
ကွန်နကရီ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဂီနီနိုင်ငံ မြို့တော်ကွန်နကရီ မြို့စွန်တစ်နေရာရှိ အမှိုက်ပုံတစ်နေရာ၌ ဩဂုတ် ၂၃ ရက်က မတော်တဆ ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ ၃၀ ဦး သေဆုံး၍ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဂီနီနိုင်ငံအစိုးရက ဩဂုတ် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ဩဂုတ် ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ် မဖြစ်ပွားခင် ကွန်နကရီဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ထိုမိုးရွာသွန်းမှုကြောင့် အဆိုပါအမှိုက်ပုံ ပြိုကျမှုဖြစ်ပွားခဲ့ပြီး အနီးတစ်ဝိုက်ဒေသရှိ လူအချို့ကို ပိတ်မိသွားကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ နစ်နာဆုံးရှုံးမှု ဖြစ်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများအား လုပ်ဆောင်နေဆဲဖြစ်သည်။ ဂီနီနိုင်ငံ ဝန်ကြီးချုပ် Amadou Oury Bah က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများအား ညွှန်ကြားဆောင်ရွက်နေကြောင်း သိရသည်။
ဂီနီနိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့် မူလက ဩဂုတ် ၂၃ ရက်တွင် အဆိုပါအမှိုက်ပုံအား ပိတ်သိမ်းရန် စီစဉ်ထားပြီး ပြိုကျမှုဖြစ်စဉ်မှာ ထိုနေ့တွင်ပင် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများ သတင်းအရ သိရသည်။ (Xinhua)
--------------------------------
(Chinese Version)
几内亚首都一垃圾填埋场垮塌造成至少30人死亡
新华社阿比让8月23日电(记者张健)科纳克里消息:几内亚政府23日发布通报说,该国首都科纳克里郊区一处垃圾填埋场当天发生垮塌事故,已造成30人死亡、22人受伤,其中6人重伤。
据悉,事故发生在23日凌晨3时左右。事故发生前,科纳克里地区遭遇强降雨。或受此影响,该垃圾填埋场发生垮塌,掩埋了附近部分区域人员,并造成财产损失。
目前,搜救和清理工作仍在进行。几内亚总理阿马杜·乌里·巴已前往事故现场指导救援工作。
据当地媒体报道,几内亚有关部门原计划于23日关闭该垃圾填埋场,而垮塌事故恰于当天发生。(完)
图说:这是6月6日在几内亚福雷卡里亚省拍摄的马瑞巴亚港附近的小镇(无人机照片)。新华社记者 刘琼 摄








