အရှေ့ဂျေရုဆလမ်မြို့ Kafr Aqab ကျေးရွာ၌ ဖြိုချရန် အမိန့်ပေးခံထားရသည့် UNRWA ၏ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အရှေ့ဂျေရုဆလမ်မြို့ Kafr Aqab ကျေးရွာ၌ ဖြိုချရန် အမိန့်ပေးခံထားရသည့် UNRWA ၏ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ၏ လက်အောက်အဖွဲ့အစည်းတစ်ခုအတွက် “ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်း” ကို ဩဂုတ် ၂၅ ရက်တွင် စတင်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

The Times of Israel သတင်းဌာန၏ ဖော်ပြချက်အရ ဖြိုချရန် အမိန့်ပေးခံရသည့် အဖွဲ့အစည်းမှာ UNRWA က လည်ပတ်ဆောင်ရွက်နေသော အရှေ့ဂျေရုဆလမ် Kafr Aqab ကျေးရွာရှိ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာတစ်ခုဖြစ်သည်။ ယခုနှစ်အစောပိုင်းက အစ္စရေးသည် အရှေ့ဂျေရုဆလမ်ရှိ UNRWA ၏ ရုံးခန်းကို ဖြိုချခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

......................

(Chinese Version)

以色列开始拆除联合国近东救济工程处一下属机构

新华社照片,耶路撒冷,2026年8月25日

以色列总理内塔尼亚胡25日发表声明称,当天启动了针对联合国近东巴勒斯坦难民救济和工程处(近东救济工程处)一个下属机构的“撤离工作”。

据《以色列时报》报道,下令拆除的机构是近东救济工程处运营的一所职业培训中心,位于东耶路撒冷阿盖卜村。今年初,以色列拆除联合国近东救济工程处位于东耶路撒冷的办公地,遭国际社会强烈谴责。

1. 这是8月25日在东耶路撒冷阿盖卜村拍摄的遭下令拆除的近东救济工程处一所职业培训中心。 新华社发(贾马尔·阿瓦德摄)