
အမေရိကန်က အီရန်တောင်းဆိုချက်များကို လက်မခံပါက ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးမည်မဟုတ်ဟု IRGC ပြော
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တရားဝင်သတင်းထုတ်ပြန်ရေးဌာန Sepah News ၏အဆိုအရ အီရန်၏တောင်းဆိုချက်များကို အမေရိကန်က လက်မခံပါက ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးမည်မဟုတ်ကြောင်း IRGC က ဩဂုတ် ၂၆ ရက်၌ ပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် ရေကြောင်းလမ်းသည် အီရန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ပြီး မည်သည့်သင်္ဘောမျှ အီရန်၏ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း IRGC ပြောရေးဆိုခွင့်ရှိသူ Hossein Mohebbi က သတင်းထောက်များကို ဆိုခဲ့သည်။
"ရန်သူစစ်သင်္ဘောတွေအားလုံး ဟော်မုဇ်ရေလက်ကြားနှင့် အနည်းဆုံး ကီလိုမီတာ ၄၀၀ အကွာတွင် ရှိနေပြီး စစ်ရေးနဲ့ နယ်မြေပိုင်နက်ဆိုင်ရာ ရှုထောင့်များမှကြည့်ပါက အီရန်၏ ခွင့်ပြုချက်နှင့် စီမံခန့်ခွဲမှုမရှိဘဲ မည်သည့်သင်္ဘောမျှ ဒီရေလမ်းကြောင်းကို ဖြတ်သန်းသွားလာနိုင်ခြင်းမရှိပါဘူး" ဟု Mohebbi က ပြောကြားခဲ့ပြီး အိုမန်နိုင်ငံအနီးရှိ လမ်းကြောင်းပင်လျှင် အီရန်၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို အီရန်နှင့် အိုမန်နှစ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ထပ်လောင်း အလေးထားပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသရှိ သံရုံးများတွင် သံတမန်များကို အဆင့်လိုက် ပြန်လည်စေလွှတ်ရန် အမေရိကန်စီစဉ်နေ - NYT သတင်းဖော်ပြ
ထရမ့်အစိုးရသည် အမေရိကန်-အစ္စရေးတို့က အီရန်ကို စစ်ဆင်နွှဲမှုမတိုင်မီနှင့် စစ်ပွဲကာလအတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့သော အရှေ့အလယ်ပိုင်းဒေသရှိ သံရုံးများသို့ သံတမန်များကို ပြန်လည်စေလွှတ်ရန် စီစဉ်နေပြီး အချို့ဝန်ထမ်းများမှာ အစောဆုံး ယခုသီတင်းပတ်အတွင်းပင် ပြန်လည်ရောက်ရှိနိုင်သည်ဟု The New York Times (NYT) က ဖော်ပြခဲ့သည်။
အစ္စရေး၊ လက်ဘနွန်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဂျော်ဒန်၊ အိုမန်၊ အီရတ်နှင့် ကူဝိတ်ရှိ အမေရိကန်သံရုံးများမှာ ဝန်ထမ်းအင်အားတိုးမြှင့်ရန် မျှော်မှန်းထားသော မစ်ရှင်များထဲတွင် ပါဝင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဌာနတွင်းစာရွက်စာတမ်းနှင့် အမေရိကန်အရာရှိသုံးဦး၏ ပြောကြားချက်အား ကိုးကား၍ ဩဂုတ် ၂၅ ရက် သတင်းတွင် ဖော်ပြထားသည်။
NYT ရရှိထားသော စာတမ်းအရ ပထမဆုံးပြန်လည်ခန့်အပ်မည့် သံတမန်များမှာ လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် ဖြစ်သော်လည်း အဆိုပါအစီအစဉ်အရ သံရုံးမှာ ဝန်ထမ်းအရေအတွက် အပြည့်အဝမရောက်ရှိနိုင်သေးကြောင်း သိရသည်။
နီပေါနိုင်ငံမြောက်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၅၇ ဦးသေဆုံးဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
နီပေါနိုင်ငံ မြောက်ပိုင်းတွင် ရုတ်တရက် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၅၇ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၂၆ ရက် ညပိုင်းက ပြောကြားခဲ့သည်။ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် နောက်ထပ် ဒဏ်ရာရသူ ၄၁ ဦးကိုလည်း ဆေးကုသမှုခံယူရန် ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အစ္စလာမ်မာဘတ်ဆေးရုံ မီးလောင်မှုတွင် မွေးကင်းစကလေးငယ် ၁၄ ဦးထက်မနည်း သေဆုံး
ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ ပါကစ္စတန်ဆေးသိပ္ပံအင်စတီကျု သားဖွားမီးယပ်ဆေးရုံဌာနတွင် ဩဂုတ် ၂၆ ရက်က မီးလောင်မှုဖြစ်ပွားရာ မွေးကင်းစကလေးငယ် ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၆:၄၀ ခန့်တွင် ဆေးရုံ တတိယထပ်ရှိ သားဖွားမီးယပ်ဆောင်ဧရိယာ၌ ကလေးငယ်များရှိနေချိန် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့သတင်ရင်းမြစ်များက ဆင်ဟွာကို ပြောကြားခဲ့သည်။
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူနာတင်ကားများနှင့် ရဲတပ်ဖွဲ့တို့ အလျင်အမြန်ရောက်ရှိလာခဲ့ကြသည်။ အဆိုပါ ဆေးကုသဆောင်မှ ကလေးငယ်အများအပြားအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံးဂိမ်းပြပွဲ Gamescom ၂၀၂၆ ကိုလုန်းမြို့တွင် စတင်ကျင်းပ
ကွန်ပျူတာနှင့် ဗီဒီယိုဂိမ်းများအတွက် ကမ္ဘာ့အကြီးဆုံး ကုန်စည်ပြပွဲဖြစ်သော Gamescom ကို ဩဂုတ် ၂၆ ရက်က ဂျာမနီနိုင်ငံ ကိုလုန်းမြို့တွင် စတင်ကျင်းပခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲကို ဩဂုတ် ၂၆ ရက်တွင် ကုန်သွယ်ရေးဧည့်သည်များနှင့် မီဒီယာကိုယ်စားလှယ်များအတွက် ဖွင့်လှစ်ထားပြီး ငါးရက်ကြာကျင်းပမည့် အဆိုပါ ပြပွဲသို့ နိုင်ငံနှင့် ဒေသပေါင်း ၆၇ ခုမှ ပြပွဲပြသသူ ၁,၆၀၀ ကျော် တက်ရောက်ကြပြီး ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံတကာကုမ္ပဏီများဖြစ်သည်။
