
ဒမတ်စကက်စ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဆီးရီးယား-အစ္စရေး အခြေအနေတင်းမာမှုကို လျော့ပါးစေရန်၊ ဆီးရီးယားနှင့် ဒေသတွင်းတည်ငြိမ်ရေးကို အထောက်အကူပြုရန် ဆီးရီးယားနှင့် အစ္စရေးနှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များသည် ဩဂုတ် ၂၃ ရက်တွင် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ဂျော်ဒန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ထိုနေ့တွင် သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အဆိုပါ ဆီးရီးယားအသွင်ကူးပြောင်းရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ဆီးရီးယားဘက်က အချုပ်အခြာအာဏာပိုင်ခွင့်များကို ကန့်သတ်နိုင်သည့် မည်သည့်အစီအစဉ် သို့မဟုတ် ယန္တရားကိုမျှ လက်ခံမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဆီးရီးယားဘက်က ဂိုလန်ကုန်းမြင့်ဒေသသည် ဆီးရီးယားနယ်မြေဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သော်လည်း လက်ရှိအဆင့်တွင် ၎င်း၏နောက်ဆုံးအစီအစဉ်ကို ဆွေးနွေးရန် “စောလွန်းနေသေး” ကြောင်း၊ လက်ရှိဦးစားပေးကိစ္စမှာ အစ္စရေးတပ်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မတိုင်မီက ထိန်းချုပ်မျဉ်းသို့ ပြန်လည်ဆုတ်ခွာစေရေးနှင့် ၁၉၇၄ ခုနှစ် “တပ်ဖွဲ့ ခွဲထွက်ရေး ထိတွေ့ဆက်ဆံမှု သဘောတူညီချက်” ကို အပြည့်အဝ ပြန်လည်စတင်အကောင်အထည်ဖော်ရေးတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သတင်းရင်းမြစ်က ယခုအကြိမ်ဆွေးနွေးပွဲတွင် ဆီးရီးယားတည်ငြိမ်ရေးနှင့် ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းခြင်း၏ အရေးပါမှုကို ဖော်ပြခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများသည် ဆီးရီးယားနယ်မြေပေါ်တွင် ထင်ဟပ်မှုမရှိစေရေးကို သေချာစေရန် တူကီယဲနှင့် အစ္စရေးအကြား ရပ်တည်ချက်ကို နီးကပ်စေရန် ကြိုးပမ်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အဆိုပြုခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဆီးရီးယားနိုင်ငံရေး ရုတ်ခြည်းအပြောင်းအလဲဖြစ်ပွားပြီးနောက် အစ္စရေးသည် ဂိုလန်ကုန်းမြင့်ပေါ်ရှိ စစ်ရေးကြားခံဇုန်နှင့် မဟာဗျူဟာမြောက်နေရာဖြစ်သော Hermon တောင်တန်းကို သိမ်းပိုက်ခဲ့ပြီး ဆီးရီးယားတောင်ပိုင်း ပြည်နယ်များစွာကို “အပြည့်အဝ စစ်ရေးကင်းလွတ်ဇုန်” ဖြစ်စေရန် ကြိုးပမ်းလျက်ရှိသည်။ မကြာသေးမီက အစ္စရေးသည် ဆီးရီးယားကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ဗြိတိန်အခြေစိုက် “ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့” ၏ စာရင်းဇယားများအရ ၂၀၂၆ ခုနှစ်အတွင်း အစ္စရေးသည် ဆီးရီးယားနယ်မြေတွင် တိုက်ခိုက်မှုပေါင်း ၅၇ ကြိမ် ပြုလုပ်ခဲ့ပြီး ယင်းတွင် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်နှင့် မြေပြင်တိုက်ခိုက်မှု ၅၁ ကြိမ် ပါဝင်ကြောင်း သိရသည်။ (Xinhua)
..........................
(Chinese Version)
叙利亚媒体:叙以举行会谈推动局势缓和
新华社大马士革8月23日电(记者林建杰)据叙利亚国家通讯社23日援引一名消息人士的话报道,叙利亚与以色列两国代表团当天在美国斡旋下于约旦举行会谈,以推动叙以局势缓和,支持叙利亚及地区稳定。
这名叙过渡政府外交部消息人士透露,叙方强调不会接受任何可能限制主权权利的安排或机制。叙方重申戈兰高地是叙利亚领土,但现阶段讨论其最终安排“为时过早”,当前优先事项是以色列军队撤至2024年12月8日之前的控制线,并全面重启和执行1974年《部队脱离接触协议》。
该消息人士还说,此次讨论提到支持叙利亚稳定和维护地区安全的重要性,提出需努力拉近土耳其与以色列立场,确保两国紧张局势不会反映在叙利亚领土上。
叙利亚政局2024年12月剧变后,以色列占领戈兰高地上的军事缓冲区和战略要地赫尔蒙山,寻求将叙南部多省“全面非军事化”。近来,以色列多次袭击叙利亚。据总部设在英国的“叙利亚人权观察组织”统计,2026年以色列在叙利亚领土已发动57次袭击,包括6次空袭和51次地面袭击。(完)
图说:这是2025年12月7日拍摄的叙利亚首都大马士革街景。新华社发(阿马尔·萨法尔贾拉尼摄)








