အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် ဂရင်းကင်ညွန် အမျိုးသားဥယျာဉ် မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Xinhua/AP)
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် ဂရင်းကင်ညွန် အမျိုးသားဥယျာဉ် မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Xinhua/AP)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်တွင် ဩဂုတ် ၂၉ ရက်က ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း အမေရိကန် အမျိုးသားဥယျာဉ် စီမံခန့်ခွဲမှုဌာနက ဩဂုတ် ၃၁ ရက်တွင် အတည်ပြုခဲ့သည်။ အဆိုပါဌာနက လက်ရှိတွင် လူ ၁၄ ဦးထက်မနည်းကို အဆက်အသွယ်ပြတ်တောက်ခြင်း သို့မဟုတ် ပျောက်ဆုံးသူများစာရင်းအဖြစ် ထည့်သွင်းထားကြောင်းလည်း သိရသည်။

ကြေညာချက်တွင် အမေရိကန် အမျိုးသားဥယျာဉ် စီမံခန့်ခွဲမှုဌာနက လက်ရှိ၌ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း၊ ကနဦးသုံးသပ်ချက်များအရ ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်အား ကန့်လန့်ဖြတ် ဖြတ်သန်းသွားသည့် ပင်မရေပို့ဆောင်ရေးပိုက်လိုင်း ၄၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခြင်း သို့မဟုတ် ဖျက်ဆီးခံရကြောင်း၊ ရေကြီးရေလျှံမှု သက်ရောက်ခြင်းကြောင့် အဆိုပါအမျိုးသားဥယျာဉ်၏ ဒေသအချို့အား ဆက်တိုက်ပိတ်ထားမည်ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များအနေဖြင့် အဆိုပါပိတ်ထားသောဒေသများသို့ ဝင်ရောက်ခြင်းမပြုရန် ဥယျာဉ်ဘက်က သတိပေးထားကြောင်း၊ ထိုမတိုင်မီ ခရီးသွားဧည့်သည် ၆၂ ဦးထက်မနည်းမှာ ဥယျာဉ်အတွင်း ရေကြီးရေလျှံမှု သက်ရောက်ခံရသော ဒေသများမှ ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

အသက်ဘေးမှထွက်ပြေးခဲ့ရသော ခရီးသွားဧည့်သည်က ၎င်းတို့သည် လျှိုမြောင်အတွင်း၌ လမ်းလျှောက်နေစဉ် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံခဲ့ရပြီး “မြစ်ချောင်းတွေက ရုတ်တရက် ရေမျက်နှာပြင် မြင့်တက်လာကာ ရေစီးတွေက အရပ်ရှစ်မျက်နှာကနေ ရုတ်တရက်ထွက်လာတာ။ နေရာတကာ ကျောက်တုံးခဲကြီး၊ ရွှံ့ရေနဲ့ တောင်ပြိုမှုတွေပဲဖြစ်ခဲ့တယ်” ဟု ဆိုသည်။ ၎င်းတို့သည် အမြင့်တစ်နေရာသို့ အမြန် တွယ်တက်ခဲ့ခြင်းကြောင့်သာ ပြင်းအားပြင်းထန်သော ရွှံ့နွံပြိုကျမှုတစ်ခုမှ လွတ်ကင်းခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာများကို ယင်းခရီးသွားဧည့်သည်က ပြန်လည်အောက်မေ့ ပြောပြခဲ့သည်။

အချို့ခရီးသွားဧည့်သည်ကလည်း ၎င်းတို့သည် ၄ မီတာကျော်မြင့်သည် ရေကြီးမှုက မြစ်တစ်လျှောက် တံတားများအား တိုက်စားဖြိုချသွားသည်ကို မျက်မြင်တွေ့မြင်ခဲ့ရကြောင်း ဆိုခဲ့သည်။

အမေရိကန် အမျိုးသားမိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ခြေ ရှိသေးကြောင်း သတိပေးပြောကြားထားသည်။ အမေရိကန် အမျိုးသားဥယျာဉ် စီမံခန့်ခွဲမှုဌာနက ရာသီဥတုအခြေအနေသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တိုးတက်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ဆိုသည်။

ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်သည် အမေရိကန်၏ လူကြိုက်အများဆုံး အမျိုးသားဥယျာဉ်များအနက် တစ်ခုဖြစ်သည်။ အစိုးရအချက်အလက်များအရ အဆိုပါဥယျာဉ်တွင် ယမန်နှစ်က ခရီးသွားဧည့်သည် အကြိမ်ရေ ၄.၄၃ သန်းကျော် ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

美大峡谷国家公园山洪已致两人死亡 超14人失联

新华社洛杉矶8月31日电(记者高山)美国国家公园管理局8月31日证实,位于亚利桑那州的大峡谷国家公园8月29日突发山洪,已造成至少两人死亡。目前仍有至少14人被该局列为可能失联或下落不明人员。  

美国国家公园管理局在声明中表示,目前已寻获两具遇难者遗体。初步评估显示,横贯大峡谷国家公园的主要输水管线约40%被损坏或摧毁。受山洪影响,该国家公园部分区域将持续关闭,公园方面提醒游客不要进入被关闭区域。此前,至少62名游客从园内受山洪影响区域撤出。  

有逃生游客对当地媒体回忆说,他们在峡谷内步行时遭遇强降雨,“溪流迅速暴涨,水流突然从四面八方冒出来,到处都是巨石、泥浆,还有山体滑坡”,他们仓皇爬上高处才躲过一股强大泥石流。也有游客说,他们目睹4米多高的洪水把沿河桥梁全部冲垮。  

美国国家气象局警告称,仍有强降雨导致山洪暴发的可能性。美国国家公园管理局表示,天气状况可能影响搜救进度。  

大峡谷国家公园是美国最受欢迎的国家公园之一。官方数据显示,该公园去年吸引游客超过443万人次。(完)

图说:这是8月30日在美国亚利桑那州拍摄的大峡谷国家公园山洪过后的景象。新华社/美联