
ဘာလင်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ဂျပန်လက်ရွေးစင် နောက်ခံလူ Ko Itakura ကို အေဂျက်အမ်စတာဒမ်အသင်းထံမှ ပြန်လည်ခေါ်ယူလိုက်ကြောင်း ဘိုရေးရှားမိုချန်ဂလပ်ဘတ်အသင်းက ဩဂုတ် ၂၀ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ ၎င်းသည် အသင်းမှ ထွက်ခွာပြီး တစ်နှစ်အကြာတွင် ဘွန်ဒက်စ်လီဂါကလပ်အသင်းထံ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် Itakura သည် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၅-၂၀၂၆ ရာသီကို နယ်သာလန်တွင် ကုန်ဆုံးခဲ့ပြီးနောက် ယခုလို ပြန်လည်ရောက်လာခြင်းဖြစ်သည်။ ၁၁ နှစ်ကြာ လက်တွဲခဲ့သည့် ဂလပ်ဘတ်အသင်းကို စွန့်ခွာကာ လိဒ်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားသည့် Nico Elvedi ၏ ခံစစ်ဟာကွက်ကို Itakura က ဝင်ရောက်ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ဆောင်းရာသီ ကစားသမားအပြောင်းအရွှေ့ကာလကတည်းက Itakura ကို ပြန်ခေါ်ယူရန် စဉ်းစားခဲ့ကြောင်းနှင့် ယခုကဲ့သို့ အောင်မြင်စွာအပြောင်းအရွှေ့ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း အားကစားဒါရိုက်တာ Rouven Schroder က ပြောကြားခဲ့သည်။
"Nico Elvedi ထွက်သွားအပြီး ကျွန်တော်တို့လိုအပ်နေတဲ့ အရည်အသွေးနဲ့ အတွေ့အကြုံအပြည့်အဝရှိတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်" ဟု Schroder က ဆိုသည်။
Itakura သည် အသင်းနှင့် ရင်းနှီးပြီးသားဖြစ်၍ အလျင်အမြန်အသားကျနိုင်မည်ဖြစ်ကြောင်းနှင့် ကစားသမား ကိုယ်တိုင်ကလည်း ပြန်လာချင်စိတ် ပြင်းပြနေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
"ဘိုရေးရှား ကို ပြန်လာရတဲ့အတွက် သိပ်ကို ဝမ်းသာပါတယ်။ ဒီကလပ်ကို အများကြီး လွမ်းနေခဲ့တာပါ၊ ကမ်းလှမ်းမှု ရလာတဲ့အခါ ပြန်လာဖို့ ချက်ချင်းပဲ ဆုံးဖြတ်ခဲ့ပါတယ်၊ ကျွန်တော့်အတွက်တော့ ကိုယ့်အိမ်ကို ပြန်ရောက်လာသလိုမျိုး ခံစားရပါတယ်" ဟု Itakura က ပြောဆိုခဲ့သည်။
Itakura သည် ၂၀၂၂ ခုနှစ် နွေရာသီတွင် မန်ချက်စတာစီးတီး မှ ဂလပ်ဘတ် သို့ စတင်ရောက်ရှိခဲ့ပြီး အသင်းတွင် ရာသီသုံးခုကြာ ပွဲထွက်ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သည်။
Itakura သည် ၂၀၂၅ ခုနှစ် အေဂျက်အသင်းသို့ မပြောင်းရွှေ့မီ ဂလပ်ဘတ်အသင်းအတွက် ပွဲပေါင်း ၈၀ ပါဝင် ကစားခဲ့ပြီး ခုနစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ အမ်စတာဒမ်တွင် ကုန်ဆုံးခဲ့သည့် တစ်ရာသီအတွင်း၌ ၁၉ ပွဲ ပါဝင် ကစားခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ဂလပ်ဘတ်သို့ ပထမအကြိမ် မပြောင်းရွှေ့မီ Itakura သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ဂျပန်မှ မန်ချက်စတာစီးတီး အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် ဒတ်ချ်ကလပ်အသင်း Groningen တွင် နှစ်နှစ်ခွဲခန့် အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့သည်။ထို့နောက် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွင် Schalke 04 သို့ အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး ဒုတိယတန်းပြိုင်ပွဲများ၌ ၃၁ ပွဲ ပါဝင်ကစားကာ လေးဂိုး သွင်းယူခဲ့သည်။
နိုင်ငံတကာအဆင့်တွင် Itakura သည် ဂျပန်လက်ရွေးစင်အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားပြီး နှစ်ဂိုး သွင်းယူထားကြောင်းသိရသည်။ (Xinhua)
..........................................
(English Version)
Borussia Monchengladbach brings back Japan defender Itakura
BERLIN, Aug. 20 (Xinhua) -- Borussia Monchengladbach has re-signed Japan international Ko Itakura from Ajax Amsterdam, bringing the center-back back to the Bundesliga club just one year after his departure, Gladbach announced on Thursday.
The 29-year-old has signed a contract running until 2030 and returns after spending the 2025-26 campaign in the Netherlands. Itakura is expected to help fill the defensive gap left by Nico Elvedi, who ended an 11-year spell at Gladbach to join Leeds United.
Sporting director Rouven Schroder said the club had already considered bringing Itakura back during the winter and welcomed the opportunity to complete the move.
"We are very happy that we have been able to sign a player whose quality and experience exactly match the profile we were looking for after Nico Elvedi's departure," Schroder said.
He added that Itakura's familiarity with the club should allow him to settle quickly, while stressing that the defender had been eager to return.
"I am very happy to be back at Borussia," Itakura said. "I missed the club a lot and, when the offer came, I immediately decided to return. For me, it feels like home again."
Itakura originally joined Gladbach from Manchester City in the summer of 2022 and established himself as a regular during three seasons with the club.
He made 80 competitive appearances and scored seven goals before leaving for Ajax in 2025. During his season in Amsterdam, the defender made 19 appearances and scored once.
Before his first move to Gladbach, Itakura spent about two and a half years on loan at Dutch side Groningen after joining Manchester City from Japan in January 2019. He later played the 2021-22 season on loan at Schalke 04, scoring four goals in 31 second-tier appearances.
At international level, Itakura has won 42 senior caps for Japan and scored twice.
Photo caption: Players of Borussia Moenchengladbach celebrate scoring during the German first division of Bundesliga football match between Borussia Moenchengladbach and FC St. Pauli in Moenchengladbach, Germany, March 13, 2026. (Photo by Ulrich Hufnagel/Xinhua)








