
တီဟီရန်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ ထိပ်တန်း အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei က အိမ်နီးချင်းနိုင်ငံများအနေဖြင့် အမေရိကန်က အီရန်အပေါ် ဆင်နွှဲနေသော “စီးပွားရေးစစ်ပွဲ” တွင် ပါဝင်ခြင်း မပြုရန် သတိပေးခဲ့ပြီး သို့မဟုတ်ပါက အီရန်က ၎င်းတို့အား ရန်သူအဖြစ် ရှုမြင်သွားမည်ဟု ပြောကြားကြောင်း အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (IRIB) ၏ ဩဂုတ် ၂၂ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
Rezaei က ယင်းမီဒီယာ၏ အင်တာဗျူးကို ဖြေကြားရာတွင် အီရန်အနေဖြင့် စစ်ပွဲများကို ချဲ့ထွင်ရန် ကြိုးပမ်းခြင်းမရှိကြောင်း၊ သို့သော် အီရန်၏ အိမ်နီးချင်းနိုင်ငံများက အမေရိကန်၏ “စီးပွားရေးစစ်ပွဲ” ကို ပူးပေါင်းဆောင်ရွက်ပေးမည်ဆိုပါက အီရန်ဘက်က“ယင်းနိုင်ငံများ၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း” ဟု ထည့်သွင်းပြောကြားခဲ့သည်။
အီရန်နိုင်ငံအပေါ် အမေရိကန်က ဆင်နွှဲနေသော “စီးပွားရေးစစ်ပွဲ” တွင် အီရန်၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အမေရိကန်ဘက်မှ ရပ်တည်မည်ဆိုပါက “ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားမှ ရေနံတစ်စက်မျှ ထွက်ခွာခွင့်ရမည် မဟုတ်ကြောင်း” Rezaei က ပြောကြားခဲ့သသည်။
“ကျွန်တော်တို့အနေနဲ့ ပါရှန်ပင်လယ်ကွေ့မှတစ်ဆင့် ရေနံတင်ပို့တဲ့ အခြားလမ်းကြောင်းတွေကိုလည်း ပစ်မှတ်ထားသွားမယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် Rezaei က အမေရိကန်အနေဖြင့် အီရန်အပေါ် ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုများသည် “မျှော်လင့်ချက် လုံးဝ ကင်းမဲ့သွားပြီ” ဖြစ်ခြင်းကြောင့် အမေရိကန်ဘက်က စီးပွားရေးအရ ပိတ်ဆို့မှုများမှတစ်ဆင့် ၎င်း၏ စစ်ရေးလှုပ်ရှားမှုများကို အထောက်အကူပေးရန် စိတ်ကူးယဉ်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အီရန်နိုင်ငံနှင့် ပြုလုပ်သော ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ ထရမ့်က သြဂုတ် ၁၉ ရက်တွင် အီရန်နိုင်ငံအပေါ် “ပျက်သုဉ်းစေနိုင်သည့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများ” ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထရမ့်က ၎င်းတို့၏ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လေဆိပ်များ သို့မဟုတ် အစိုးရ အဖွဲ့အစည်းများအနေဖြင့် အီရန်နိုင်ငံအား မည်သည့်ပုံစံမျိုးဖြင့်မဆို ထောက်ပံ့ပံ့ပိုးခွင့်ပြုသည့် မည်သည့်နိုင်ငံကိုမဆို ပြင်းထန်သော စီးပွားရေးနောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
၎င်းက အမေရိကန်၏မဟာမိတ်နိုင်ငံအားလုံးကို အမေရိကန်နှင့်အတူ ပူးပေါင်း၍ အီရန်ကို အထီးကျန်ဖြစ်စေရန်နှင့် “အီရန်၏ ခြိမ်းခြောက်မှု” ကို ထိုးနှက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကလည်း အမေရိကန်အနေဖြင့် အီရန်အပေါ် “ရာဇဝင်တွင် မရှိဖူးသည့် စီးပွားရေးအရ အထီးကျန်စေမည့်” အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ထို့အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အီရန်အနေဖြင့် “ကိရိယာနှင့်စွမ်းရည်မှန်သမျှ” ကို အသုံးချကာ နိုင်ငံ၏အကျိုးစီးပွားနှင့် အီရန်ပြည်သူများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
伊朗称参与美对伊“经济战”的周边国家将被视为敌人
新华社德黑兰8月22日电 据伊朗伊斯兰共和国广播电视台22日夜间报道,伊朗最高国家安全委员会秘书穆赫辛·雷扎伊警告周边国家不要参与美国对伊朗发动的“经济战”,否则将被伊朗视为敌人。
雷扎伊在接受这家媒体采访时说,伊朗不寻求扩大战事,但如果伊朗的周边国家配合美国打“经济战”,伊朗将“让这些国家的利益受损”。
雷扎伊称,如果伊朗的周边国家在美国对伊朗发动的“经济战”中站在美国一边,那么“波斯湾和霍尔木兹海峡将不会有一滴石油流出”。“我们还将瞄准从波斯湾出口石油的其他路线”。
雷扎伊还表示,美国对针对伊朗的军事行动已“彻底绝望”,所以美国方面妄想通过经济封锁来配合其军事行动。
由于与伊朗的谈判停滞,美国总统特朗普19日宣布对伊朗实施“毁灭性经济行动”。特朗普威胁说,任何允许其金融机构、企业、机场或政府实体向伊朗提供任何形式支持的国家,都将面临严重的经济后果。他喊话所有美国盟友与美国一起来孤立伊朗和击败“伊朗的威胁”。美国财政部长贝森特20日警告称,美国将对伊朗实施“史无前例的经济孤立”措施。 伊朗外交部20日对此强烈谴责,称伊朗将利用“一切工具和能力”维护国家利益和伊朗人民的合法权利。(完)
1. 7月29日,在美国新泽西州林登市,一架飞机飞过炼油厂。新华社记者张凤国摄








