
နယူးယောက်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
ပြည်တွင်း စားသုံးသူကုန်ဈေးနှုန်းများကို လျှော့ချနိုင်ရေးအတွက် အမေရိကန်နိုင်ငံအနေဖြင့် ရှေ့လာမည့် ရက်ပေါင်း ၉၀ အတွင်း အမဲကြိတ်သား တန်ချိန် ပမာဏ အများဆုံး ၃ သိန်းအထိကို စည်းကြပ်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ရှေ့လာမည့် ရက်ပေါင်း ၉၀ အတွင်း အမေရိကန်နိုင်ငံသည် အမဲသားကြိတ်သား တန်ချိန် အများဆုံး ၃ သိန်းအထိ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ပမာဏထက် ပိုမိုတင်သွင်းမှုအပေါ် ကောက်ခံသည့်စည်းကြပ်ခွန်များကိုလည်း ကင်းလွတ်ခွင့်ပေးမည်ဟု ထရမ့်က ယင်းနေ့တွင် လူမှုမီဒီယာ "Truth Social" ၌ ရေးသားဖော်ပြခဲ့သည်။
"ဒီအမဲသားတွေရဲ့ ရောင်းဈေးက လက်ရှိ ဈေးကွက်ပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်း လျော့နည်းလာလိမ့်မယ်" ဟုလည်း ၎င်းက ဆိုသည်။
ယင်းလုပ်ဆောင်ချက်သည် "အမေရိကန်ပြည်သူများ၏ စားသုံးမှုစရိတ်ကို လျှော့ချပေးရန် ရည်ရွယ်ခြင်းဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင် အမေရိကန် မွေးမြူရေးလုပ်ငန်း ပြန်လည်ဦးမော့လာစေရန်အတွက်လည်း အခွင့်အရေး ရရှိစေမည်ဖြစ်သည်" ဟု ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန် စားသုံးသူများသည် ကုန်ဈေးနှုန်း ကြီးမြင့်သည့် ဖိအားကို ကာလရှည်ကြာစွာ ရင်ဆိုင်နေရသည်။ ထို့ပြင် အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အကျပ်အတည်း၏ ရိုက်ခတ်မှုကြောင့် အမေရိကန်၏ လောင်စာစရိတ်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ဆက်တိုက် မြင့်တက်လျက်ရှိသည်။ ကုန်ဈေးနှုန်း မြင့်တက်မှုသည် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ထရမ့်အစိုးရအနေဖြင့် ဖြေရှင်းရမည့် အဓိက သော့ချက်ပြဿနာတစ်ရပ် ဖြစ်ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
-------------------
(Chinese Version)
特朗普宣布暂时豁免碎牛肉进口关税
新华社纽约8月21日电(记者徐静)美国总统特朗普21日表示,美国将在未来90天内允许免关税进口最多30万吨碎牛肉,以降低国内消费价格。
特朗普当日在社交媒体“真实社交”发文说,未来90天内,美国将允许进口最多30万吨的碎牛肉,且不征收配额外关税,“这些牛肉的售价将比当前市场价格低25%”。
特朗普称,这一举措“旨在降低美国民众的消费价格,同时也为美国畜牧养殖业恢复增长提供空间”。
美国消费者长期面临食品价格高企的压力。此外,受伊朗战事引发的能源危机影响,美国的燃料和运输成本持续攀升。据美国媒体报道,物价上涨是特朗普政府在中期选举前应对的一个关键问题。
1. 1月20日,在美国首都华盛顿白宫,美国总统特朗普出席记者会。 新华社发(李源清摄)








