ကာဂျစ္စတန်နိုင်ငံ ဂျလာလာဘတ်မြို့ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း၏ ဂျလာလာဘတ်ဥမင် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ ဂျလာလာဘတ်မြို့ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း၏ ဂျလာလာဘတ်ဥမင် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံအနေဖြင့် တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း အရည်အသွေးမြင့် တည်ဆောက်ရေးအတွက် သေချာစွာလုပ်ဆောင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၃၁ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာ ဂျပါရော့ဗ်နှင့် တွေ့ဆုံစဉ် ရှီက အဆိုပါ မီးရထားလမ်းသည် ဒေသတစ်ဝန်းရှိ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များကို ဆောင်ကြဉ်းပေးမည့် အရေးပါသော သယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းတစ်ခု ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာ ဂျပါရော့ဗ်ကလည်း ကာဂျစ္စတန်အနေဖြင့် အဆိုပါ မီးရထားစီမံကိန်း တည်ဆောက်ရေးကို တက်ကြွစွာ မြှင့်တင်ဆောင်ရွက်ရန် အသင့်ရှိသလို ယင်းမီးရထားလမ်းကို ခေတ်သစ် “သံမဏိပိုးလမ်းမ” အဖြစ်လည်းကောင်း၊ နှစ်နိုင်ငံအကြား ခိုင်မြဲ‌သော ချစ်ကြည်ရင်းနှီးမှုအဖြစ်လည်းကောင်း ပြောင်းလဲဖော်ဆောင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် တည်ဆောက်နေဆဲဖြစ်ပြီး အဆိုပါ မီးရထားလမ်းစီမံကိန်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ရပ်ဝန်းနှင့် ပိုးလမ်းမ၏ အဓိကစီမံကိန်းများအနက် တစ်ခုဖြစ်ကာ  တရုတ်နိုင်ငံနှင့် ဗဟိုအာရှဒေသအကြား မဟာဗျူဟာမြောက် ဆက်သွယ်ချိတ်ဆက်မှုတစ်ခုလည်း ဖြစ်သည်။

အဆိုပါ မီးရထားလမ်းသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခါးရှီမြို့ မှ စတင်မည်ဖြစ်ပြီး ကာဂျစ္စတန်နိုင်ငံ၏ တောင်တန်းများကို ဖြတ်သန်းကာ ဥဇဘက်ကစ္စတန်နိုင်ငံအထိ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………

Xi urges quality construction of China-Kyrgyzstan-Uzbekistan railway

BISHKEK, Aug. 31 (Xinhua) -- Chinese President Xi Jinping on Monday called on China and Kyrgyzstan to ensure the high-quality construction of the China-Kyrgyzstan-Uzbekistan railway.

In his talks with Kyrgyz President Sadyr Japarov, Xi described the railway as a major transportation artery that carries the development aspirations of the people across the region.

Japarov said Kyrgyzstan stands ready to actively advance the construction of the railway project, so as to turn it into a "steel Silk Road" for the new era and a new bond of friendship between the two countries.

The railway, which is currently under construction, was launched at the end of 2024. It is a flagship project of the Belt and Road Initiative, serving as a strategic link between China and Central Asia.

The route will begin in Kashgar, located in northwest China's Xinjiang Uygur Autonomous Region, and pass through the mountainous terrain of Kyrgyzstan to reach Uzbekistan.

Photo caption: An aerial drone photo taken on Aug. 15, 2026 shows the construction site of the Jalalabad tunnel of the China-Kyrgyzstan-Uzbekistan railway in Jalalabad, Kyrgyzstan. (Xinhua/Li Renzi)