
တိုကျို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်း အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခဲ့သည့် ဂျပန် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JGSDF) တတိယအဆင့် ကြည်းတပ်ဗိုလ် Murata Kodai အား ရာထူးမှ ထုတ်ပယ်သည့် ပြစ်ဒဏ်ကို ဩဂုတ် ၂၈ ရက်တွင် ချမှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ Kyodo သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၆ ခုနှစ် မတ် ၂၄ ရက်တွင် Murata Kodai သည် ဓားကို ကိုင်ဆောင်၍ နံရံကျော်တက်ကာ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်းသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ပြီး တရုတ် သံတမန် ဝန်ထမ်းများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ၎င်းအား ချက်ချင်း ဖမ်းဆီးခဲ့သည်။ ဂျပန် အစိုးရ ရှေ့နေများဘက်မှ အဆောက်အအုံအတွင်းသို့ ကျူးကျော်ဝင်ရောက်မှု၊ သံရုံး ဝန်ထမ်းများအား ခြိမ်းခြောက်မှု စသည့် ပြစ်မှုများဖြင့် ၎င်းအား စွဲချက်တင် တရားစွဲဆိုခဲ့သည်။
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံရုံးအတွင်း ကျူးကျော်ဝင်ရောက်သည့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ အလေးအနက် ပြောကြားမှုများခဲ့သလို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပြီး ဂျပန်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိသော ရှင်းလင်းချက် ပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ဂျပန်ဘက်က "ဝမ်းနည်းကြောင်း" သာ ဖော်ပြခဲ့ပြီး တောင်းပန်ခဲ့ခြင်း မရှိပေ။ (Xinhua)
-------------------
(Chinese Version)
日本陆上自卫队将强闯中国使馆的村田晃大免职
新华社东京8月28日电(记者陈泽安 梁晨)据日本共同社报道,日本陆上自卫队28日对强闯中国驻日本大使馆的三等陆尉村田晃大作出免职处分。
今年3月24日,村田晃大携刀翻墙强行闯入中国驻日本大使馆,威胁杀害中国外交人员,随后被警方逮捕。日本检方以入侵建筑物、威胁使馆工作人员等罪名对其提起公诉。
中国驻日使馆就闯馆事件提出严正交涉并表示强烈抗议,要求日方作出负责任的交代。然而,日方仅表示“遗憾”,并未道歉。








