
လန်ဒန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ (EU)အနေဖြင့် ယူကရိန်းအား ထောက်ပံ့မှု တိုးမြှင့်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့၏ ကာကွယ်ရေးစွမ်းရည်အပေါ် ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးမြှင့်သွားမည်ဟု EU နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
EU ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် Kallas က EU အနေဖြင့် “ယူကရိန်း အထောက်အပံ့ ချေးငွေ” မှတစ်ဆင့် ယူကရိန်းအား ဆက်လက်၍ ပံ့ပိုးမှုများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် EU သည် ယူကရိန်းအား ယူရို ၈.၃၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၇ ဘီလီယံ ခန့်) တန်ဖိုးရှိ ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးအပ်ပြီးဖြစ်ကာ အနာဂတ်တွင်လည်း အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အိုင်ယာလန်သည် EU ၏ ယူကရိန်းစစ်ရေးအကူအညီမစ်ရှင်အတွက် ယူရို ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၁.၅၉ သန်း ခန့်) တန်ဖိုးရှိ ငွေကြေးထောက်ပံ့မှုကို ပေးအပ်သွားမည်ဟု အိုင်ယာလန်ကာကွယ်ရေးဝန်ကြီး Helen McEntee က ထိုနေ့တွင်ပင် ကြေညာခဲ့သည်။ ဤငွေကြေးသည် အိုင်ယာလန်နိုင်ငံက ဇူလိုင်လတွင် ကြေညာခဲ့သည့် ယူကရိန်းအတွက် ယူရို ၁၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၄၅ သန်း ခန့်) တန်ဖိုးရှိ အကူအညီအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
EU ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ အိုင်ယာလန်နိုင်ငံ Wicklow မြို့တွင် ကျင်းပခဲ့ပြီး ဆွေးနွေးသည့် အကြောင်းအရာများတွင် ယူကရိန်းအား ဆက်လက်ထောက်ပံ့ခြင်း၊ EU ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် လက်ဘနွန်အခြေအနေစသည်တို့ ပါဝင်သည်။ (Xinhua)
………………………………
(Chinese Version)
欧盟称将加大对乌克兰的支持力度
新华社伦敦9月1日电(记者张枫)欧盟外交与安全政策高级代表卡娅·卡拉斯9月1日表示,欧盟将加大对乌克兰的支持力度,同时增加自身防务能力投入。
在欧盟国防部长非正式会议后的新闻发布会上,卡拉斯说,欧盟将继续通过“乌克兰支持贷款”向乌克兰提供支持。她表示,欧盟目前已向乌克兰提供83.7亿欧元(约合97亿美元)防务支持,未来还将继续提供援助。
爱尔兰国防部长海伦·麦肯蒂同日宣布,爱尔兰将向欧盟乌克兰军事援助团提供1000万欧元(约合1159万美元)资金支持,这笔资金属于爱尔兰7月宣布的对乌1.25亿欧元(约合1.45亿美元)援助计划的一部分。
欧盟国防部长非正式会议于8月31日至9月1日在爱尔兰威克洛举行,会议讨论的内容包括继续支持乌克兰、欧盟海上安全以及黎巴嫩局势等。(完)
图说:4月24日,在塞浦路斯首都尼科西亚,参加欧盟领导人非正式会议的欧盟外交与安全政策高级代表卡拉斯接受媒体采访。新华社记者 吕优 摄