ကိုလုန်းပြပွဲစင်တာ (Koelnmesse) နှင့် ဂျာမန်ဂိမ်းလုပ်ငန်းအသင်းတို့ ပူးတွဲကျင်းပသည့် Gamescom ၂၀၂၆ ပြပွဲတွင် ဂိမ်းစမ်းသပ်ကစားခြင်း၊ Cosplay ပြသမှုများ၊ ဘုတ်ဂိမ်းနှင့် ကားဂိမ်းများ၊ အနုပညာရှင်ဇုန်၊ ကျောင်းဝင်း အလုပ်အကိုင်ရှာဖွေခြင်းနှင့် ဂိမ်းဆိုင်ရာထုတ်ကုန်များရောင်းချခြင်း စသည်တို့ကို ကိုလုန်းပြပွဲစင်တာတွင် စုစုပေါင်းပြခန်းဧရိယာ စတုရန်းမီတာ ၂၃၃,၀၀၀ ပေါ်တွင် ပြုလုပ်ထားခြင်း ဖြစ်သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Aug. 27
IRGC says Hormuz Strait not to be opened if U.S. refuses to accept Iran's conditions
The Islamic Revolution Guard Corps (IRGC) said on Wednesday that the Strait of Hormuz will not be opened if the United States does not accept Iran's conditions, according to the IRGC's official news outlet Sepah News.
IRGC spokesman Hossein Mohebbi told reporters that the strategic waterway remains under Iranian control and no vessel can pass through it without Iran's permission.
"All the enemy warships are at least 400 km away from the Strait of Hormuz, and from the military and territorial perspectives, no vessel is able to pass through this waterway without Iran's permission and management," Mohebbi said, adding that even the route near Oman is fully under Iranian control while underlining that the Strait of Hormuz belongs to Iran and Oman.
U.S. plans phased return of diplomats to Middle East embassies: NYT
The Trump administration plans to return diplomats to embassies in the Middle East that were evacuated before and during the U.S.-Israeli war against Iran, with some personnel potentially returning as early as this week, The New York Times (NYT) has reported.
U.S. embassies in Israel, Lebanon, Saudi Arabia, Qatar, Jordan, Oman, Iraq and Kuwait are among the missions expected to increase staffing, the report said Tuesday, citing an internal U.S. State Department document and three U.S. officials.
According to the document obtained by the NYT, the first diplomats to return will be at the U.S. embassy in Lebanon, though the embassy would not reach full staffing under the plan.
157 killed in floods in northern Nepal: police
The death toll from flash floods in northern Nepal has reached 157, police said Wednesday night. Another 41 people injured in the floods are being treated in hospitals, according to a police statement.
At least 14 infants killed in Islamabad hospital fire
At least 14 infants were killed when a fire broke out in the gynecology ward of the Pakistan Institute of Medical Sciences here on Wednesday, police sources said.
The fire broke out at around 6:40 a.m. local time (0140 GMT) in the gynecology ward area on the third floor of the hospital, where children were present, the sources told Xinhua on condition of anonymity.
The hospital administration launched rescue operations, while fire brigade personnel, ambulances and police rushed to the scene. Several children were reportedly rescued from the ward.
World's largest gaming expo Gamescom 2026 kicks off in Cologne
The world's largest trade fair for computer and video games Gamescom kicked off here on Wednesday.
The trade fair is open to trade visitors and media representatives on Wednesday and the five-day event is attended by more than 1,600 exhibitors from 67 countries and regions, over 70 percent of whom are international companies.
Jointly organized by the Cologne Exhibition Center (Koelnmesse) and the German Games Industry Association, Gamescom 2026 features game tryouts, Cosplay shows, board and car games, artist zone, campus recruitment and sales of game-related products on a total exhibition area of 233,000 square meters at the Cologne Exhibition Center.








