
ဂျေရုဆလမ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ လက်နက်ဂိုဒေါင် ၂ ခုအား ဩဂုတ် ၂၄ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) နှင့် အစ္စရေး အမျိုးသားလုံခြုံရေးအေဂျင်စီ (Shin Bet) က ယင်းနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လက်နက်ဂိုဒေါင်များသည် Shati နှင့် Deir al-Balah ဒေသရှိ ဗလီကျောင်းများအတွင်း တည်ရှိပြီး ယင်းတို့အတွင်း ရိုင်ဖယ်၊ ကျည်အိမ်များနှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ဒါဇင်နှင့်ချီ သိုဝှက်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဩဂုတ် ၂၄ ရက် အစောပိုင်းကလည်း Deir al-Balah ဒေသ၌ ယင်းနေ့နံနက်အစောပိုင်းတွင် ဟားမက်စ် လက်နက်ကိုင် ၂ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး "လက်ငင်း မလွှဲမရှောင်သာ ကျရောက်တော့မည့် ခြိမ်းခြောက်မှုမှန်သမျှ" ကို ဖယ်ရှားရှင်းလင်းရန် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်၏ သားမက် ဖြစ်သူ Kushner နှင့် ဂါဇာကမ်းမြောင်ဒေသ "ငြိမ်းချမ်းရေးကော်မတီ" အဖွဲ့ဝင်များသည် "ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်" ဆိုသည်ကို ပိုမိုတွန်းအားပေးရန်အတွက် ဩဂုတ် ၁၇ ရက်က ဂျေရုဆလမ်မြို့၌ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစ္စရေး-အမေရိကန် နှစ်ဖက်စလုံးသည် ပိုမိုကျယ်ပြန့်သော ဂါဇာပြန်လည်ထူထောင်ရေးနှင့် ဟားမက်စ်အဖွဲ့အား လက်နက်ဖျက်သိမ်းရေး အစီအစဉ်ကို တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း အမေရိကန်ဘက်က အစ္စရေးအား ဂါဇာကမ်းမြောင်ဒေသအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ "ယာယီ" ဆက်လက်ပြုလုပ်ရန် ခွင့်ပြုထားဆဲဖြစ်ကြောင်း အစ္စရေး မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
------------------------------------------
(Chinese Version)
以军称摧毁两处哈马斯武器库
新华社耶路撒冷8月24日电(记者陈君清 冯国芮)以色列国防军和以国家安全总局(辛贝特)24日发表联合声明称,以军当日打击加沙地带两处巴勒斯坦伊斯兰抵抗运动(哈马斯)的武器库。
声明称,上述武器库位于沙提和代尔巴拉赫地区,均设在清真寺内,里面藏有数十支步枪、弹匣和其他军事装备。
24日早些时候,以军称当日凌晨在代尔巴拉赫地区打死两名哈马斯武装人员,并称将继续开展行动,消除“任何迫在眉睫的威胁”。
美国总统特朗普的女婿库什纳以及加沙地带“和平委员会”成员本月17日在耶路撒冷与以总理内塔尼亚胡举行会晤,以期进一步推进所谓“加沙和平计划”。据以媒报道,尽管以美寻求推进一项更广泛的加沙重建和解除哈马斯武装的计划,但美方仍允许以方“暂时”继续对加沙地带实施定点打击。
1. 8月31日,在加沙地带中部地区,从加沙地带北部地区撤离的巴勒斯坦人向南部迁移。新华社发(里泽克·阿卜杜勒贾瓦德摄)








