ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အအုံဝန်းကျင်တွင် ပြည်သူများက ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ကာ ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် တောင်းဆိုနေကြသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အအုံဝန်းကျင်တွင် ပြည်သူများက ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ကာ ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် တောင်းဆိုနေကြသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ၂၀၂၇ ဘဏ္ဍာနှစ် (၂၀၂၇ ခုနှစ် ဧပြီလမှ ၂၀၂၈ ခုနှစ် မတ်လအထိ) အတွက် ဘတ်ဂျက်တောင်းခံမှု စုစုပေါင်းပမာဏသည် ယန်း ၁၃၀ ထရီလီယံ (၁ ဒေါ်လာလျှင် ယန်း ၁၅၉ ခန့်) ထက် ကျော်လွန်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရပြီး ယခုဘဏ္ဍာနှစ်၏ ယန်း ၁၂၂ ထရီလီယံနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးတက်သွားကြောင်း ဂျပန်နိုင်ငံ Kyodo News ၏ ဩဂုတ် ၂၁ ရက် သတင်းအရ သိရသည်။

ယင်းအနက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ယန်း ၈.၉ ထရီလီယံခန့် တောင်းခံရန် စီစဉ်နေပြီး ကြားဖြတ်တိုက်ခိုက်နိုင်သော မောင်းသူမဲ့လေယာဉ်များ ဖြန့်ကြက်ရာတွင် အသုံးပြုမည်ဖြစ်ကာ တောင်းခံမှုပမာဏသည် စံချိန်တင်မြင့်မားခဲ့သည်။ ပင်စင်လစာများ၊ ဆေးဝါးကုသရေး စသည့် လူမှုဖူလုံရေး အသုံးစရိတ်များမှာ သက်ကြီးရွယ်အို လူဦးရေများပြားလာမှုကြောင့် ယန်း ၃၉၀ ဘီလီယံခန့် တိုးလာမည်ဟု ခန့်မှန်းထားသည်။

ဂျပန်အစိုးရဌာနများနှင့် အဖွဲ့အစည်းများသည် လာမည့်ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တောင်းခံမှုများကို ဩဂုတ်လကုန် မတိုင်မီတွင် တင်သွင်းရမည်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုနှစ်ကုန် မတိုင်မီတွင် ဘတ်ဂျက်ရေးဆွဲနိုင်ရန် ပြင်ဆင်မည်ဖြစ်သည်။ ထိုမတိုင်မီ ဂျပန်အစိုးရသည် ဌာနအသီးသီး၏ သုံးစွဲမှုပမာဏကို ထိန်းချုပ်ရန်အတွက် အမြင့်ဆုံးဘတ်ဂျက် ကန့်သတ်ချက်ကို သတ်မှတ်ပေးခြင်းဖြင့် ဆောင်ရွက်ခဲ့သော်လည်း တာကာအိချိအစိုးရသည် ဘတ်ဂျက်ရေးဆွဲပုံနည်းလမ်းကို ပြင်ဆင်ရန် စီစဉ်နေပြီး ၎င်းတို့တွန်းအားပေးဖော်ဆောင်နေသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအချို့အတွက် တစ်ပြေးညီအမြင့်ဆုံးကန့်သတ်ချက်များ မသတ်မှတ်ရန် လုပ်ဆောင်နေသည်။ ယင်းသည် ဘတ်ဂျက်တောင်းခံမှုပမာဏ ပုံမှန်မဟုတ်ဘဲ တိုးလာရခြင်း၏ အဓိကအကြောင်းရင်းဖြစ်လာခဲ့သည်။

ဂျပန်အစိုးရ၏ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အခွန်ဝင်ငွေကို ယန်း ၈၃ ထရီလီယံခန့်ဟု ခန့်မှန်းထားပြီး ယန်း ၁၃၀ ထရီလီယံကျော်ရှိသော ဘဏ္ဍာနှစ်အသစ်အတွက် ဘတ်ဂျက်တောင်းခံမှုများကြောင့် အစိုးရအနေဖြင့် နိုင်ငံတော်ငွေတိုက်စာချုပ်များ ပိုမိုထုတ်ဝေရန် ဖြစ်လာစေနိုင်ကာ ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းအခြေအနေကို တစ်ဆင့်တိုး ဆိုးရွားသွားစေနိုင်ကြောင်း သတင်းတွင် ထောက်ပြထားသည်။ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာမည်ကို စိုးရိမ်မှုခြင်း စသည့် အကြောင်းအချက်များ သက်ရောက်မှုကြောင့် ဂျပန်နိုင်ငံ နိုင်ငံတော်ငွေတိုက်စာချုပ်များ၏ အမြတ်နှုန်းသည် မကြာသေးမီက ဆက်တိုက်မြင့်တက်လာခဲ့ပြီး ငွေတိုက်စာချုပ် အတိုးပေးချေရမှု ဝန်ထုပ်ဝန်ပိုး ပိုမိုလေးလံလာကာ ဘဏ္ဍာရေးဆိုင်ရာ ဖိအားများ တစ်ဆင့်တိုးကြီးမားလာခဲ့သည်။ (Xinhua)

..................................................................

(Chinese Version)

日媒:日本新财年预算申请额或超130万亿日元

新华社东京8月21日电(记者李诗萌 蓝建中)据日本共同社21日报道,日本政府部门和机构2027财年(2027年4月至2028年3月)预算申请总额预计将超过130万亿日元(1美元约合159日元),相比本财年的122万亿日元显著增加。  

其中,日本防卫省计划申请约8.9万亿日元,用于部署拦截型无人机等,申请规模创历史新高。养老金、医疗等社会保障支出预计因人口老龄化增加约3900亿日元。  

日本政府各部门和机构需在8月底前提交下一财年的预算申请,为财政部年底前编制预算做准备。此前,日本政府通过设置预算上限控制各部门支出规模,但高市政府计划调整预算编制方式,对其推动的部分投资项目不设统一额度上限,这成为预算申请规模异常增加的主要因素。  

报道指出,日本政府预计2026财年税收收入约为83万亿日元,超过130万亿日元的新财年预算请求可能导致政府发行更多国债,进一步加剧日本财政恶化状况。受财政状况恶化担忧等因素影响,日本国债收益率近期持续走高,国债利息负担加重,财政压力进一步加大。(完)

图说:4月19日,人们在位于日本东京的国会议事堂周围参加抗议活动,呼吁守护和平宪法。新华社记者贾浩成摄