
အယ်လ်မာတီ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ဗဟိုအာရှ ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲနှင့် ၂၀၂၆ ခုနှစ် ကျန်းဆူး ပို့ကုန်သွင်းကုန် ထုတ်ကုန်များ ကုန်စည်ပြပွဲကို ဩဂုတ် ၂၀ ရက်တွင် ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့၌ စတင်ဖွင့်လှစ် ကျင်းပခဲ့ပြီး တရုတ်နှင့် ဗဟိုအာရှ စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့မှုနှင့် ဝယ်လိုအား ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ကုန်သွယ်စီးပွားရေး ဖလှယ်မှုများ ဆောင်ရွက်ရန် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခဲ့သည်။
ယခုအကြိမ်ပြပွဲကို ၃ ရက်ကြာကျင်းပမည်ဖြစ်ပြီး ပြပွဲဧရိယာ စတုရန်းမီတာ ၆,၀၀၀ ရှိကာ အထူးပြခန်းဇုန် ၉ ခုနှင့် ပြခန်းနေရာ ၃၀၀ နီးပါး ထားရှိမည်ဖြစ်သည်။ ပြပွဲတွင် ဝင်ရောက်ပြသသည့် တရုတ်ကုမ္ပဏီလုပ်ငန်း ၂၀၀ နီးပါးသည် စွမ်းအင်သစ်၊ ကုန်ကြမ်းပစ္စည်းအသစ်များ၊ အဆင့်မြင့်စက်ပစ္စည်းများ၊ အီလက်ထရောနစ် သတင်းအချက်အလက်နှင့် အထည်အလိပ် အဝတ်အထည်များ စသည့် နယ်ပယ်များမှ ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ပြသခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အယ်လ်မာတီမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ဆူးဖန်းချုံက ယခုအကြိမ်ပြပွဲသည် ဗဟိုအာရှ၏ ကုန်သွယ်စီးပွားရေး ဗဟိုချက်အဖြစ် အယ်လ်မာတီ၏ တည်နေရာအားသာချက်ကို အခြေခံကာ ဗဟိုအာရှဈေးကွက် လိုအပ်ချက်များနှင့် တိကျစွာ ချိတ်ဆက်ပြီး တရုတ်ထုတ်ကုန်များနှင့် ဗဟိုအာရှဈေးကွက်တို့၏ ထဲထဲဝင်ဝင် ပေါင်းစည်းမှုကို ဆက်လက်နက်ရှိုင်းစေကာ နှစ်ဖက်အကျိုးစီးပွားပေါင်းဆုံမှု အချက်များတိုးချဲ့ခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် နေရာသစ်များ ချဲ့ထွင်ခြင်းများအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းက ပိုမိုနီးကပ်သော တရုတ်-ဗဟိုအာရှ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအတွက် တွန်းအားအသစ်များ ထည့်သွင်းပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
အယ်လ်မာတီမြို့ ဒုတိယမြို့တော်ဝန် Olzhas Smagulov က ပြပွဲတွင် ပါဝင်သည့် နယ်ပယ်များသည် အယ်လ်မာတီ စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်တို့နှင့် ကိုက်ညီမှုရှိပြီး နှစ်ဖက်က စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ကုန်သွယ်စီးပွားရေး ဖလှယ်မှုများ တိုးမြှင့်ရန်နှင့် အရည်အသွေးမြင့် အရင်းအမြစ်များအား ချိတ်ဆက်ရန် စမှတ်အသစ်တစ်ခု ဖြစ်လာမည်ဟု ထောက်ပြခဲ့သည်။
ယခုပြပွဲကို တရုတ်-ဗဟိုအာရှ ကုန်သွယ်ရေး ချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း၊ ကာဇက်စတန် ကုန်သွယ်ရေးနှင့် ပေါင်းစည်းရေး ဝန်ကြီးဌာန၊ ဥဇဘက်ကစ္စတန် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ အယ်လ်မာတီ မြို့တော် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းဆူးပြည်နယ် Jiangsu SOHO Holdings Group Co., Ltd. နှင့် SOHO ဗဟိုအာရှ ကျန်းဆူးစင်တာ ကုမ္ပဏီလီမိတက်တို့က ပူးတွဲ၍ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
..................................
(Chinese Version)
中亚进出口博览会聚焦多元化经贸往来
新华社阿拉木图8月21日电(记者郑钰 张家溪)中亚进出口博览会暨2026江苏进出口商品展览会20日在哈萨克斯坦阿拉木图拉开帷幕,为中国和中亚企业开展供需对接和经贸交流搭建平台。
此次展会为期3天,展览面积6000平方米,设置9个专业展区、近300个展位,近200家中国参展企业集中展示了新能源、新材料、高端装备、电子信息和纺织服装等领域展品。
中国驻阿拉木图总领事苏方遒在开幕式上表示,本次展会立足阿拉木图作为中亚经贸枢纽的区位优势,精准对接中亚市场需求,持续深化中国产品与中亚市场深度融合,不断拓宽双边利益交汇点、拓展务实合作新空间,为构建更加紧密的中国-中亚命运共同体注入新动能。
阿拉木图市副市长奥尔扎斯·斯马古洛夫指出,展会涉及领域契合阿拉木图产业升级与城市发展方向,将成为双方深化产业合作、增进经贸往来、链接优质资源的全新起点。
此次展会由中国-中亚贸易畅通合作平台、哈萨克斯坦贸易和一体化部,乌兹别克斯坦投资、工业和贸易部,阿拉木图市政府、江苏省苏豪控股集团有限公司和苏豪中亚江苏中心有限公司共同主办。(完)
图说1:8月20日,在哈萨克斯坦阿拉木图,工作人员在服务台接待。新华社记者 李任滋 摄
图说2:8月20日,在哈萨克斯坦阿拉木图,模特在中亚进出口博览会暨2026江苏进出口商品展览会开幕式上展示时装。新华社记者 李任滋 摄








