
ဘစ်ရှ်ကက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ၏ ဇနီး Aigul Japarova တို့သည် ဒေသစံတော်ချိန် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ရှိ ကာဂျစ္စတန်သမ္မတနိုင်ငံ အမျိုးသားသမိုင်းပြတိုက်အား သွားရောက်လေ့လာကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ဖုန်လိယွမ်နှင့် Aigul Japarova တို့သည် လှိုက်လှဲ၍ ချစ်ကြည်ရင်းနှီးသော ကြိုဆိုရေးဖျော်ဖြေတင်ဆက်မှုကို အတူရှုစားခဲ့သည်။ ထို့နောက် နှစ်နိုင်ငံအကြီးအကဲ၏ ဇနီးတို့သည် ကာဂျစ္စတန် ရိုးရာယဉ်ကျေးမှုပြခန်းအား အတူတကွ လှည့်လည်ကြည့်ရှုခဲ့သည်။
ဖုန်လိယွမ်က ပြခန်းတွင်စီရီပြသထားသော အဝတ်အထည်၊ ရက်လုပ်ထားသော ကော်ဇော စသည်တို့သည် လက်မှုပညာလက်ရာမြောက်သေသပ်လှပပြီး အရောင်အသွေးစုံလင်ကာ ကာဂျစ်လူမျိုး၏ သမိုင်းကြောင်းကြာရှည်သော လက်မှုအနုပညာအစဉ်အလာနှင့် တစ်မူထူးခြားသော လူနေမှုဘဝဓလေ့ကို ထင်ဟပ်ဖော်ပြနေကြောင်း၊ တရုတ်နှင့် ကာဂျစ္စတန်တို့သည် ရိုးရာယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေးနှင့် လက်ဆင့်ကမ်းမှုကို အလွန်အလေးထားကြကြောင်း၊ တရုတ်-ကာဂျစ္စတန် နှစ်နိုင်ငံအနေဖြင့် ပြည်သူအချင်းချင်းဖလှယ်မှုကို အဆက်မပြတ်တိုးမြှင့်ကာ ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို တိုးမြှင့်ရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြီးအကဲများ၏ ဇနီးတို့သည် တရုတ်-ကာဂျစ္စတန် နှစ်နိုင်ငံ ပူးတွဲကျင်းပသည့် “သင့်မြတ်၍ သဟဇာတဖြစ်မှု အလှတရား - တရုတ်ရှေးဟောင်းယဉ်ကျေးမှု အနုပညာပြပွဲ” အား လေ့လာကြည့်ရှုခဲ့ပြီး ကာဂျစ်လူမျိုး တိုင်းရင်းသားဝတ်စုံပြသမှုအား ရှုစားခဲ့ကာ တရုတ်-ကာဂျစ္စတန် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး အပြန်အလှန်လေ့လာသင်ယူမှုအား တက်ကြွစွာ တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုကြသည်။
ကာဂျစ္စတန်သမ္မတနိုင်ငံ အမျိုးသားသမိုင်းပြတိုက်သည် ကာဂျစ္စတန်နိုင်ငံ၏ အဆင့်မြင့်ဆုံး နိုင်ငံတော်ပြတိုက်ဖြစ်ပြီး အဆိုပါပြတိုက်တွင် သိမ်းဆည်းထားသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများသည် ကာဂျစ်လူမျိုးစု တိုးတက်မှုဖြစ်စဉ်ကို မှတ်တမ်းတင်ထားကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
彭丽媛同吉尔吉斯斯坦总统扎帕罗夫夫人扎帕罗娃参观吉尔吉斯共和国国家历史博物馆
新华社比什凯克8月31日电(记者董雪 苟洪景)当地时间8月31日上午,国家主席习近平夫人彭丽媛在比什凯克同吉尔吉斯斯坦总统扎帕罗夫夫人扎帕罗娃参观吉尔吉斯共和国国家历史博物馆。
彭丽媛同扎帕罗娃一道欣赏热情友好的迎宾表演。随后,两国元首夫人共同参观吉尔吉斯斯坦传统文化展。彭丽媛表示,博物馆陈列的服饰、织毯等工艺精美、色彩丰富,展现出吉尔吉斯民族悠久的手工艺传统和独特生活习俗。中吉都注重传统文化保护和传承,期待中吉两国不断扩大人文交流、增进民心相通。
两国元首夫人还参观了中吉双方联合举办的“和合致美——中华古代文明艺术展”,并观看吉尔吉斯民族特色服装展示,都表示要积极推动中吉两国文化交流互鉴。
吉尔吉斯共和国国家历史博物馆是吉尔吉斯斯坦最高级别的国家博物馆,馆藏文物记录了吉尔吉斯民族发展历程。(完)
图说1:当地时间8月31日上午,国家主席习近平夫人彭丽媛在比什凯克同吉尔吉斯斯坦总统扎帕罗夫夫人扎帕罗娃参观吉尔吉斯共和国国家历史博物馆。这是两国元首夫人共同参观吉尔吉斯斯坦传统文化展。 新华社记者 李响 摄
图说2:当地时间8月31日上午,国家主席习近平夫人彭丽媛在比什凯克同吉尔吉斯斯坦总统扎帕罗夫夫人扎帕罗娃参观吉尔吉斯共和国国家历史博物馆。这是两国元首夫人观看吉尔吉斯民族特色服装展示。 新华社记者 丁林 摄








