
မက်ဒရစ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
ဩဂုတ် ၂၆ ရက်ညက ယှဉ်ပြိုင်ခဲ့သည့် ဟိုဆေးမော်ရင်ဟို ဆန်ဒီယေဂို ဘာနေဗျူးကွင်းသို့ပြန်လာသည့်ပွဲ၌ ကီလီယန်အမ်ဘာပေ၏ ဟက်ထရစ်ဂိုးများနှင့်အတူ ရီးရဲလ်ဆိုစီဒက်အသင်းကို အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် ရီးရဲလ်မက်ဒရစ်အသင်းက အောင်ပွဲရယူခဲ့သည်။
အမ်ဘာပေသည် ပွဲချိန်ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ အစပိုင်းတွင် ရလဒ်ထွက်ပေါ်ရန် ခက်ခဲခဲ့သော ရီးရဲလ်မက်ဒရစ် အသင်းမှာ ဒုတိယပိုင်းအပြီးတွင်မူ ပွဲကို အပြည့်အဝ ထိန်းချုပ်ကစားနိုင်ခဲ့သည်။
ပွဲမစမီတွင် စပိန်အသင်း၏ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ပါဝင်ပံ့ပိုးပေးခဲ့သည့် ရီးရဲလ်မက်ဒရစ် ကစားသမား Marc Cucurella နှင့် ရီးရဲလ်ဆိုစီဒက်အသင်းခေါင်းဆောင် Mikel Oyarzabal တို့အား ဆန်တီယေဂိုဘာနေဗျူး ပရိသတ်များက လက်ခုပ်သြဘာဖြင့်ဂုဏ်ပြုခြင်းဖြင့် ပွဲကိုစတင်ခဲ့ရာ ရီးရဲလ်ဆိုစီဒက်အသင်းသည် ပထမပိုင်းတွင် ရီးရဲလ်မက်ဒရစ်၏ တိုက်စစ်ကို ထိန်းချုပ်တားဆီးနိုင်ခဲ့သည်။
ပွဲကစားချိန် မိနစ် ၄၀ တွင် Fede Valverde ၏ အတိအကျပေးပို့ခဲ့ပြီး အမ်ဘာပေက အတွင်းဘက်သို့ လှည့်ထွက်ကာ ဂိုးအဖြစ် အပိုင်ကန်သွင်းခဲ့ရာ မျှော်လင့်ချက်မြင့်မားနေသည့် အိမ်ကွင်းပရိသတ်များ မကျေနပ်မှုများ ဖြစ်လာချိန်မှာပင် ရီးရဲလ်မက်ဒရစ်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့သည်။
သို့သော် ရီးရဲလ်မက်ဒရစ်၏ဦးဆောင်မှုမှာ လေးမိနစ်မျှသာ ခံခဲ့သည်။ Job Ochieng ၏ ကန်ချက်က နောက်ခံလူတစ်ဦးနှင့်ထိကာ ပြင်းထန်စွာလမ်းကြောင်းပြောင်းသွားချိန်တွင် အိမ်ရှင်အသင်း ခံစစ်ကစားသမားများ တုံ့ပြန်မှုနှေးကွေးခဲ့သောကြောင့် Luka Sucic က ဂိုးသမား Thibaut Courtois ကို ကျော်လွန်၍ ချေပဂိုး သွင်းယူနိုင်ခဲ့သည်။
ဒုတိယပိုင်းပွဲအစတွင် ရီးရဲလ်ဆိုစီဒက် ဂိုးသမား အဲလက်စ်ရီုမီရိုက လူစားဝင်လာသည့် Cucurella ၏ ဖြတ်တင်ဘောကို ပိတ်ဆို့နိုင်ခဲ့သလို အမ်ဘာပေ၏ ဒုတိယမြောက်ဂိုး ရရှိမည့်အခွင့်အရေးကိုလည်း ကောင်းစွာ ကာကွယ်နိုင်ခဲ့သည်။
အမ်ဘာပေသည် ပွဲချိန်တစ်နာရီကျော်တွင် ဂျူဒီဘယ်လင်ဂမ်နှင့် တွဲလုံးပေးပို့မှုမှတစ်ဆင့် တစ်ဂိုးထပ်မံသွင်းယူကာ ရီးရဲလ်မက်ဒရစ်၏ ဦးဆောင်မှုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သလို ၆၈ မိနစ်တွင် ဘယ်လင်ဂမ်က ထပ်မံ၍ ဂိုးဖန်တီးပေးခဲ့ရာ Vinicius Jr က ရီးရဲလ်မက်ဒရစ်အတွက် တတိယမြောက်ဂိုး သွင်းယူခဲ့သည်။
ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံး ကစားသမား အမ်ဘာပေသည် ပွဲချိန် မိနစ် ၈၀ တွင် Vinicius ၏ ဖန်တီးပေးမှုမှတစ်ဆင့် ၎င်း၏ဟက်ထရစ်ဂိုးကို သွင်းယူခဲ့ပြီး ပွဲကိုပြတ်ပြတ်သားသား အနိုင်ရရှိစေခဲ့ကာ မော်ရင်ဟို အတွက်လည်း ဘာနေဗျူးသို့ အနိုင်ရလဒ်ဖြင့် ပြန်လာသည့်ပွဲဖြစ်စေခဲ့သည်။ (Xinhua)
…………….
(English Version)
Mbappe hits hat-trick as Mourinho returns to Bernabeu with a win
MADRID, Aug. 26 (Xinhua) -- Kylian Mbappe scored a hat-trick as Jose Mourinho celebrated his return to the Santiago Bernabeu Stadium with a 4-1 home win over Real Sociedad on Wednesday night.
Mbappe scored once in the first half and twice in the second as Real Madrid overcame a difficult opening period before taking control after the break.
Real Sociedad did well to keep Real Madrid at bay in the first half, which kicked off after Real Madrid's Marc Cucurella and Real Sociedad captain Mikel Oyarzabal received applause from the Santiago Bernabeu crowd for their roles in Spain's World Cup triumph.
A moment of quality in the 40th minute saw Fede Valverde pick out Mbappe, who cut inside and fired home to put Real Madrid ahead as the demanding home crowd began to show signs of discontent.
Real Madrid's lead lasted only four minutes before Luka Sucic equalized after the home defense was slow to react when Job Ochieng's shot took a big deflection.
Real Sociedad goalkeeper Alex Remiro reacted well to deny Mbappe a second goal early in the second half and then did well to block a cross from Cucurella, who came on as a substitute at the start of the second half.
Mbappe restored Real Madrid's lead just after the hour following a swift passing move with Jude Bellingham, who turned provider again in the 68th minute when he won the ball from Real Sociedad defender Luken Beitia to set up Vinicius Jr. for his side's third goal of the night.
The World Cup top scorer completed his hat-trick in the 80th minute after an assist from Vinicius to seal a comfortable victory and a winning return to the Bernabeu for Mourinho.
Photo caption: Kylian Mbappe (C) of France celebrates his score during the group I match between France and Senegal at the 2026 FIFA World Cup at New York New Jersey Stadium in New York, the United States, June 16, 2026. (Xinhua/Xu Chang)








