济论坛是俄罗斯重要的多边国际平台,自2015年起每年在远东地区举办。本届论坛为期4天,商务议程共设置5个板块,安排100余场专题研讨活动。论坛期间还将开展中俄合作、俄罗斯-东盟商务对话和北极国际合作等多场定向商务对话活动。(完)
图说1:这是9月1日在俄罗斯符拉迪沃斯托克拍摄的东方经济论坛展厅。新华社记者 冯开华 摄
图说2:这张视频截图显示,2025年12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。新华社发








