
ဦလန်ဘာတာ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
“ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCCD)” အတွင်းရေးမှူးရုံး ဒုတိယအမှုဆောင် အတွင်းရေးမှူး Andrea Meza Murillo က ဩဂုတ် ၂၄ ရက် ညပိုင်းတွင် မွန်ဂိုလီးယားနိုင်ငံ ဦလန်ဘာတာမြို့၌ ယဉ်းယွိကျန်းနှင့် “ဆာကိုစကီ” (မူရင်းအမည် ရော်နယ် ဆာကိုစကီ) တို့၏ နိုင်ငံဖြတ်ကျော် သဲကန္တာရ ကုစားမှု အကြောင်းအရာကို ချီးမွမ်းခဲ့သည်။ တရုတ်နိုင်ငံ၏ သဲကန္တာရကုစားမှု လက်တွေ့ဖော်ဆောင်ခြင်း အောင်မြင်မှုကိုလည်း ၎င်းက ချီးကျူးပြောကြားခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန် ကျောင်းဆရာ “ဆာကိုစကီ” သည် ယဉ်းယွိကျန်း၏ သဲကန္တရဖြစ်ထွန်းမှုကုစားနေသည့် အကြောင်းအရာကို တီဗီမှ တွေ့မြင်ရပြီးနောက် များစွာလှိုက်လှိုက်လှဲလှဲဖြစ်ကာ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅,၀၀၀ စုစည်းပေးခဲ့သည်။ အဆိုပါအလှူငွေဖြင့် ယဉ်းယွိကျန်းက အပင်ပျိုးပင် ၅၀,၀၀၀ ဝယ်ယူကာ စိုက်ပျိုးခဲ့ပြီး သဲကန္တာရကို စိမ်းလန်းစိုပြည်သော အိုအေစစ်အဖြစ် ပြောင်းလဲခဲ့သည်။
ထိုကိစ္စနှင့် စပ်လျဉ်း၍ Andrea Meza Murillo က “ဒါဟာ စိတ်အားတက်ကြွစေတဲ့ အကြောင်းအရာတစ်ခုပါ။ တစ်ဦးတစ်ယောက်ရဲ့ စွဲမြဲစွာလုပ်ဆောင်မှု၊ နိုင်ငံဖြတ်ကျော်တဲ့ စေတနာဟာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာစေနိုင်ပါတယ်” ဟု ဦလန်ဘာတာမြို့၌ကျင်းပသည့် “ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCCD)” ၁၇ ကြိမ်မြောက် စာချုပ်အဖွဲ့ဝင်နိုင်ငံများ ညီလာခံ “တရုတ်နေရာ” အကြောင်းအရာ အစည်းအဝေးခွဲ၌ သုံးသပ်ပြောကြားခဲ့သည်။
သာမန်အမျိုးသမီးတစ်ဦးက သဲများနှင့် အားပြိုင်၍ မိသားစုဥယျာဉ်အား စောင့်ရှောက်ကာ နေ့စဉ်ရက်ဆက် စိုက်ပျိုးမှုဖြင့် အကြီးအကျယ်ပြောင်းလဲသော ဂေဟစနစ် ပြောင်းလဲမှုကို ဖော်ဆောင်ခဲ့ကြောင်း၊ ပို၍ရှားပါးသည်မှာ အဆိုပါခိုင်မြဲသော စိမ်းလန်းစိုပြည်မှု မူရင်းစိတ်သည် တောတောင်ရေမြေများကို ကျော်ဖြတ်၍ နိုင်ငံတကာစေတနာနှင့် ပင်လယ်ရပ်ခြားမှ ထောက်ခံအားပေးမှုကို ရရှိခဲ့ရာ နိုင်ငံနယ်နိမိတ်များ ဖြတ်ကျော်သည့် သဲကန္တာရဖြစ်ထွန်းမှုကုစားရေးအကြောင်းအရာတစ်ခု ဖြစ်လာခဲ့မှုပင် ဖြစ်ကြောင်း Andrea Meza Murillo က ပြောကြားခဲ့သည်။
ယဉ်းယွိကျန်း၏ အတွေ့အကြုံသည် တစ်ခုတည်းသာ မဟုတ်ဘဲ တရုတ်ပြည်သူ ထောင်သောင်းချီက သဲကန္တရဖြစ်ထွန်းမှုအား ကုစား၍ စိမ်းလန်းမှုကို ထိန်းသိမ်းခြင်း၌ ကိုယ်တိုင်ပါဝင်ခြင်း၊ သာယာလှပသော မိသားစုဥယျာဉ် အတူတည်ဆောက်ခြင်း၏ စစ်မှန်သော ပုံရိပ်ငယ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဂေဟစနစ် စီမံခန့်ခွဲမှုတွင် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ပြည်သူတိုင်း တာဝန်ကျေပွန်ခြင်း၏ ကြီးမားသော အင်အားကို အပြည့်အဝ ထင်ဟပ်နေကြောင်း Andrea Meza Murillo က ထောက်ပြခဲ့သည်။
