ဂျပန်နိုင်ငံ တိုကျိုမြို့ Tsukiji ဘူတာအနီးတွင် ဈေးဝယ်သူများက ဆိုင်တစ်ဆိုင်ရှေ့၌ ရွေးချယ်ဈေးဝယ်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ Tsukiji ဘူတာအနီးတွင် ဈေးဝယ်သူများက ဆိုင်တစ်ဆိုင်ရှေ့၌ ရွေးချယ်ဈေးဝယ်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် စက်တင်ဘာလ၌ စားသောက်ကုန် အမျိုးအစား ၅,၀၀၀ နီးပါး ဈေးတက်မည်ဖြစ်ပြီး “ယခုနှစ်အတွင်း အကြီးမားဆုံး ဈေးတက်လှိုင်း” နှင့် ကြုံတွေ့ရမည်ဟု ခန့်မှန်းရကြောင်း ဂျပန်နိုင်ငံ သုတေသနအဖွဲ့အစည်းတစ်ခု၏ ဩဂုတ် ၃၁ ရက်က ထုတ်ပြန်သော စစ်တမ်းရလဒ်များတွင် ဖော်ပြထားသည်။

စစ်တမ်းကောက်ယူသည့် အဖွဲ့အစည်းဖြစ်သော Teikoku Databank, Ltd. ၏ ဂျပန်နိုင်ငံရှိ အဓိက စားသောက်ကုန်ကုမ္ပဏီ ၁၉၅ ခုအပေါ် စစ်တမ်းကောက်ယူမှုအရ စက်တင်ဘာလတွင် ဈေးတက်မည့် စားသောက်ကုန် အမျိုးအစားများမှာ ၄,၉၂၃ မျိုးအထိရှိပြီး ယမန်နှစ် အလားတူကာလ၏ ၃ ဆ ခန့်ရှိကြောင်း သိရသည်။ ဤသည်မှာ ၂၀၂၅ ခုနှစ် ဧပြီလနောက်ပိုင်း တစ်လတည်းတွင် ဈေးတက်သည့် အမျိုးအစားအရေအတွက် ၄,၀၀၀ ကို ကျော်လွန်သွားခြင်းလည်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသအခြေအနေဆိုးရွားလာသောကြောင့် ရေနံဈေးနှုန်းမြင့်တက်လာမှု၏ သက်ရောက်မှုက ထုပ်ပိုးပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာစေကာ ကုမ္ပဏီလုပ်ငန်းများက ကုန်ကျစရိတ်များကို ကုန်ပစ္စည်းရောင်းဈေးပေါ်သို့ ဆက်လက်လွှဲပြောင်းလျက်ရှိသည်။ ထို့အပြင် စံချိန်တင် ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် သွင်းကုန်ကုန်ကျစရိတ်များ ဆက်လက်မြင့်တက်လျက်ရှိကာ အောက်တိုဘာလတွင် ဈေးတက်မည့် စားသောက်ကုန် အမျိုးအစားများမှာလည်း ၃,၀၀၀ ကျော်အထိရှိမည်ဟု ခန့်မှန်းထားသည်။

အဆိုပါအဖွဲ့အစည်းက ဂျပန်နိုင်ငံ ၂၀၂၆ ခုနှစ် တစ်နှစ်လုံးတွင် ဈေးတက်သော စားသောက်ကုန် အမျိုးအစား စုစုပေါင်းအရေအတွက်သည် ၂၀၂၅ ခုနှစ်ကို ကျော်လွန်သွားမည်ဟု ခန့်မှန်းရကြောင်း ထောက်ပြထားသည်။ (Xinhua)

.............................

(Chinese Version)

日本9月将迎来年内最大一波食品涨价潮

新华社东京8月31日电(记者蓝建中 李诗萌)日本一家调查机构8月31日公布的调查结果显示,预计日本9月将有近5000种食品要涨价,迎来“年内最大一波涨价潮”。  

调查机构帝国数据库公司对日本195家主要食品企业的调查显示,9月将要涨价的食品种类达到4923种,约为去年同期的3倍。这也是自2025年4月以来,单月涨价种类再度突破4000种。受中东局势恶化导致的原油价格走高影响,包装材料价格上涨,企业不断把成本转嫁到商品售价上。此外,受创纪录的日元贬值影响,进口成本持续走高,预计10月涨价的食品种类也将超过3000种。  

该机构指出,预计日本2026年全年涨价的食品种类总数将超过2025年。(完)

图说:2025年12月18日,在日本东京筑地站附近,顾客在一家店铺前选购。新华社记者 贾浩成 摄