
တီဟီရန်/ဘေရွတ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံအနေဖြင့် “မက္ကာ ဘုံကာကွယ်ရေးသဘောတူညီချက်” ၌ ပါဝင်ရန် ဖိတ်ခေါ်မှုကို လက်ခံရရှိခြင်း မရှိသေးကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဂါအီက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အနေဖြင့် “မက္ကာ ဘုံကာကွယ်ရေးသဘောတူညီချက်” ၌ ပါဝင်ရန် တရားဝင် ဖိတ်ခေါ်ခြင်း ခံခဲ့ရပြီး သက်ဆိုင်ရာ ကိစ္စရပ်များကို စိစစ်သုံးသပ်လျက်ရှိကြောင်း အီရန် Islamic Consultative Assembly News Agency ဥက္ကဋ္ဌ Mahdi Rahimi က ထုတ်ဖော်ပြောကြားခဲ့သည်ဟု လက်ဘနွန်နိုင်ငံ Al Mayadeen ရုပ်သံလိုင်းက ဩဂုတ် ၂၃ ရက်တွင် လူမှုကွန်ရက်၌ ပို့စ်တင်ဖော်ပြခဲ့သည်။
ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် ပါကစ္စတန်တို့သည် ဩဂုတ် ၇ ရက်တွင် “မက္ကာ ဘုံကာကွယ်ရေးသဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သုံးပွင့်ဆိုင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်အရ အဆိုပါ သဘောတူညီချက်သည် မည်သည့် ကျူးကျော်မှုမျိုးကိုမဆို ပူးတွဲဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သဘောတူညီချက်၌ သုံးနိုင်ငံအနက် မည်သည့်နိုင်ငံကိုမဆို လက်နက်ကိုင် တိုက်ခိုက်ခြင်းမှာ သုံးနိုင်ငံလုံးအပေါ် တိုက်ခိုက်ခြင်းအဖြစ် မှတ်ယူမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ (Xinhua)
------------------------------------------
(Chinese Version)
伊朗外交部:尚未收到加入《麦加共同防务协议》邀请
新华社德黑兰/贝鲁特8月24日电 伊朗外交部发言人巴加埃24日说,伊朗尚未收到加入《麦加共同防务协议》的邀请。
黎巴嫩“广场”电视台23日在社交媒体上发文称,伊朗伊斯兰议会通讯社社长迈赫迪·拉希米透露,“伊朗正式受邀加入《麦加共同防务协议》,相关事宜正在审议”。
沙特阿拉伯、土耳其和巴基斯坦7日签署《麦加共同防务协议》。根据三方当天发表的联合声明,该协议旨在加强对任何侵略行为的共同威慑。协议规定,对三国中任何一国的武装攻击将被视为对三国全体的攻击。
1. 1月26日,伊朗外交部发言人巴加埃在伊朗首都德黑兰举行例行记者会。新华社记者 沙达提 摄








