
ဝါရှင်တန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဟော်မုဇ် ရေလက်ကြား တောင်ဘက်ရေကြောင်းလမ်းကို ဖြတ်သန်းစဉ် ရေနံတင်သင်္ဘောကြီးတစ်စင်း မိုင်းထိမှန်၍ ခရီးစဉ်ရပ်တန့်ခဲ့ရကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ပြောကြားချက်မှာ မမှန်ကန်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM)က ဩဂုတ် ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ငြင်းဆိုခဲ့သည်။
ဟော်မုဇ် ရေလက်ကြားတွင် မိုင်းထိမှန်သည့် သင်္ဘော မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ဟော်မုဇ်ရေလက်ကြား တောင်ဘက်ပိုင်းကို တရားမဝင် ဖြတ်သန်းရန် ကြိုးပမ်းစဉ်" ရေနံတင်သင်္ဘောကြီးတစ်စင်း မိုင်းထိမှန်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကာ ခရီးစဉ် ရပ်တန့်ခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ သတင်းရင်းမြစ်ကို ကိုးကား၍ အီရန်မီဒီယာများက ဩဂုတ် ၃၁ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။ (Xinhua)
-------------------
(Chinese Version)
美军否认一超级油轮在霍尔木兹海峡触雷
新华社华盛顿8月31日电 美军中央司令部8月31日发表声明称,伊朗伊斯兰革命卫队有关一艘超级油轮在通过霍尔木兹海峡南部航线时触雷并停航的说法不实。
声明称,霍尔木兹海峡没有船只触雷。
伊朗媒体8月31日援引伊朗革命卫队的消息报道,一艘超级油轮在霍尔木兹海峡触雷后起火,已停止航行,这艘油轮“当时正试图非法穿越霍尔木兹海峡南部”。
1. 这是2025年2月19日拍摄的霍尔木兹海峡的资料照片。








