ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၌ သမ္မတရွေးကောက်ပွဲပြီးဆုံးပြီးနောက် Mirza Fakhrul Islam Alamgir (ဝဲ) အား ဂုဏ်ပြုနှုတ်ဆက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၌ သမ္မတရွေးကောက်ပွဲပြီးဆုံးပြီးနောက် Mirza Fakhrul Islam Alamgir (ဝဲ) အား ဂုဏ်ပြုနှုတ်ဆက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၃ ဦးမြောက် သမ္မတအဖြစ် Mirza Fakhrul Islam Alamgir သည် ဩဂုတ် ၂၁ ရက် ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတအိမ်တော်၌ ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

စတင်တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ Barrister Kayser Kamal က ကြီးမှူးကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ ယာယီသမ္မတ Hafiz Uddin Ahmad ၊ ဝန်ကြီးချုပ် Tarique Rahman စသည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဩဂုတ် ၂၀ ရက်၌ သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ရလဒ်အရ အာဏာရပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) မှ အမည်စာရင်းတင်သွင်းသည့် Alamgir က မဲအရေအတွက် ၂၅၅ မဲ ရရှိခဲ့ပြီး သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

Alamgir သည် ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝါရင့်နိုင်ငံရေးသမားဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားရေးဝါဒီပါတီ (BNP) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော လွှတ်တော်ရွေးကောက်ပွဲပြီးနောက် ၎င်းသည် ဒေသန္တရအစိုးရ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့် သမဝါယမဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဩဂုတ်လတွင် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရပြီးနောက် ၎င်းသည် ပါတီတာဝန်များမှ နုတ်ထွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတဟောင်း Mohammed Shahabuddin Chuppu သည် ဇူလိုင် ၂၄ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ပြီး ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Hafiz Uddin Ahmad က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးနေရာ လစ်လပ်သွားပါက ရက်ပေါင်း ၉၀ အတွင်း သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လွှတ်တော်စနစ်ကို ကျင့်သုံးပြီး သမ္မတသည် အမည်ခံ နိုင်ငံတော်အကြီးအကဲဖြစ်ကာ တာဝန်သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ (Xinhua)

--------------------------------------

(Chinese Version)

孟加拉国新总统阿拉姆吉尔宣誓就职

新华社达卡8月21日电 米尔扎·法赫尔·伊斯兰·阿拉姆吉尔21日晚在孟加拉国总统府宣誓就任该国第23任总统。  

孟加拉国国民议会代议长凯塞尔·卡迈勒主持就职仪式。代总统哈菲兹·乌丁·艾哈迈德、总理塔里克·拉赫曼等出席仪式。  

孟加拉国20日举行总统选举。根据孟选举委员会公布的结果,执政党孟加拉国民族主义党提名的阿拉姆吉尔获得255票,赢得总统选举。  

据孟加拉国媒体报道,阿拉姆吉尔生于1948年,是该国资深政治人物,曾长期担任孟加拉国民族主义党总书记。今年2月议会选举后,他出任地方政府、农村发展和合作社部长。8月获得总统候选人提名后,他辞去党内职务。  

孟加拉国前总统穆罕默德·谢哈布丁·楚普7月24日辞职,此后由国民议会议长哈菲兹·乌丁·艾哈迈德担任代理总统。根据孟加拉国宪法,总统职位空缺后,应在90天内选出新总统。  

孟加拉国实行议会制,总统为名义上的国家元首,任期5年。(完)

图说:8月20日,在孟加拉国首都达卡的国民议会大厦,米尔扎·法赫尔·伊斯兰·阿拉姆吉尔(左)在总统选举结束后接受祝贺。新华社发