
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
သမ္မတ လီဂျေမြောင်ကို ထောက်ခံမှုနှုန်းသည် ၃၈.၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ၄၀ ရာခိုင်နှုန်း အောက်သို့ ကျဆင်းခဲ့ကာ ယင်းမှာ ယမန်နှစ် ဇွန်လတွင် ၎င်းစတင်တာဝန်ယူချိန်မှစ၍ အနိမ့်ဆုံးဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာ၏ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးရ ပြည်သူ့သဘောထားစစ်တမ်းရလဒ်များတွင် ဖော်ပြထားသည်။
တောင်ကိုရီးယား Energy Economic News ၏ ကမ်းလှမ်းမှုအရ ပြည်သူ့သဘောထားစစ်တမ်းကောက်ယူရေးအဖွဲ့ “Realmeter” သည် လီဂျေမြောင်၏ အုပ်ချုပ်ရေးစွမ်းဆောင်မှုနှင့်ပတ်သက်၍ ဩဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် ဖြေဆိုသူ ၂,၅၀၉ ဦးကို စစ်တမ်းကောက်ယူခဲ့သည်။ ရလဒ်များအရ လီဂျေမြောင်၏ ထောက်ခံမှုနှုန်းမှာ ၃၈.၉ ရာခိုင်နှုန်း ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ၁.၃ ရာခိုင်နှုန်းပွိုင့်ကျဆင်းကာ သီတင်းပတ် ၇ ပတ်ဆက်တိုက် ကျဆင်းနေသည့်အနေအထားကို ပြသနေသည်။ မထောက်ခံမှုနှုန်းမှာ ၅၈.၇ ရာခိုင်နှုန်း ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ၁.၈ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့သည်။
“Realmeter”၏ ခွဲခြမ်းစိတ်ဖြာမှုအရ လီဂျေမြောင်၏ ထောက်ခံမှုနှုန်းကျဆင်းရခြင်းမှာ အကြောင်းရင်းများစွာကြောင့်ဖြစ်ပြီး အစိုးရ၏ အိမ်ခြံမြေစည်းမျဉ်းအသစ်များ ချမှတ်ခြင်း၊ တရားရုံးချုပ် တရားသူကြီးခန့်အပ်မှု အငြင်းပွားဖွယ်ရာများနှင့် ရဲတပ်ဖွဲ့၏ လုံခြုံရေးကိစ္စများကို မလျော်ကန်စွာ ကိုင်တွယ်ခြင်းတို့ ပါဝင်သည်။
“Realmeter” ၏ ဩဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိ ကောက်ယူခဲ့သော အခြားစစ်တမ်းတစ်ခုအရ အာဏာရ ကိုရီးယားဒီမိုကရက်တစ်ပါတီ၏ ထောက်ခံမှုနှုန်းမှာ ၄၃.၁ ရာခိုင်နှုန်း ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ၁.၂ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့သည်။ အကြီးဆုံး အတိုက်အခံပါတီဖြစ်သော ပြည်သူ့စွမ်းအားပါတီ၏ ထောက်ခံမှုနှုန်းမှာ ၃၇.၇ ရာခိုင်နှုန်း ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ၀.၁ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့သည်။
တောင်ကိုရီးယားသမ္မတအိမ်တော်ဖြစ်သည့် အိမ်ပြာတော်က ဩဂုတ် ၃၀ ရက်တွင် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး လီဂျေမြောင်က စီးပွားရေးတာဝန်ခံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနအကြီးအကဲ အပါအဝင် ရာထူးနေရာ ၆ ခုအတွက် အမည်စာရင်းတင်သွင်းခဲ့သည်။ တောင်ကိုရီးယားမီဒီယာများက သုံးသပ်သူများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် လီဂျေမြောင်သည် အစိုးရအဖွဲ့ကို “အကြီးအကျယ် နေရာအပြောင်းအလဲလုပ်ခြင်း” ဖြင့် ထောက်ခံမှုနှုန်းကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ (Xinhua)
...............................
(Chinese Version)
民调:韩国总统李在明支持率首次跌破40%
新华社北京8月31日电 韩国媒体8月31日发布的一项最新民意调查结果显示,总统李在明支持率降至38.9%,首次跌破40%,为其去年6月上任以来新低。
受韩国《能源经济新闻》委托,民调机构“真实计量器”8月24日至28日就李在明施政表现,对2509名18岁及以上的受访者进行调查。结果显示,李在明支持率为38.9%,较一周前下降1.3个百分点,连续7周呈下滑趋势;不支持率为58.7%,较一周前上升1.8个百分点。
据“真实计量器”分析,李在明支持率下降受多重因素影响,包括政府推行房地产新规、大法院法官任命引发争议以及警方对治安事件处理不当等。
“真实计量器”8月27日至28日开展的另一项调查显示,执政党共同民主党支持率为43.1%,较一周前上升1.2个百分点;最大在野党国民力量党的支持率为37.7%,较一周前上升0.1个百分点。
韩国总统府青瓦台8月30日宣布改组内阁,李在明提名主管经济的副总理、国防部长官等6个职位人选。韩国媒体援引分析人士的话报道,李在明意在通过内阁“大换血”提振支持率。(王一帆)
图说:2026年8月15日,在韩国首尔世宗文化会馆,韩国总统李在明发表致辞。新华社/纽西斯通讯社








