
ပြုံယမ်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
စစ်ရှုံး၍ လက်နက်ချအညံ့ခံသည့်နေ့တွင် ဂျပန်နိုင်ငံ၌ ယာဆူကူနီဂူဗိမာန်သို့ စုပေါင်းသွားရောက်ဂုဏ်ပြုသည့် အဖြစ်အပျက် ထပ်မံဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည်လည်း ဂူဗိမာန်ကို အဝေးမှ ဂါရဝပြုခဲ့ရာ ဤဆိုးရွားသော ဦးတည်ချက်သည် လူသားအားလုံး မျှော်မှန်းသော ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့သော မှတ်ချက်ဆောင်းပါးတစ်ပုဒ်၌ ဖော်ပြထားသည်။
ဆောင်းပါးတွင် တာကာအိချိ အာဏာရလာပြီးနောက် ဂျပန်အစိုးရသည် မကြာခဏဆိုသလို အလွန်အန္တရာယ်များသော စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ယခုအကြိမ် “အဝေးမှ ဂါရဝပြုခြင်း” သည် တာကာအိချိ၏ စစ်ဝါဒီ ရည်မှန်းချက်ကို ပေါ်လွင်စေသည်ဟု ဆိုသည်။ အဝေးမှ ဂါရဝပြုပြီးနောက် ကျင်းပသည့် “နိုင်ငံတစ်ဝန်း စစ်ပွဲ၌ကျဆုံးသူများ အောက်မေ့ဖွယ် အခမ်းအနား” တွင် တာကာအိချိသည် “ပြန်လည်သုံးသပ်ခြင်း” ကို လုံးဝဖော်ပြခြင်းမရှိဘဲ ၂၀ ရာစုတွင် ဂျပန်နိုင်ငံက အာရှနိုင်ငံများမှ ပြည်သူများအပေါ် မရေတွက်နိုင်သော ဆင်းရဲဒုက္ခများနှင့် နာကျင်မှုများ သယ်ဆောင်ပေးခဲ့သည့် ကျူးကျော်စစ်ပွဲများအတွက် တာဝန်မှ ကိုယ်လွတ်ရုန်းစကားလုံးအသုံးအနှုန်းများကို လိမ္မာပါးနပ်စွာ လှည့်ဖြားအသုံးပြုခဲ့သည်ဟု ဆောင်းပါးတွင် ဆက်လက်ဖော်ပြထားသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးက ယာဆူကူနီဂူဗိမာန်သို့ ထပ်မံသွားရောက်ဂါရဝခြင်းသည် ယခုအကြိမ် “မကောင်းဆိုးဝါးများအား ဂါရဝပြုခြင်း” ၏ အန္တရာယ်ရှိသော သဘောသဘာဝကို ရှင်းလင်းစွာ ဖော်ပြသည်ဟု ဆောင်းပါးတွင် ဆက်လက်ဖော်ပြထားသည်။
ဆောင်းပါး၏ နောက်ဆုံးတွင် ဂျပန်နိုင်ငံသည် ၎င်း၏ စစ်ရှုံးနိမ့်ခြင်းနိုင်ငံသမိုင်းကြောင်းကို တမင်ရှောင်ရှားကာ သင်ခန်းစာများ မယူပါက ၎င်း၏ သမိုင်းကြောင်းကို တစ်ဖန် မလွဲမသွေ ပြန်လည်ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ စစ်ရှုံး၍ လက်နက်ချအညံ့ခံသည့်နေ့ အခါသမယတွင် ဂျပန်နိုင်ငံက စစ်ဝါဒအသစ် လေပြင်းကို လှုံ့ဆော်ခြင်းသည် ၎င်းနိုင်ငံနှင့် ပြည်သူများအား ကပ်ဘေးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ဆောင်းပါးတွင် သတိပေးထားသည်။ (Xinhua)
............................
(Chinese Version)
朝中社:日本军国主义野心严重挑战世界和平与安全
新华社平壤8月24日电(记者王天僚)朝中社24日发表评论文章说,在战败投降日之际,在日本再次上演集体参拜靖国神社的闹剧,首相高市早苗还遥拜了神社,这一严重动向是对人类企盼的世界和平与安全的重大挑战。
文章说,高市上台后,日本政府频繁做出极其危险的军事动向,此次“远距离参拜”凸显了高市的军国主义野心。在遥拜后举行的“全国战殁者追悼仪式”上,高市闭口不提“反省”,为摆脱20世纪日本给亚洲诸国人民造成不可估量的不幸和痛苦的侵略战争责任,狡猾地玩起了语言游戏。
文章还说,日本防卫大臣再次参拜靖国神社,也清楚地表明此次“拜鬼”的危险性质。
文章最后警告说,日本刻意回避战败国家历史,不吸取教训,必将重演其历史。日本在战败投降日之际掀起新军国主义狂风,将给其国家和民众带来灾难。(完)
图为1月26日在日本东京拍摄的日本首相、执政党自民党总裁高市早苗出席党首辩论会的资料照片。新华社发(Pool图片,戴维·马勒伊摄)