Andrea Meza Murillo ၏ အမြင်တွင် တရုတ်နိုင်ငံ ဂေဟစနစ် ပြန်လည်ကုစားခြင်း၏ ထူးခြားမှုအရှိဆုံး ထိုးဖောက်မှုမှာ ယခင်က “ပြန်လည် မကုစားနိုင်သော၊ ပြန်လည်ကောင်းမွန်လာရန် ခက်ခဲသည်” ဟု ယူဆခံထားရသော ဆုတ်ယုတ်သွားသည့် မြေယာအများအပြားကို ရှင်သန်စွမ်းအားများ ရရှိလာစေခြင်းပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မျိုးဆက်အလိုက် စုစည်းထားသော အစဉ်အလာ ဂေဟစနစ် ဉာဏ်ပညာနှင့် ယနေ့ခေတ် ခေတ်မီသော သဲကန္တာရဖြစ်ထွန်းမှုကုစားရေးနည်းပညာကို ပေါင်းစည်း၍ ဒေသနှင့်ကိုက်ညီသော၊ အရင်းအနှီးအား ထိန်းချုပ်နိုင်သော၊ ထိရောက်တည်ငြိမ်သော၊ ပြန်လည်ပုံတူကူး၍ ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်ဆောင်ရွက်နိုင်သော စီမံခန့်ခွဲမှုလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း ယူဆထားသည်။
နိုင်ငံအသီးသီးက စီးပွားရေးစည်ပင်တိုးတက်မှု၊ လုပ်ငန်းခွင်ဝင်မှု တိုးမြှင့်ခြင်းနှင့် ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်စေခြင်း တို့ကို ဖော်ဆောင်နေကြောင်း၊ သို့သော် ဖွံ့ဖြိုးတိုးတက်မှု အားလုံးသည် ကမ္ဘာမြေကြီး၏ ဂေဟစနစ် စည်းမျဉ်းကို လိုက်နာ၍ ကောင်းမွန်သောမြေယာ၊ မြေဆီလွှာနှင့် ရေအရင်းအမြစ်ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ဂေဟစနစ် ပြန်လည်ကုစားခြင်း၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းခြင်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကို အပြည့်အဝ ဟန်ချက်ညီညီ တွန်းအားပေး ဖော်ဆောင်နိုင်သည်ကို တရုတ်နိုင်ငံ၏ လက်တွေ့ဖော်ဆောင်မှုက အပြည့်အဝ သက်သေထူနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------------------------------------------------
(Chinese Version)
联合国官员点赞殷玉珍与“赛考斯”跨国治沙故事
新华社乌兰巴托8月25日电(记者哈丽娜)《联合国防治荒漠化公约》秘书处副执行秘书安德丽娅·梅萨·穆里罗24日晚在蒙古国乌兰巴托点赞殷玉珍和“赛考斯”(本名罗纳德·萨科尔斯基)跨越国界的治沙故事,她还盛赞中国治沙实践成就。
1999年,美国教师“赛考斯”在电视上看到殷玉珍治沙的故事,深受触动,筹集了5000美元捐款。殷玉珍用这笔善款购买了5万棵树苗并栽种下来,将沙漠变成生机盎然的绿洲。
梅萨在乌兰巴托举办的《联合国防治荒漠化公约》第十七次缔约方大会“中国角”主题边会上对此评论说:“这是一个鼓舞人心的故事,个体的坚守,跨国的善意,能够撬动巨大的改变。”
梅萨表示,一名普通女性对抗黄沙、守护家园,用日复一日的耕耘实现翻天覆地的生态蜕变。更难得的是,这份执着的绿色初心跨越山海,收获国际善意与海外支持,成就了一段跨越国界的治沙佳话。
梅萨指出,殷玉珍的故事不是个例,而是千千万万中国民众自发参与治沙护绿、共建美丽家园的真实缩影,充分印证了全民参与、人人尽责在中国生态治理中的磅礴力量。
在梅萨看来,中国生态修复最亮眼的突破,是让大量曾经被认为“无法逆转、难以复苏”的退化土地重获生机。中国巧妙融合世代积淀的传统生态智慧与现代先进治沙技术,走出了一条因地制宜、成本可控、成效稳定、可复制推广的治理路径。
她表示,各国都在追求经济繁荣、就业提升与民生改善,但所有发展必须恪守地球生态边界,依托健康的土地、土壤与水资源实现永续发展。中国实践充分证明,生态修复、自然保育与经济社会发展完全可以协同推进。(完)
图说1:8月24日,同殷玉珍(左)植树后,“赛考斯”嗅闻树苗。新华社记者 连振 摄
图说2:8月24日,“赛考斯”(右一)、殷玉珍(左一)和白万祥植树。新华社记者 连振 摄








