
ရောမ/ မက်ဒရစ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အီတလီအစိုးရသည် ဩဂုတ် ၃၁ ရက်တွင် မူလက ထိုနေ့၌ ပြီးဆုံးရန် စီစဉ်ထားသည့် စပိန်နိုင်ငံမှ ပြည်ဝင်သူများအတွက် နယ်စပ်စစ်ဆေးရေး အစီအမံများကို ၁၅ ရက် ထပ်မံသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း အီတလီမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် စပိန်အစိုးရကလည်း ထိုနေ့တွင်ပင် အီတလီနိုင်ငံမှ ပြည်ဝင်သူများအတွက် နယ်စပ်စစ်ဆေးရေး အစီအမံများကို ၁၅ ရက် ထပ်မံသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
စပိန်နိုင်ငံ စီယူတာမြို့တွင် ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းဖြစ်ပွားမှုကြောင့် အီတလီနိုင်ငံသည် ဩဂုတ် ၁ ရက်မှစတင်၍ စပိန်နိုင်ငံမှ ပြည်ဝင်သူများအပေါ် နယ်စပ်စစ်ဆေးရေး အစီအမံများ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအမံများကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ “ယင်းမတိုင်မီ အီတလီနိုင်ငံအား နယ်စပ်စစ်ဆေးရေးများ ပြန်လည်လုပ်ဆောင်ရန် လှုံ့ဆော်ပေးခဲ့သော သက်ဆိုင်ရာ အခြေအနေများ ဆက်လက်တည်ရှိနေခြင်း” ကြောင့်ဖြစ်သည်ဟု အီတလီပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းကို ကိုးကား၍ အီတလီ ANSA သတင်းဌာနက ဖော်ပြခဲ့သည်။
အီတလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး Matteo Piantedosi သည် ထိုနေ့တွင် မီဒီယာများအား ပြောကြားရာတွင် သက်ဆိုင်ရာ ဆုံးဖြတ်ချက်မှာ နယ်စပ်လုံခြုံရေးသုံးသပ်စိစစ်ရေးကော်မတီမှ ကျွမ်းကျင်သူများ၏ အကဲဖြတ်ချက်အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီတလီဘက်အနေဖြင့် စပိန်၊ ဥရောပသမဂ္ဂ (EU) တို့နှင့် ပူးပေါင်းဆောင်ရွက်မှုပုံစံအမျိုးမျိုးကို ဆောင်ရွက်ရန် ဆန္ဒရှိပြီး ယခုအကြိမ် ထိန်းချုပ်မှုအစီအမံများအား သက်တမ်းတိုးခြင်းသည် “နောက်ဆုံးအကြိမ်” ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
စပိန်သတင်းစာ El País ၏ ဖော်ပြချက်အရ စပိန်အစိုးရသည် ဩဂုတ် ၃၁ ရက်တွင် အီတလီနိုင်ငံမှ လေယာဉ် သို့မဟုတ် သင်္ဘောဖြင့် ပြည်ဝင်လာသော ခရီးသွားဧည့်သည်များအတွက် ယာယီနယ်စပ်စစ်ဆေးရေးကို စက်တင်ဘာလ ၂၁ ရက်အထိ ၁၅ ရက်သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သည်။ စပိန်နိုင်ငံသည် ဩဂုတ် ၈ ရက်မှစတင်၍ သက်ဆိုင်ရာ စစ်ဆေးရေးများကို စတင်လုပ်ဆောင်ခဲ့ပြီး မူလက တစ်လကြာ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။
စီယူတာသည် အာဖရိကအနောက်မြောက်ပိုင်း၊ Gibraltar ရေလက်ကြားအနီး မြေထဲပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိပြီး မော်ရိုကိုနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ယခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် မော်ရိုကိုနိုင်ငံဘက်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားသည် စီယူတာသို့ ဝင်ရောက်လာခဲ့ပြီး မကြာသေးမီနှစ်များအတွင်း စပိန်နိုင်ငံ၏ အဆိုးရွားဆုံး နယ်စပ် ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်း ဖြစ်ပွားစေခဲ့သည်။ (Xinhua)
......................................
(Chinese Version)
意大利和西班牙互延边境管控15天
新华社罗马/马德里8月31日电(记者任耀庭 陈雨峥)据意大利媒体报道,意大利政府8月31日决定,将原定于当天结束的针对西班牙入境人员的边境检查措施延长15天。作为回应,西班牙政府当天也决定将针对意大利入境人员的边境检查措施延长15天。
意大利8月1日开始对西班牙入境人员实施边境检查措施,原因是西班牙飞地休达发生移民危机。据意大利安莎社援引意内政部消息报道,决定延长该措施是因为“此前促使意大利恢复边境检查的相关情况仍然存在”。
意大利内政部长马泰奥·皮安特多西当天对媒体表示,相关决定是基于边境安全分析委员会专家的评估。意方愿与西班牙及欧盟开展各种形式的合作,希望此次管控措施延长是“最后一次”。
据西班牙《国家报》报道,西班牙政府8月31日决定,将对从意大利乘飞机或轮船入境的旅客实施的临时边境检查延长15天,至9月21日。西班牙于8月8日开始实施相关检查,原定为期一个月。
休达位于非洲西北部、直布罗陀海峡附近的地中海沿岸,与摩洛哥接壤。今年7月底,大批非法移民从摩洛哥方向进入休达,引发近年来西班牙最严重的边境移民危机。(完)
图说:7月30日,非法移民进入西班牙北非飞地休达。新华社发(刘文勇摄)








