
နယူးယောက်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်၏ ဩဂုတ်လ စားသုံးသူယုံကြည်မှုညွှန်းကိန်းသည် ၈၉.၄ မှတ် ဖြစ်ပြီး ဇူလိုင်လ၏ ပြန်လည်ပြင်ဆင်ထားသော ၉၀.၂ မှတ် ထက် နိမ့်ကျသွားကာ ဒုတိယလဆက်တိုက် ကျဆင်းမှုဖြစ်ပြီး ယင်းသည် အမေရိကန်စားသုံးသူများ၏ အနာဂတ်အပေါ် မျှော်မှန်းချက်များ ပိုမိုအပျက်သဘောဆောင်လာသောအမြင်ကို ထင်ဟပ်စေကြောင်း အမေရိကန် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် The Conference Board ၏ ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်သော ကနဦးစစ်တမ်းရလဒ်များအရ ဖော်ပြသည်။
စစ်တမ်းအရ ဩဂုတ်တွင် ရေတိုဝင်ငွေအလားအလာ၊ စီးပွားရေးနှင့် အလုပ်အကိုင်ဈေးကွက်အခြေအနေတို့ကို ထင်ဟပ်သည့် စားသုံးသူမျှော်မှန်းချက်ညွှန်းကိန်းသည် ၅.၈ ကျဆင်းသွားကာ ၆၈.၂ မှတ်သို့ ရောက်ရှိခဲ့သည်။
The Conference Board ၏ စီးပွားရေးပညာရှင် အကြီးအကဲ Dana Peterson က စားသုံးသူယုံကြည်မှုမှာ ဒုတိယလဆက်တိုက် ပြန်လည်ကျဆင်းခဲ့ပြီး စားသုံးသူများ၏ လာမည့် ၆ လအတွင်း စီးပွားရေးနှင့် အလုပ်အကိုင်ဈေးကွက်အခြေအနေများအပေါ် မျှော်မှန်းချက်များ ပိုမိုအပျက်သဘောဆောင်လာကြောင်း ပြောကြားခဲ့သည်။
စစ်တမ်းတွင် စားသုံးသူများ တင်ပြသော မှတ်ချက်အချက်အလက်များအရ လက်ရှိတွင် အမေရိကန်စီးပွားရေးကို သက်ရောက်မှုရှိသော အကြောင်းရင်းများက စားသုံးသူများကို ပိုမိုအပျက်သဘောဆောင်အမြင်ဘက်သို့ ဦးတည်စေကြောင်း၊ ဖြေဆိုသူများက ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများအကြောင်း မကြာခဏ ဖော်ပြနေဆဲဖြစ်ပြီး ပဋိပက္ခများ၊ စားသောက်ကုန်၊ ကုန်သွယ်ရေးနှင့် အလုပ်အကိုင်ဆိုင်ရာ မှတ်ချက်များမှာလည်း တိုးပွားလာခဲ့ကြောင်း သိရသည်။
စစ်တမ်းတွင် စားသုံးသူများ၏ လာမည့် ၁၂ လအတွက် ငွေကြေးဖောင်းပွမှုမျှော်မှန်းချက်မှာ အနည်းငယ် မြင့်တက်လာပြီး လာမည့် ၁ နှစ်အတွင်း အတိုးနှုန်းမြင့်တက်လာမည်ဟု မျှော်မှန်းသော စားသုံးသူအချိုးအစားမှာ ၆၁.၃ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း ပြသခဲ့သည်။ (Xinhua)
....................................
(Chinese Version)
美国8月消费者信心指数继续下滑
新华社纽约8月25日电(记者刘亚南)美国研究机构世界大型企业联合会25日发布的初步调查结果显示,美国8月消费者信心指数为89.4,低于7月修订后的90.2,为连续第二个月走低,反映美国消费者对未来预期变得更为悲观。
调查显示,8月反映短期收入前景、商业和就业市场环境的消费者预期指数下降5.8,至68.2。
世界大型企业联合会首席经济学家达纳·彼得森表示,消费者信心连续第二个月回落,消费者对未来6个月商业和就业市场状况的预期变得更为悲观。
消费者在调查中提交的评论信息显示,当前影响美国经济的因素令消费者更加偏向悲观。受访者提及油气价格的频率仍很高,关于冲突、食品、贸易和就业的评论有所增加。
调查还显示,消费者对未来12个月的通胀预期小幅升高,预期未来1年利率走高的消费者比例则维持在61.3%不变。(完)
图说1:8月14日,顾客在美国纽约一家商场的打折销售区挑选商品。新华社记者 张凤国 摄
图说2:这是8月12日在美国纽约拍摄的加油站价牌。新华社记者 张凤国 摄








