
လီမာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် စက်တင်ဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အီရန်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း ကြေညာခဲ့သည်။
ပီရူးနိုင်ငံအစိုးရအနေဖြင့် အီရန်နိုင်ငံ ပြည်တွင်းအခြေအနေနှင့် အရှေ့အလယ်ပိုင်းဒေသအခြေအနေအပေါ် ဂရုပြုကြောင်း၊ ထို့ပြင် ယခုနှစ် မတ်လမှစ၍ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် နိုင်ငံတကာကုန်သွယ်ရေးလုပ်ဆောင်မှုများ သက်ရောက်ခံရခြင်းအပေါ် များစွာစိုးရိမ်မိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် ယခုအကြိမ် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခြင်းသည် တစ်ချိန်တည်းတွင် ကောင်စစ်ဝန်ရုံးလုပ်ငန်းဆိုင်ရာဆက်ဆံရေး ဖြတ်တောက်သည်ဟု မဆိုလိုကြောင်း၊ ပီရူးနိုင်ငံဘက်က အီကွေဒေါနိုင်ငံဆိုင်ရာ အီရန်သံရုံးမှတစ်ဆင့် အီရန်ဘက်သို့ အဆိုပါဆုံးဖြတ်ချက်ကို အသိပေးခဲ့ပြီးဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
---------------------
(Chinese Version)
秘鲁宣布与伊朗断绝外交关系
新华社利马9月1日电(记者廖思维 王植樱)秘鲁外交部9月1日发布公报,宣布断绝与伊朗的外交关系。
公报说,秘鲁政府对伊朗国内状况和中东地区局势表示关切,并对自今年3月以来经霍尔木兹海峡的国际贸易受到影响深表担忧。
公报说,为保护两国公民权益,此次断交不意味着同时断绝领事关系。秘方已通过伊朗驻厄瓜多尔大使馆向伊方通报这一决定。(完)








