ဗီယင်ကျန်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် လာအိုနိုင်ငံ လွမ်ပရာဘန်ပြည်နယ် ငြိမ်းချမ်းရေး အလယ်တန်းကျောင်း (Santiphab Secondary School) အဆင့်မြှင့်တင် ပြုပြင်မွမ်းမံရေး စီမံကိန်း လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ဩဂုတ် ၃၁ ရက်တွင် လွမ်ပရာဘန်မြို့၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တရုတ်-လာအို နှစ်နိုင်ငံ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ နှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များနှင့် ငြိမ်းချမ်းရေး အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စသည်တို့ အတူတကွ တက်ရောက်ခဲ့ကြသည်။

လာအိုနိုင်ငံ ပညာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး Dalavone Kittiphan က မိန့်ခွန်းပြောကြားရာတွင် ဤစီမံကိန်းသည် အခြေခံအဆောက်အအုံ တည်ဆောက်မှု မြှင့်တင်ခြင်းသာမက လာအို-တရုတ် အစဉ်အလာချစ်ကြည်ရင်းနှီးမှု၏ ခိုင်မာသော သက်သေသာဓကလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး အလယ်တန်းကျောင်း အဆင့်မြှင့်တင်ပြုပြင်မွမ်းမံရေးသည် အရေးတကြီး အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်သောအဓိပ္ပာယ် ရှိပြီး ယင်းက လွမ်ပရာဘန်ပြည်နယ်နှင့် လာအိုနိုင်ငံတစ်ဝန်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကို ထိရောက်စွာ မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အတိုင်ပင်ခံ လီရှီကျန်းက တရုတ်နှင့် လာအိုနှစ်နိုင်ငံသည် တောင်တန်းရေမြေ ဆက်စပ်လျက်ရှိပြီး ကံကြမ္မာအကျိုးပေးတူညီကြသည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ စီမံကိန်းကို အရည်အသွေးမြင့်မားစွာ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအား တရုတ်-လာအို ချစ်ကြည်ရင်းနှီးမှုကို ပြသသည့် စံပြစီမံကိန်းတစ်ခု ဖြစ်လာစေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး အလယ်တန်းကျောင်း အဆင့်မြှင့်တင် ပြုပြင်မွမ်းမံရေး စီမံကိန်းသည် တရုတ်နိုင်ငံဘက်က လာအိုနိုင်ငံအား ကူညီထောက်ပံ့သည့် စာသင်ကျောင်း ၁၀ ကျောင်းအနက် တစ်ကျောင်းဖြစ်သည်။ စီမံကိန်းကို China Railway Construction Engineering Group (CRCEG) က တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး စုစုပေါင်း အဆောက်အဦဧရိယာ စတုရန်းမီတာ ၉,၄၁၇ ခန့်ရှိကာ စာသင်ဆောင် အသစ်၊ မိုးလုံလေလုံ အားကစားရုံ၊ ဂိတ်တံခါးနှင့် ဆက်စပ်ပစ္စည်းကိရိယာ အဆောက်အအုံများကို အသစ်ဆောက်လုပ်သွားမည်ဖြစ်ပြီး ဒေသခံ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။ (Xinhua)

.......................

(Chinese Version)

中国援老挝琅勃拉邦省和平中学升级改造项目开工

新华社万象8月31日电(记者赵旭 马淮钊)中国援老挝琅勃拉邦省和平中学升级改造项目开工仪式8月31日在琅勃拉邦举行。中老两国政府部门代表、双方各界嘉宾、和平中学全体师生等共同出席仪式。  

老挝教育体育部副部长达拉翁致辞表示,这一项目不仅是基础设施建设提升,更是老中传统友谊的有力见证。和平中学升级改造具有重要且紧迫的意义,将有效提升琅勃拉邦省乃至老挝全国人力资源开发水平。  

中国驻老挝大使馆经济商务处参赞李习臻表示,中老两国山水相连、命运与共。中方将与老方密切配合,确保项目高质量完成,将其建设成为展现中老友谊的示范工程。  

和平中学升级改造项目是中方援老10所学校之一。项目由中铁建工集团承建,总建筑面积约9417平方米,将新建教学楼、风雨操场、大门及配套设备用房,助力当地教育事业发展。(完)