
မော်စကို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ရုရှားလက်နက်ကိုင်အင်အားစုသည် ဩဂုတ် ၂၇ ရက်တွင် ယူကရိန်း စစ်လက်နက်လုပ်ငန်းကုမ္ပဏီ၊ ကုန်စည် ထောက်ပံ့ပို့ဆောင်ရေးနေရာနှင့် ယူကရိန်းစစ်တပ်အတွက် ဝန်ဆောင်မှုပေးသည့် ဆိပ်ကမ်း၊ သင်္ဘောများအား ဆက်လက်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းဘက်၏ ရေနံသင်္ဘော ၁ စင်း၊ ဆီသိုလှောင်ကန် ၂ ခုနှင့် စစ်တပ်သုံးဂိုဒေါင် ၇ ခုအား ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
ရုရှားစစ်တပ်သည် ထိုနေ့တွင် လက်နက်အမျိုးအစားများစွာအား အသုံးပြု၍ အထက်ပါပစ်မှတ်များအပေါ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံ တောင်ပိုင်း Odesa ပြည်နယ် Izmail ဆိပ်ကမ်းအတွင်း၌ ရပ်နားထားကာ ယူကရိန်းစစ်တပ်အတွက် လောင်စာဆီ ပို့ဆောင်ပေးသော ရေနံတင်သင်္ဘော ၁ စင်းနှင့် ဆိပ်ကမ်းအတွင်းရှိ ဆီသိုလှောင်ကန် ၂ ခု၊ Odesa ဆိပ်ကမ်းအတွင်းရှိ ယူကရိန်းစစ်တပ်အတွက် ပံ့ပိုးပေးသော စစ်ဘက်သုံးပစ္စည်းဂိုဒေါင် ၇ ခုအား ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ရုရှားစစ်တပ်သည် ကိဗ်ပြည်နယ်ရှိ “မြေပြင်အခြေစိုက် ထောက်လှမ်းတိုက်ခိုက်ရေးစနစ် တပ်ဆင်ထားသော အဝေးထိန်းကိရိယာ” ထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီတစ်ခုနှင့် ဒေသတွင်းရှိ ဒရုန်းအမျိုးအစား မျိုးစုံပို့ဆောင်သိုလှောင်ထားသည့် ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးနေရာတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန်၍ ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်သော စစ်ပွဲအခြေအနေအစီရင်ခံစာအရ ရုရှားစစ်တပ်သည် “လုံးဝလျော့သွားခြင်းမရှိသော အမြန်နှုန်း” ဖြင့် ဘက်ပေါင်းစုံ၌ တိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း၊ တိုက်ခိုက်ရေးတပ်ဖွဲ့အချို့သည် Donetsk ပြည်နယ် အဓိကမြို့ဖြစ်သော Sloviansk ၊ Kramatorsk ၊ Druzhkivka စသည့် ဒေသများသို့ပင် နီးကပ်လာပြီဖြစ်ကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးကဏ္ဍတွင် ရုရှားစစ်တပ်က ဩဂုတ် ၂၇ ရက်၌ ယူကရိန်းဘက်၏ တောင်ပံပုံသေဒရုန်း ၅၉၁ စင်း၊ လေကြောင်းလမ်းညွှန်ဗုံး ၁၉ လုံးနှင့် ဒုံးကျည် ၂ လုံးတို့ကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
俄军摧毁乌油轮、储油罐和军用仓库
新华社莫斯科8月27日电 俄罗斯国防部27日发布消息说,当天俄武装力量继续攻击乌克兰军工企业、物流站点和为乌军服务的港口、船只,摧毁乌方1艘油轮、2个储油罐和7座军用仓库。
俄国防部当天通过社交媒体通报说,俄军当天使用多种武器对上述目标实施打击,摧毁1艘停泊在乌克兰南部敖德萨州伊兹梅尔港内、为乌军运送燃油的油轮和港口内的两个储油罐;摧毁敖德萨港内用于保障乌军的7座军用器材仓库。此外俄军还攻击了位于基辅州生产“地面‘察打一体’遥控装备”的一家企业和当地一处运输储存多种无人机的物流站点。
俄国防部当天发布的战报还显示,俄军正以“丝毫未减的速度”在各个方向展开进攻,部分突击部队已逼近顿巴斯重镇斯拉维扬斯克、克拉马托尔斯克、德鲁日科夫卡等地。在防空方面,俄军27日共击落乌方591架固定翼无人机、19枚制导航空炸弹和2枚火箭弹。(完)
图说:8月20日,乌克兰基辅市索洛缅斯基区一栋居民楼在导弹袭击中严重受损。新华社发(彼得·德鲁克摄)








