အိုမန်ပင်လယ်ကွေ့နှင့် ပါရှန်ပင်လယ်ကွေ့ကို ဆက်သွယ်ထားသည့် ဟော်မုဇ် ရေလက်ကြား ရေပြင်အတွင်း ထိုင်းကုန်သင်္ဘောတစ်စီး တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းနေသည်ကို မတ်လ ၁၁ ရက်က ထိုင်းရေတပ်မှ ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရစဉ် (Photo: Royal Thai Navy)
အိုမန်ပင်လယ်ကွေ့နှင့် ပါရှန်ပင်လယ်ကွေ့ကို ဆက်သွယ်ထားသည့် ဟော်မုဇ် ရေလက်ကြား ရေပြင်အတွင်း ထိုင်းကုန်သင်္ဘောတစ်စီး တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းနေသည်ကို မတ်လ ၁၁ ရက်က ထိုင်းရေတပ်မှ ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရစဉ် (Photo: Royal Thai Navy)

တီဟီရန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ဟော်မုဇ်ရေလက်ကြားကို လက်ရှိတွင် လုံးဝပိတ်ထားပြီး မည်သည့်သင်္ဘောမဆို အဆိုပါရေလက်ကြားကို ဖြတ်သန်းသွားလာမည်ဆိုပါက အီရန်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် ခွင့်ပြုချက် ရရှိရမည်ဖြစ်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Gharibabadi က ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အီရန် လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြား၏ လှုပ်ရှားမှုအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားပြီး အဆိုပါရေလက်ကြားမှ သင်္ဘောများ ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်၍ အမေရိကန်ဘက်က ပြောကြားချက်များသည် "လုံးဝ မမှန်ကန်ကြောင်း" Gharibabadi က ပြောကြားခဲ့သည်ဟု အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) ၏ သတင်းဖော်ပြချက်အရ သိရသည်။

အီရန်သည် ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများ ဖြတ်သန်းသွားလာမှုဆိုင်ရာ စီစဉ်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အိုမန်နိုင်ငံနှင့် နားလည်မှု ရရှိထားပြီး ဖြစ်သော်လည်း အမေရိကန်က ၎င်း၏ ကတိကဝတ်များကို မလိုက်နာမချင်း ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

#Iran #StraitofHormuz #အီရန် #ဟော်မုဇ်ရေလက်ကြား

------------------------------------------

(Chinese Version)

伊朗副外长:未经协调任何船只无法通过霍尔木兹海峡

  新华社德黑兰8月29日电 伊朗外交部副部长加里布阿巴迪29日表示,霍尔木兹海峡目前完全关闭,任何船只如通过该海峡均经过伊朗的协调和许可。

  据伊朗伊斯兰共和国广播电视台报道,加里布阿巴迪说,伊朗武装力量完全掌握霍尔木兹海峡的一切动向,美国方面有关船只通过该海峡的说法“完全不属实”。

他说,伊朗已与阿曼就船只通过霍尔木兹海峡的相关安排达成谅解,但在美国履行其承诺之前,霍尔木兹海峡不会重新开放。

1. 这张泰国海军3月11日发布的照片显示,一艘泰国货船在霍尔木兹海峡海域遭袭起火。新华社发(Photo: Royal Thai Navy)