ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကက်စ်တွင် ဗင်နီဇွဲလား ယာယီသမ္မတ Delcy Rodríguez က အမှာစကား ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကက်စ်တွင် ဗင်နီဇွဲလား ယာယီသမ္မတ Delcy Rodríguez က အမှာစကား ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပမာဏအများအပြား ရေနံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ရရှိခဲ့သည်ဟု ဗင်နီဇွဲလား ယာယီသမ္မတ Delcy Rodríguez က ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

Delcy Rodríguez က လူမှုမီဒီယာမှတစ်ဆင့် အစိုးရကြေညာချက်ထုတ်ပြန်၍ ထိုသဘောတူညီချက်သည် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများ ပါဝင်ရန် ခွင့်ပြုထားပြီး ထိုမှတစ်ဆင့် ရေနံထုတ်လုပ်မှုပမာဏကို ပမာဏအများအပြား မြှင့်တင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်အရ မဟာဗျူဟာရေနံလုပ်ကွက် ၁၇ ခုကို ထုတ်ဖော်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ ၁၀၀ ဘီလီယံထက်ကျော်မည်ဖြစ်ကာ ဗင်နီဇွဲလားနိုင်ငံအစိုးရအတွက် ကန်ဒေါ်လာ ၂၀၉ ဘီလီယံ ကျော်သည် အခွန်ဝင်ငွေ သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၂၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်သည် ဗင်နီဇွဲလားနှင့် သဘောတူညီချက် ရရှိထားပြီဖြစ်ကာ ဗင်နီဇွဲလားနိုင်ငံ၏ စူးစမ်းရှာဖွေထားပြီးဖြစ်သော ရေနံသိုလှောင်မှု ပမာဏအနက် ရေနံစည် ၆၅ ဘီလီယံကျော်၏ “အများစု ထိန်းချုပ်ခွင့်ကို” ပိုင်ဆိုင်ထားကြောင်း ကြေညာခဲ့သည်။

Delcy Rodríguez က ဇန်နဝါရီ ၂၉ ရက်တွင် ရေနံဥပဒေ ပြုပြင်ပြောင်းလဲမှု သက်ဆိုင်ရာဥပဒေများအား လက်မှတ်ရေးထိုးခဲ့ပြီး အကြောင်းအရာများတွင် ပုဂ္ဂလိကနှင့် နိုင်ငံခြားသားများက ဗင်နီဇွဲလားနိုင်ငံ ရေနံလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

委内瑞拉证实同美国达成石油合作协议

新华社加拉加斯8月28日电(记者田睿)委内瑞拉代总统德尔西·罗德里格斯28日称,该国同美国达成大规模石油合作协议。  

罗德里格斯通过其社交媒体发布政府公报表示,该协议将允许私营企业参与,从而大幅提高石油产量。协议提到将开发17个战略油田,投资额超过1000亿美元,并将为委内瑞拉政府带来超过2090亿美元的税收收入。  

美国总统特朗普28日在社交媒体发文宣布,美国已与委内瑞拉达成协议,获得对委内瑞拉已探明石油储量中逾650亿桶的“多数控制权”。  

1月29日,罗德里格斯签署了石油法改革相关法案,内容包括允许私人和外国投资委内瑞拉石油行业。(完)

图说1:4月30日,在委内瑞拉首都加拉加斯,委内瑞拉代总统德尔西·罗德里格斯(前)发表讲话。新华社发

图说2:4月6日,美国总统特朗普在首都华盛顿白宫举行的新闻发布会上讲话。新华社发(李源清摄)